မြစိန်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:DawMyaSein.gif|thumb|မြန်မာဂုဏ်ဆောင်မြန်မာ့ဂုဏ်ဆောင် ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈)]]
==ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈)==
နှစ်ဆယ်ရာစု အတွင်း မြန်မာ အမျိုးသမီးများ၏ ထူးချွန် ထက်မြမှုကို ကမ္ဘာ့ အလယ်တွင် ပညာရည်ဖြင့် ထင်ရှားစေခဲ့သူ တဦးမှာ သမိုင်းပညာရှင် ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈) ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာ အမျိုးသမီး လောကတွင် ပညာရည်အားဖြင့် လည်းကောင်း၊ မျိုးရိုး ဂုဏ်ရည်အားဖြင့် လည်းကောင်း၊ ပင်ကို ထူးချွန် ထက်မြက်မှု အရည်အသွေးအားဖြင့် လည်းကောင်း ဒေါ်မြစိန် (M.A., B.Litt. Oxford) ကို ယှဉ်နိုင်သူ မရှိဟုပင် ဆိုရပါမည်။
စာကြောင်း ၅ -
 
 
ဒေါ်မြစိန်သည် ဖအေတူ သမီးဟု ဆိုနိုင်ပါသည်။ ဖခင် ဦးမေအောင် (M.A., L.L. M. Cambridge, Barrister at Law) မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေး၊ နိုင်ငံရေး လောကတို့တွင် ဘက်စုံ ထူးချွန် ထက်မြက်ခဲ့သူ တဦး ဖြစ်သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ၊ တရားသူကြီး၊ ဥပဒေ ပါမေက္ခ၊ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ ပညာရှင်၊ မြန်မာနိုင်ငံ သုတေသန အသင်း တည်ထောင်သူ၊ သုတေသန အသင်း ဂျာနယ်အယ်ဒီတာ၊ ဝိုင်အမ်ဘီအေ အသင်း ဥက္ကဋ္ဌ၊ ဒိုင်အာခီခေတ် ပြည်ထဲရေး ဝန်ကြီးချုပ် စသည်ဖြင့် စွယ်စုံ ထင်ရှားသည်။စွယ်စုံထင်ရှားသည်။ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှတို့ကပင် သူ၏ ထူးချွန် ထက်မြက်မှုကိုထူးချွန်ထက်မြက်မှုကို အသိအမှတ်ပြု၍ လေးလေးစားစား ဆက်ဆံခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ ထို့အတူ ဒေါ်မြစိန်သည် ကိုလိုနီခေတ် အတွင်း မြန်မာ အမျိုးသမီးများထဲမှ မဟာဝိဇ္ဇာဘွဲ့နှင့် ဘီလစ်ဘွဲ့ကို ပထမဦးဆုံး ရခဲ့သူ၊ မြန်မာ့ အုပ်ချုပ်ရေး သမိုင်းကိုမြန်မာ့အုပ်ချုပ်ရေးသမိုင်းကို အင်္ဂလိပ်ဘာသာဖြင့် အစောဆုံး ရေးသားခဲ့သူ၊ ၁၉၃၁ ခုနှစ်၊ ဂျီနီဗာတွင် နိုင်ငံပေါင်းချုပ် အသင်းကြီးက ကြီးမှူး ကျင်းပသည့် အမျိုးသမီးများ အခွင့်အရေး စိစစ်မှု ကော်မတီသို့ တက်ရောက်ခဲ့သူ၊ ၁၉၃၁-၃၂ တွင် လန်ဒန်မြို့၌ ကျင်းပသည့် မြန်မာ့ နိုင်ငံရေးနှင့်မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ရသူ စသည်ဖြင့် ထင်ရှားသည်။
 
 
 
ဒေါ်မြစိန်၏ လူသိနည်းသော စွမ်းဆောင်ချက် တရပ်မှာစွမ်းဆောင်ချက်တရပ်မှာ ဒုတိယ ကမႝာစစ်ပြီးချိန်ကမ္ဘာစစ်ပြီးချိန် ဖဆပလ အဖွဲ့ချုပ်သည် မြန်မာ့ လွတ်လပ်ရေး အတွက် ဗြိတိသျှ အစိုးရနှင့် စေ့စပ် အရေးဆိုရသော အခါ မြန်မာ့ သဘောထား အမှန်ကို ဗြိတိသျှတို့ သဘောပေါက် နားဝင်စေရန် ဟောပြော ဆောင်ရွက်ခဲ့ရခြင်းပင် ဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ပါရီ ယူနက်စကို ကွန်ဖရင့် တက်ရောက်ခဲ့စဉ် ဗြိတိသျှ လေဘာပါတီ၏ အမတ်အချို့နှင့် တွေ့ဆုံ၍ မြန်မာတို့၏ လွပ်လပ်ရေးနှင့် ပတ်သက်သော သဘောထားကို ရှင်းလင်း တင်ပြခဲ့သည်။ ဒေါ်မြစိန်သည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးနောက် ကုလသမဂ္ဂ ညီလာခံ အစည်းအဝေးများတွင် နိုင်ငံ ကိုယ်စားပြု၍ တက်ရောက်ခဲ့ရရာ သူ၏ ထူးချွန် ထက်မြက်မှု၊ အင်္ဂလိပ်ဘာသာ အဟောအပြော ကျွမ်းကျင်မှုတို့ကြောင့် အလွန်ထင်ရှားခဲ့သည်။ ကုလသမဂ္ဂ စင်မြင့်တွင် ဒေါ်မြစိန် တွင်ကျယ်ခဲ့ပုံကို အငြိမ်းစား သံအမတ်ကြီး ဦးအောင်သန့်က အောက်ပါအတိုင်းပြန်လည်ပြောပြခဲ့သည်။
 
==ကုလသမဂ္ဂ ဇာတ်စင်ပေါ်က မြန်မာ့ စိန်ဗေဒါကြီးများ==
စာကြောင်း ၂၁ -
 
 
တတိယ ကော်မတီလို့ ခေါ်တဲ့ လူမှုရေး ကော်မတီ ပုံမှန် အစည်းအဝေးတွေမှာ သူပါသလို၊ စောစောက ပြောခဲ့တဲ့ ကန့်လန့်ကာ နောက်ကွယ်က ကျိတ်ဝိုင်း အသေးစိတ် ညှိနှိုင်းပွဲတွေ မှာလည်း ပါနိုင်တယ်။ သူ မပါရင် အစည်းအဝေး လုပ်လို့ မရဘူး။ သူ မရောက်မချင်း အားလုံး ထိုင်စောင့်ရတယ်။ အဲဒါ ကိုယ်တွေ့ပဲ။ တခြား တနေရာမှာ သူ အလုပ်များနေရင် သူလာမှ အစည်းအဝေး စနိုင်မှာမို့ သူ့ကို စောင့်ရတယ်။ လှမ်းခေါ်ရတယ်။ မကြာခဏ အသံချဲ့စက်က ကြေညာသံ ကြားရတယ်။ ရယ်စရာလည်း ကောင်းတယ်။ ‘မြန်မာ ကိုယ်စားလှယ် မစ္စတာ ဒေါ်မြစိန် (Mr. Daw Mya Sein) အစည်းအဝေးခန်း အမှတ် … ဒီလောက် ဒီလောက်ကို အမြန့်ကပါ။အမြန်လာပါ။ အစည်းအဝေး စပါတော့မယ်’ အဲဒီလို ကြေညာသံ မကြာခဏ ကြားရတဲ့ မြန်မာ ကိုယ်စားလှယ်တွေနဲ့ မြန်မာတို့ရဲ့ ထူးခြားတဲ့ ဦး … ဒေါ် စတဲ့ နာမည်ခေါ်ပုံကို နားလည်တဲ့ နိုင်ငံခြားသား ကိုယ်စားလှယ်တွေ ပြုံးကြ ရယ်ကြတယ်။ ဘယ်နေရာမှ သူ မပါရင် မပြီးတဲ့ ပုဂ္ဂိုလ်မျိုးပဲ။ အဲဒီလို အစည်းအဝေးတွေ ကြားထဲက အချိန် မရရအောင် ယူပြီး ကိုလံဘီယာလို အမေရိကန် တက္ကသိုလ်တွေ သွားပြီး ဟောပြော ပို့ချလိုက်သေးတယ်” ဟု မှတ်တမ်း တင်ခဲ့ပါသည်။
 
 
 
ထူးချွန် ထက်မြက်သော ဖခင်၏ ပြုစု ပျိုးထောင်မှု အောက်တွင် ဒေါ်မြစိန်သည် ငယ်စဉ်ကပင် ပညာချွန်ခဲ့သည်။ အသက် ၁၅ နှစ် အရွယ်တွင် ဟိုက်စကူး ဖိုင်နယ်ကို ဘာသာရပ် အားလုံး ဂုဏ်ထူးဖြင့် အောင်၍ တနိုင်ငံလုံး တတိယ ရခဲ့သည်။ ရန်ကုန်ကောလိပ် အိုင်အေ အထက်တန်းကို လေးဘာသာ ဂုဏ်ထူးဖြင့် ပထမ ရသည်။ ဂျားဒင်းဆု ချီးမြှင့်ခံရသည်။ ဝိဇ္ဇာဘွဲ့ကို ရာဇဝင် ဂုဏ်ထူးဖြင့် အောင်မြင်ပြီးနောက် မဟာဝိဇ္ဇာဘွဲ့ အတွက် ဖခင် ဦးမေအောင်နှင့် သမိုင်း ပါမောက္ခ ဒီ၊ ဂျီ၊ အီး၊ ဟော (D. G. E. Hall) တို့၏ အကြံပေးချက် အရအကြံပေးချက်အရ မြန်မာ အုပ်ချုပ်ရေး သမိုင်းကို သုတေသနပြု စာတမ်း တင်သွင်းခဲ့သည်။ စာတမ်းအမည်မှာ Myothugyiship in Upper Burma “အထက်မြန်မာပြည် မြို့သူကြီးတို့၏ တာဝန် ဝတ္တရားများ” ဖြစ်သည်။ စာတမ်း အမည်ကို ကြေးတိုင်မင်းကြီးဟောင်း ဂျေ၊ အက်စ်၊ ဖာနီဗယ် (J. S. Furnival) က ရွေးချယ်ပေးခဲ့သည်။ စာတမ်းအတွက် မြန်မာပညာရှိ ပုံဂံဝန်ထောက် ဦးတင်၏ မှတ်စုများနှင့် ဘားနာ့ဒ် ပိဋကတ်တိုက်မှ စစ်တမ်း၊ ပေ၊ ပုရပိုက် ၃ဝဝ ကျော်ကို ကိုးကား အသုံးပြုခဲ့သည်။
 
 
စာကြောင်း ၃၃ -
 
 
ဒေါ်မြစိန်သည် အင်္ဂလန်မှ ပြန်လာပြီးနောက် ကိုလိုနီခေတ် မြန်မာ့ကျေးရွာ အုပ်ချုပ်ရေးကို လက်တွေ့ လေ့လာသည်။ ထို့နောက် စာတွေ့ နှီးနှော၍ အင်္ဂလိပ်ဘာသာဖြင့် Administration of Burma “မြန်မာပြည် အုပ်ချုပ်ရေး” စာအုပ် ရေးသား ပြုစုသည်။ ယင်းစာအုပ်ကို ၁၉၃၈ ခုနှစ်တွင် ရန်ကုန်မြို့ ဇဗ္ဗူ့မိတ်ဆွေ ပိဋကတ်တိုက်မှ ပုံနှိပ် ထုတ်ဝေခဲ့သည်။ အမှန်စင်စစ် ဤစာအုပ်သည် ဒေါ်မြစိန်၏ ရန်ကုန် တက္ကသိုလ် မဟာဝိဇ္ဇာဘွဲ့ စာတမ်းနှင့် အောက်စဖို့ဒ် တက္ကသိုလ် ဘီလစ်ဘွဲ့ စာတမ်း နှစ်စောင်ကို အခြေခံ၍ စာတွေ့ လက်တွေ့ ညှိနှိုင်း တင်ပြထားသော မြန်မာ့ အုပ်ချုပ်ရေးအုပ်ချုပ်ရေးသမိုင်း သမိုင်း သုတေသန ကျမ်းတစောင်သုတေသနကျမ်းတစောင် ဖြစ်သည်။ ထိုစဉ်က မြန်မာပြည်ဘုရင်ခံ ဆာ အာချီဘော ဒေါက်ဂလပ်စ် (Sir Archibald Douglas Cochrane) က စာအုပ်ကို အမှာ ရေးထားသည်။ စာအုပ်တွင် အခန်း ၉ ခန်း ပါဝင်၍ အခန်း (၁) တွင် မြန်မာနိုင်ငံ နောက်ခံ သမိုင်းကြောင်း၊ အခန်း (၂) တွင် ဗြိတိသျှ မသိမ်းပိုက်မီ မြန်မာဘုရင်များ၏ နေပြည်တော် အုပ်ချုပ်ရေး၊ အခန်း (၃) တွင် ဗြိတိသျှ မသိမ်းပိုက်မီ မြန်မာဘုရင်များ၏ အဝေးမြို့ အုပ်ချုပ်ရေး၊ အခန်း (၄) တွင် မြို့သူကြီး ရာထူး ခန့်အပ်ခြင်းနှင့် ရိုးရာ ဆက်ခံနိုင်ခွင့်၊ အခန်း (၅) တွင် မြို့သူကြီး တာဝန် ဝတ္တရားနှင့် အခွန်တော် ကောက်ခံခြင်း၊ အခန်း (၆) တွင် ၁၈၈၅ မတိုင်မီ အောက်မြန်မာနိုင်ငံ အုပ်ချုပ်ရေး၊ အခန်း (၇) တွင် ၁၈၈၅ မတိုင်မီ အောက်မြန်မာနိုင်ငံ ကျေးရွာ အုပ်ချုပ်ရေး၊ အခန်း (၈) တွင် ၁၈၈၅-၉ဝ မြန်မာပြည် အုပ်ချုပ်ရေး၊ အခန်း (၉) တွင် ၁၈၈၅ နောက်ပိုင်း ကျေးရွာ အုပ်ချုပ်ရေး ဟူ၍ ခွဲခြား တင်ပြထားသည်။ ဤစာအုပ်ကို ၁၉၇၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် ပုံနှိပ်တိုက်မှ ထပ်မံ ပုံနှိပ် ထုတ်ဝေခဲ့သည်။
 
 
 
ဒေါ်မြစိန်သည် ၁၉၂၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ ၁၉၃ဝ ခုနှစ်တွင် အောက်စဖို့ဒ်တက္ကသိုလ်မှ ဆရာဖြစ်သင် ဒီပလိုမာနှင့် ဘီလစ်ဘွဲ့များ ရခဲ့သော်လည်း ကိုလိုနီခေတ် ပညာရေးဌာန၌ အလုပ် လျှောက်သောအခါ အခက်အခဲများနှင့် ကြုံတွေ့ ခဲ့ရသည်။ ဒေါ်မြစိန်၏ အလုပ်လျှောက်လွှာကို ရန်ကုန် တက္ကသိုလ်မှ ပညာရေး ဌာနသို့ လွှဲအပ်လိုက်သည်။ ပညာရေး ဌာနလည်း ဒေါ်မြစိန်၏ ဘီလစ်ဘွဲ့မှာ ပညာရေး ဌာနပညာရေးဌာန အတွက် အဆင့်မြင့်နေ၍ ရန်ကုန် တက္ကသိုလ်သို့ ပြန်လည် လွှဲအပ်ပြန်သည်။ ဤသို့ မတင်မကျ ဖြစ်နေရာ နောက်ဆုံးတွင် အမ်အေ ဦးမောင်ကြီး၏ ယောက္ခမ ဒေါ်ကြီးကြီး တည်ထောင်သော နေရှယ်နယ် အမျိုးသမီး အထက်တန်းကျောင်း၌ ကျောင်းအုပ် အဖြစ် ဝင်ရောက် လုပ်ဆောင်သည်။ ထိုသို့ ဆောင်ရွက်နေစဉ် အမျိုးသား ပညာရေး ကောင်စီ (Council of National Education)၊ မြန်မာ အမျိုးသမီး နေရှင်နယ် ကောင်စီ (National Council of Burmese Women) တို့တွင် ပါဝင်ခဲ့သည်။
 
 
 
ဒေါ်မြစိန်သည် အင်္ဂလိပ်လို အဟောအပြော အရေးအသား ထင်ရှားရာ ထိုခေတ် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော စာနယ်ဇင်းများတွင် ဒေါ်မြစိန်၏ လက်ရာများကို တွေ့နိုင်ပါသည်။ သာဓက ပြရသော် ‘အမျိုးသား ပညာရေး’ မဂ္ဂဇင်း၊ အတွဲ(၁)၊ အမှတ် (၅) National Educationist, Vol. 1, No. 5 တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော The School as a Nation Maker (နိုင်ငံပြု စာသင်ကျောင်း) နှင့် အတွဲ (၂)၊ အမှတ် (၈) တွင် King Mindon’s Reign (မင်းတုန်းမင်းခေတ်) ဆောင်းပါးများ ဖြစ်သည်။ အထူးသဖြင့််အထူးသဖြင့် အင်္ဂလိပ် စကားပြော ကောင်းသူအင်္ဂလိပ်စကားပြောကောင်းသူ တဦးအဖြစ် ထင်ရှားရာ ရန်ကုန် တက္ကသိုလ်မှ ကျင်းပသော ဟောပြောပွဲများတွင် ဒေါ်မြစိန်ကို တွေ့ရလေ့ရှိသည်။ ၁၉၃၉ ခုနှစ်တွင် ဂျဒ်ဆင်ဂျဒ်ဆင်ကောလိပ် ကောလိပ် သမိုင်း အသင်းမှသမိုင်းအသင်းမှ ကြီးမှူး၍ ခေတ်သစ် အရှေ့ဖျားသမိုင်း (The Far East in modern Times) ခေါင်းစီးဖြင့် ဟောပြောပွဲ ကျင်းပရာ ဒေါ်မြစိန်သည် အင်္ဂလိပ်ဘာသာဖြင့် Thailand and French Indo-China (ထိုင်းနှင့် ပြင်သစ် အင်ဒိုချိုင်းနား) အကြောင်း ဟောပြောခဲ့သည်။ ယင်းဟောပြောချက်ကို ဂျဒ်ဆင် ကောလိပ် သမိုင်း အသင်းမှ ၁၉၄၁ ခုနှစ်တွင် The Far East in Modern Times အမည်ဖြင့် စာအုပ်ဖြင့် စာအုပ် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် မြန်မာ အမျိုးသားများထဲမှ ဒေါ်မြစိန် အပြင်ဒေါ်မြစိန်အပြင် ဆရာ အတတ်သင် ကျောင်းအုပ်ကြီး ဦးဘ၏ မြန်မာပြည်အကြောင်း ဟောပြောချက်လည်း ပါဝင်သည်။
 
 
 
ဒေါ်မြစိန်သည် ကိုလိုနီခေတ် အမျိုးသမီးများ၏ လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်ခဲ့ရာ ၁၉၃၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လာဟိုမြို့၌ ကျင်းပသော အာရှ အမျိုးသမီး ကွန်ဖရင့်သို့ လည်းကောင်း၊ နိုင်ငံပေါင်းချုပ် အသင်းမှ ကြီးမှူး ကျင်းပသော ဂျီနီဗာ အမျိုးသမီး ကွန်ဖရင့်သို့ လည်းကောင်း၊ လန်ဒန်မြို့ မြန်မာနိုင်ငံ အုပ်ချုပ်ရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်းအဝေးသို့ လည်းကောင်း တက်ရောက် ဆွေးနွေးခဲ့သည်။ ပထမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ လန်ဒန် မျက်နှာစုံညီ အစည်းအဝေး (The Round Table Conference) သို့ မြန်မာနိုင်ငံံမှမြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂၄ ဦး တက်ရောက်ခဲ့ရာ ဒေါ်မြစိန်သည် တဦးတည်းသော အမျိုးသမီး ကိုယ်စားလှယ် ဖြစ်သည်။ ထိုကွန်ဖရင့်သို့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဦးဘဘေ၊ ဦးချစ်လှိုင်၊ အမ်အေ ဦးမောင်ကြီး၊ သာယာဝတီ ဦးပု တို့လည်း တက်ရောက်သည်။ ကွန်ဖရင့်တွင် ဒေါ်မြစိန်သည် တွဲရေး ခွဲရေးနှင့် ပတ်သက်၍ ဗြိတိသျှ အုပ်ချုပ်ရေး အပေါ် မြန်မာတို့၏ သဘောထားကို ပွင့်ပွင့်လင်းလင်း ရဲဝံ့ဝံ့ တင်ပြခဲ့သည်။ ထိုဖြစ်ရပ်များကို နှစ်ပေါင်း ၄ဝ အကြာ ရန်ကုန် ပညာရေး တက္ကသိုလ် သမိုင်း ဟောပြောပွဲ၌ ပြန်လည် ဟောပြောခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် “မျက်နှာစုံညီ အစည်းအဝေး” The Round Table Conference အမည်ဖြင့် လည်းကောင်း၊ ၁၉၆၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် “တွဲရေး ခွဲရေး ပြဿနာ” အမည်ဖြင့် လည်းကောင်း ဟောပြောခဲ့သည်။
 
 
စာကြောင်း ၅၇ -
 
 
ပြည်မြန်မာကို Oxford Pamphlets on Indian Affairs စာစဉ်အမှတ် (၁၇) အဖြစ် အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှ ၁၉၄၃ ခုနှစ်တွင် ဒုတိယ အကြိမ်ဒုတိယအကြိမ် ထပ်မံ ထုတ်ဝေရသည်။ “မြန်မာပြည်၏ အနာဂတ်” စာအုပ်ကို အိန္ဒိယနိုင်ငံ ဘုံဘေမြို့ အောက်စဖို့ဒ် ယူနီဗာစီတီ ပုံနှိပ်တိုက်မှ ၁၉၄၅ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသည်။ ယင်းစာအုပ်ငယ်တွင် မြန်မာ့ လွတ်လပ်ရေးနှင့် ပတ်သက်၍ မြန်မာတို့၏ ဆန္ဒသဘောထားကို ဖော်ထုတ် ဆွေးနွေး တင်ပြထားသည်။ စစ်ပြီးပါက ခေတ်သစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံငယ် တနိုင်ငံ အနေဖြင့် ကြုံတွေ့ရမည့် ပြဿနာများ၊ မြန်မာနိုင်ငံ အနေဖြင့် ဗြိတိသျှ ဓနသဟာယ အတွင်း နေထိုင်ရေးနှင့် သီးခြား လွတ်လတ်ကင်းကင်းလွတ်လွတ်ကင်းကင်း ရပ်တည်ရေးတို့တွင် ကြုံတွေ့လာရမည့် အခက်အခဲ ပြဿနာများကို ကမ္ဘာ့နိုင်ငံရေး အခြေအနေများနှင့် နှိုင်းယှဉ် တင်ပြထားသည်။ ထို့ကြောင့် ဒုတိယ ကမ္ဘာစစ်ပြီးနောက် ဖဆပလ အဖွဲ့ချုပ် အနေဖြင့် မြန်မာ့ လွတ်လပ်ရေး အတွက် မြန်မာ့ သဘောထား အမှန်ကို ဗြိတိသျှ အစိုးရနှင့် စေ့စပ် အရေးဆိုသော နှလုံးရည် အရေးတော်ပုံတွင် မြန်မာ့ သဘောထား အမှန်ကို ဗြိတိသျှတို့ နားဝင် သဘောပေါက်လာစေရန် အင်္ဂလိပ်ဘာသာ စကားဖြင့် ဟောရေး ပြောရေးတွင် ဖဆပလ ဥက္ကဋ္ဌဟောရေးပြောရေးတွင် ကိုယ်တိုင်ဖဆပလဥက္ကဋ္ဌကိုယ်တိုင် ဒေါ်မြစိန်အား အကူအညီ တောင်းခံခဲ့ရသည်။
 
 
စာကြောင်း ၆၅ -
 
 
ဒေါ်မြစိန်ကို ၁၉ဝ၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွားသည််။ဖွားသည်။ အဖ ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင်၊ အမိ ဒေါ်သိန်းမြ ဖြစ်သည်။ ဖခင် ဦးမေအောင်မှာ ရခိုင် အမျိုးသား ငွေစာရင်းမင်းကြီး (အိန္ဒိယ ငွေတိုက်ဝန်) ဦးလှအောင်၏ တူဖြစ်သည်။ မိခင် ဒေါ်သိန်းမြမှာ မွန်လူမျိုး စစ်ကဲကြီး ဦးထော်လေး၏ မြစ် ဖြစ်သည်။ ဒေါ်မြစိန်မှာ မွေးချင်း သုံးယောက်တွင် အထွေးဆုံး ဖြစ်၍ ငယ်မည်မှာ မေ ဖြစ်သည်။ အစ်ကို သာဒိုးအောင်နှင့် ထွန်းလှအောင်တို့မှာ ထိုခေတ်က ထင်ရှားလှသော ရနောင်း ပညာထူးချွန်ဆု (Renoun Prize) ရသည်။ ဖခင် ဦးမေအောင်လည်း ဤဆုကို ရခဲ့သည်။ အစ်ကိုကြီး သာဒိုးအောင်မှာ ပညာ ထူးချွန်သော်လည်း ငယ်စဉ်ကပင် ကျန်းမာရေး ချို့တဲ့၍ ဘီအေ နောက်ဆုံးနှစ် ပညာ သင်ကြားနေစဉ် ကွယ်လွန်ခဲ့သည်။ သာဒိုးအောင်ကို အကြောင်းပြု၍ ရန်ကုန် တက္ကသိုလ် သိပ္ပံ ဥပစာတန်း ပထမဆု ရသူများကို “သာဒိုးအောင်ဆု” ဖခင် ဖြစ်သူက တီထွင်ပေးခဲ့သည်။ အစ်ကို ထွန်းလှအောင်မှာ လွတ်လပ်ရေးခေတ်ဦး ရဲမင်းကြီး ဦးထွန်းလှအောင် အဖြစ် ထင်ရှားသည်။