မေအောင် (စွယ်စုံပညာရှင်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:Umayaung.gif|thumb|စွယ်စုံပညာရှင် ဦးမေအောင်]]
'' ” . . . အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ - ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင်သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။ . . . ” . . . [၂ဝဝရ ခုနှစ်၊ နိုဝင်ဘာလမှာ Unity စာပေက ပထမ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ မောင်ဇေယျာရဲ့ 'ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာ စာအုပ်များ' ကနေ "စွယ်စုံပညာရှင် ဦးမေအောင်" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။]''

== စွယ်စုံပညာရှင် ဦးမေအောင် ==
[[File:Umayaung.gif|thumb|စွယ်စုံပညာရှင် ဦးမေအောင်]]ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင် စွယ်စုံ ထူးချွန်သော ပညာရှင် တဦး မှာ ဦးမေအောင် (၁၈၈ဝ - ၁၉၂၆) ဖြစ်သည်။ ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။

[[File:Umayaung.gif|thumb|စွယ်စုံပညာရှင် ဦးမေအောင်]]ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင် စွယ်စုံ ထူးချွန်သော ပညာရှင် တဦး မှာ ဦးမေအောင် (၁၈၈ဝ - ၁၉၂၆) ဖြစ်သည်။ ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။

ဦးမေအောင်သည် နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) ကို ပြုစုပျိုးထောင်သူ၊ ရန်ကုန်မြို့တွင် ပထမဆုံး အကြိမ် ကျင်းပသော ဝိုင်အမ်ဘီအေ အသင်းများ အစည်းအဝေးတွင် ချယ်ယာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သူ၊ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တားသို့ အန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူနှင့် သွားရောက် တွေ့ဆုံရန် ဝိုင်အမ်ဘီအေမှ ရွေးချယ် စေလွှတ်သော ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် သွားရောက်ခဲ့သူ တဦး ဖြစ်သည်။
စာကြောင်း ၂၈ -
၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ ပဲခူးခရိုင် ဝန်ရှင်တော်မင်းကြီး ရုံး၌ ဗြိတိသျှ ပဋိညာဉ်ခံ အရာရှိများ ရွေးချယ်ရန် စုံစမ်းသည့် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးမေအောင်သည် ရိုးရာ ခေါင်းပေါင်းဖြူဖော့လုံး၊ ထိုင်မသိမ်း အင်္ကျီ၊ တောင်ရှည် ပုဆိုးတို့ကို မြန်မာ့ ယဉ်ကျေးမှု အတိုင်း ဝတ်ဆင်ခဲ့ရာ သူရိယ သတင်းစာ အယ်ဒီတာ ဆရာလွန်းသည် အားရဝမ်းသာ ‘ပဋိညာဉ်ခံဘွဲ့ တေးထပ်’ ရေး၍ ချီးကျူးခဲ့သည်။ ယင်းတေးထပ်ကို သူရိယ သတင်းစာ (၁၈ ဖေဖော်ဝါရီ ၁၉၁၃) တွင် ဖော်ပြခဲ့သည်။

“မျိုးမြန်မာ ညှိုးရှာခဲ့ပြီမို့၊ ကိုးရာမဲ့ချိန်တွင်၊

ရိုးရာကွယ့်မတိမ်ချင်တယ်၊ ပဋိညာဉ်ခန့်ပွဲ။ ။

မြင်ရချက် ကိုယ်သဏ္ဌာန်မှာ၊ ဗိုလ်ဆံ ဆံ များကြားသဘဲ။ ။

နန်းစရိုက် ကျမ်းသိုက်နွယ်တယ်၊ လွမ်းလိုက်ဖွယ်တပွဲ။ ။

မန်းဂိုုက်နှယ်ဆင်နွှဲလို့၊မန်းဂိုက်နှယ်ဆင်နွှဲလို့၊ သွင်တနဲတင့်အောင်။ ။

ဖော့လုံးဖြူ မြိုင်မြိုင်ထိန်းပါလို့၊ ထိုင်မသိမ်းဝတ်လို့မြင်ယောင်။ ။

မင်းတပါး ဦးမေအောင်မှာ၊ မှူးကေသျှောင် သဒ္ဓါမြို့ပါလို့၊

မြန်မာတို့ ကိုးကြစရာ၊ ဖြိုးွ့ွကသမ္ဘာ၊ဖြိုးကသမ္ဘာ၊

ဩဘာဆုခွန်းလှစ်ဖြာတယ်၊ သွန်းမေတ္တာလောင်းပါရဲ့လေး။ ။”

ဟူ၍ ဖြစ်သည်။
စာကြောင်း ၉၄ -

== အထူးဝမ်းနည်းဖွယ် ==

ပြည်ထဲရေး ဌာန ဝန်ကြီးချုပ် ဦးမေအောင်သည် ဇွန်လ ၅ ရက်၊ စနေနေ့ ည ၈ နာရီ ၃၅ မိနစ်တွင်၊ မေမြို့ (ပြင်ဦးလွင်) ရှိ နေအိမ်၌ အနိစ္စရောက်ကြောင်း ကြားသိရသော ကွ္ဆန်ုပ်တို့မှာ။ အထူးဝမ်းနည်း နှစ်မြောမိသည် ဖြစ်ရာ။ ထိုသတင်းကို ကြားသိရသော တိုင်းရင်းသား မှန်သမျှတို့မှာ။ ကျွနိုပ်တို့ ကဲ့သို့ပင် ဝမ်းနည်းလိမ့်မည်ဟု မျှော်လင့်ပေကြောင်း။ သွားလေသူ ဦးမေအောင်မှာ။ အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ - ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင်သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။

== အထင်မမှားအပ်ပေ ==

ဦးမေအောင် - ပြည်ထဲရေး ဝန်ကြီးချုပ် ရထူးကို ထမ်းရွက် နေခိုက်၌၊ တိုင်းသူ ပြည်သားတို့နှင့် တဘက်တလမ်း ပြုလုပ်သည်ဟု အချို့သော သတင်းစာများ၌ စွပ်စွဲချက် အရ။ သွားလေသူ ဦးမေအောင် အပေါ်၌ အထင် မမှားအပ်ပေ။ ဦးမေအောင်သည်။ အစိုးရ အမှုထမ်း အဖြစ်သို့ မရောက်မှီ။ ဝိုင်အမ်ဘီအေ အသင်း၌။ ဥက္ကဋ္ဌ အဖြစ်ဖြင့်ပင် အတော်ကြာ ဆောင်ရွက် ခဲ့သည့်ပြင်။ ဝတ်လုံ အတတ်ကို။ အင်္ဂလန်ပြည်သို့ သွားရောက် သင်ကြားပြီးနောက်။ မြန်မာပြည်သို့ ပြန်၍ ရောက်ရှိသော ဝတ်လုံများ အနက်။ မိမိတို့ မျိုးရိုးဇာတိ အဝတ်အစားကို မပြောင်းလဲဘဲ။ အမြဲဝတ်ဆင်လေ့ ရှိသူမှာ။ ဦးမေအောင်ပင် ဖြစ်ရကာ။ ဤကဲ့သို့ မျိုးရိုး ဇာတိကို ရိုသေသော ပညာရှိ တယောက်သည်။ မိမိ အလိုအလျောက်အားဖြင့်။ တိုင်းသူပြည်သားတို့ ဆန့်ကျင်၍။ တိုင်းပြည် ပျက်စီးအောင် ပြုလိမ့်မည်ဟု မမျှော်လင့်အပ်ပေ။ မိမိထမ်းရသော ရာထူး၏ အခွင့် ရှိသလောက်သာလျှင် ဆောင်ရွက်နိုင်သည် ဖြစ်ရာ၊ ဦးမေအောင်၏ စီမံခန့်ခွဲခြင်းတို့သည်။ တိုင်းသူ ပြည်သားတို့၏ အလိုုနှင့် ဆန့်ကျင်ခဲ့သော။ အုပ်ချုပ်ခြင်း စည်းစနစ် ဖြစ်သော ဒိုင်အာကီကို သာလျှင် အပြစ်တင် ထိုက်ပေသည်။
(မူရင်းသတ်ပုံ အတိုင်း ဖော်ပြပါသည်။)

== အညွှန်း။ ==

# ဇော်ဂျီ၊ သခင် ကိုယ်တော်မှိုင်း ဋီကာ၊ ဒု-နှိပ်၊ ရန်ကုန်၊ ၁၉၆၉၊ စာ ၄၇။
# ၂၅ နှစ်မြောက် ဓမ္မဗျူဟာ ငွေရတုစာစောင်။ ရန်ကုန်၊ ဓမ္မဗျူဟာ စာစောင်တိုက်၊ ၁၉၈၆။