မြစိန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၅ -
 
 
ဒေါ်မြစိန်သည် ဖအေတူ သမီးဟု ဆိုနိုင်ပါသည်။ ဖခင် ဦးမေအောင်[[မေအောင်၊ ဦး (စွယ်စုံပညာရှင်)|ဦးမေအောင်]](M.A., L.L. M. Cambridge, Barrister at Law) မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေး၊ နိုင်ငံရေး လောကတို့တွင် ဘက်စုံ ထူးချွန် ထက်မြက်ခဲ့သူ တဦး ဖြစ်သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ၊ တရားသူကြီး၊ ဥပဒေ ပါမေက္ခ၊ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ ပညာရှင်၊ မြန်မာနိုင်ငံ သုတေသန အသင်း တည်ထောင်သူ၊ သုတေသန အသင်း ဂျာနယ်အယ်ဒီတာ၊ ဝိုင်အမ်ဘီအေ အသင်း ဥက္ကဋ္ဌ၊ ဒိုင်အာခီခေတ် ပြည်ထဲရေး ဝန်ကြီးချုပ် စသည်ဖြင့် စွယ်စုံထင်ရှားသည်။ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှတို့ကပင် သူ၏ ထူးချွန်ထက်မြက်မှုကို အသိအမှတ်ပြု၍ လေးလေးစားစား ဆက်ဆံခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ ထို့အတူ ဒေါ်မြစိန်သည် ကိုလိုနီခေတ် အတွင်း မြန်မာ အမျိုးသမီးများထဲမှ မဟာဝိဇ္ဇာဘွဲ့နှင့် ဘီလစ်ဘွဲ့ကို ပထမဦးဆုံး ရခဲ့သူ၊ မြန်မာ့အုပ်ချုပ်ရေးသမိုင်းကို အင်္ဂလိပ်ဘာသာဖြင့် အစောဆုံး ရေးသားခဲ့သူ၊ ၁၉၃၁ ခုနှစ်၊ ဂျီနီဗာတွင် နိုင်ငံပေါင်းချုပ် အသင်းကြီးက ကြီးမှူး ကျင်းပသည့် အမျိုးသမီးများ အခွင့်အရေး စိစစ်မှု ကော်မတီသို့ တက်ရောက်ခဲ့သူ၊ ၁၉၃၁-၃၂ တွင် လန်ဒန်မြို့၌ ကျင်းပသည့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ရသူ စသည်ဖြင့် ထင်ရှားသည်။