ဘီသိုဗင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - new:लूट्विश् फ़ान् बेट्होफ़न्
No edit summary
စာကြောင်း ၁ -
[[File:Beethoven.jpg|right|thumb|ဂျိုးဆက်စတိုင်လာ၏ လက်ရာ ဘီသိုဗင် ပုံတူပန်းချီကား- ၁၈၂၀]]
'''လူးဝစ် ဗင် ဘီသိုဗင်''' (Ludwig van Beethoven; German: ˈluːtvɪç fan ˈbeːt.hoːfn̩; English: ˈlʊdvɪɡ væn ˈbeɪtoʊvən (US) or ˈbeɪt.hoʊvən (UK); ၁၇၇၀-၁၈၂၇)အား အကြီးမားဆုံး တေးပြုပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခေါ်တွင်ခဲ့ ကြသည်။ တေးပြုရာတွင်သာ ထူးချွန်သည်။ တစ်သက်လုံး နားမကြားသူဖြစ်သည်။ ဘီသိုဗင် (ဗေထော်ဗင်) ကို [[ဂျာမနီနိုင်ငံ]]၊ ဘွန်းမြို့ တွင်မွေးဖွားသည်။ ဂီတဆရာကြီး[[မိုးဇက်မိုးဇက်၊ ဝူဖ်ဂန် အမာဒျု |မိုဇတ်]] ထံတွင်လည်းကောင်း၊ နောင်တွင် ဂျိုးဆက် ဟေဒင်ထံတွင်လည်းကောင်း ဂီတပညာဆည်းပူးသည်။ Moonlight Sonata, The Emperor Concerto တို့ အပါအဝင် လက်ရာမြောက်တေးဂီတ များစွာကြောင့် နာမည်ထင်ရှားခဲ့သည်။ သူ၏ကျော်ကြားလှသော NinthSymphony တေးဂီတသည် [[သံစုံတီးဝိုင်းကြီး|သံစုံတီးဝိုင်း]]လောကတွင် ပထမဆုံးသံပြိုင်တေး စတင်ထည့်ရေးခဲ့သည်။
 
[[ဂျာမနီနိုင်ငံ]]၊ [[ဗွန်မြို့]]တွင် ၁၇၇၀-ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၌ ဖွားမြင်သည်။ ငယ်စဉ်ဘဝကပင် တေးဂီတနှင့် ပက်သက်၍ အစွမ်းအစများ ဖော်ထုတ်ပြသနိုင်ခဲ့သည်။ ဂီတမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ သူ၏အဖေ(Johamm)နှင့် အဘဖြစ်သူ (Leedwing)သည် ဂီတသမားများ ဖြစ်ကြသည်။ သူတို့သည် ဘီသိုဘင်ကို ကလေးဘဝကတည်းက ဂီတမှာ လေ့ကျင့်ပေးခဲ့သည်။
စာကြောင်း ၁၃ -
 
ရေးစပ်ခဲ့လေသမျှသော ဂီသံစဉ်တို့မှာ အထူးကောင်းမွန်သည်။ အထူးသဖြင့် သောတရုံဆုံးရှုံးသည့်နောက် ရေးစပ်ခဲ့သည်များမှာ နားအကြားအာရုံကောင်းမွန်စဉ်က ရေးစပ်ခဲ့သည်များထက် သာလွန်သည်ဟု ဆိုကြသည်။ မကွယ်လွန်မီ နောက်ဆုံးအချိန်များက ရေးစပ်ခဲ့သည်များမှာ အကောင်းဆုံးဖြစ်သည်ဟုပင် ချီးမွမ်းကြသည်။ အသက် ၅၇နှစ်အရွယ် ၁၈၂၇တွင် ထင်ရှားကျော်ကြားသည့် တေးဂီတပညာရှင် ဘီသိုဗင်တစ်ယောက် ဗီယင်နာမြို့၌ပင် ကွယ်လွန်သည်။ သို့သော် သူကွယ်လွန်ပြီးနောက်တွင် ပေါ်ထွန်းလာကြသည့် တေးဂီတပညာရှင် အများအပြားကို ဩဇာလွှမ်းမိုးထားနိုင်ကြောင်းမှာ ထင်ရှားလှပေသည်။
 
==ဗေးထိုးဗင် လုဒဗစ်ဖန် (ခရစ် ၁ရရဝ-၁၈၂ရ)==
ဂျာမန်လူမျိုး ထိပ်တန်းဂီတစာဆိုကျော်ကြီး တစ်ဦးဖြစ်သူ
လုဒဗစ် ဖန်ဗေးထိုးဗင်သည် အနောက်တိုင်းဂီတ တိုးတက်မှု
အတွက် အများဆုံး အကျိုးပြုခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ် သည်။
အထူးသဖြင့် ဗေးထိုးဗင်၏ ဆင်ဖနီဂီတများကား ဂီတလောက
တွင် အမြုတေရတနာများသဖွယ် ထူးခြားကောင်းမွန်လှ၍
ယခုခေတ်အခါထိ မှေးမှိန်ခဲ့ခြင်း မရှိပေ။ အနောက်တိုင်း
ဂီလောကတွင် ဗေဒထိုးဗင်၏ လက်ရာသီချင်းကြီး သီးချင်း
ခန့်များကို လေးလေးစားစား လေ့လာသင်ကြား ကြရသည်။
 
ဗေးထိုးဗင်သည် ထူးခြားသော အနုပညာပါရမီရှင် တစ်ဦး
ဖြစ်လင့်ကစား၊ သူ၏ ဘဝတစ်သက်တာ တစ်လျှောက်လုံးတွင်
ပျော်ရွှင်ချမ်းမြေ့မှုကို ကောင်းစွာမခံစားရရှာသူ ဖြစ်သည်။
အခြားသူများ၏ သောတအာရုံကို သာယာကြည်နူးစေသည့်
တေးဂီတများကို စပ်ဆိုစွမ်းဆောင်နိုင်ခဲ့သော်လည်း၊ သူကိုယ်
တိုင်မှာမူ အရွယ် ကောင်းချိန်၊ အသက် ၃ဝ ကျော်ခန့်မှစ၍
နားမကြားသော ဝေဒနာ စွဲကပ်ခဲ့သည်မှာ ကွယ်လွန်သည့်
တိုင်အောင် ဖြစ်သည်။ သို့သော် မိမိ၏ ဘဝအကျိုးပေး နုံချာမှု၊
အကုသိုလ် ဖိစီးမှုများကို အရှုံးမပေးဘဲ ကြိုးစား တွန်းလှန်ခဲ့
သဖြင့် ဘဝ တိုက်ပွဲသူရဲကောင်း တစ်ဦးဟု ဆိုရပေမည်။
 
ဗေးထိုးဗင်သည် ဂျာမနီနိုင်ငံ ဗွန်းမြို့၌ ၁၇၇ဝ ပြည့်နှစ်
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အသက် ၄ နှစ်
အရွယ်မှစ၍ အဆိုတော် အမူးသမား ဘခင်၏ ရိုက်နှက်စေခိုင်း
မှုကြောင့် စန္ဒရားတီး သင်ခဲ့ရသည်။ ကလေးဘဝ လွတ်လပ်
ပျော်ရွှင်စွာ မနေရ၊ မကစားရဘဲ ခိုင်းသည့်အတိုင်း လုပ်နေရ
သည့် အချုပ်အချယ်ခံရမှုကြောင့် ဗေးထိုးဗင်၏ စိတ်ဓာတ်ကို
ထိခိုက်သွားကာ နောင်အခါတွင် စိတ်ချောက်ချား တတ်ခြင်း၊
စိတ်တိုတောင်းခြင်း ဖြစ်လာတတ်လေသည်။
 
ဖခင်ဆိုးသည် အိမ်ထောင်၏ တာဝန်ကို ကြေပွန်စွာ
မထမ်းလိုသဖြင့် အိမ်ထောင်စရိတ် ရှာနိုင်စေရန် ဂီတနယ်ထဲ
အတင်းဆွဲသွင်းခြင်းဖြစ်သည်။ စင်စစ် ဗေးထိုးဗင်၌လည်း
ငယ်စဉ်ကပင် ဂီတဘက်၌ ထူးချွန်မည့် အရည်အသွေးများ
ရှိခဲ့သည်။ ထိုကြောင့် ၁၁ နှစ်သား အရွယ်တွင် ကိုယ်တိုင်
တေးဂီတများကို စပ်ဆိုနိုင်ခဲ့သည်။ ၁၄ နှစ်သားအရွယ်တွင်
နန်းတွင်းလက်ထောက် အော်ဂန်ဆရာ ဖြစ်လာသည်။
 
နောင်အခါတွင် အော်ခက်စတြာ တီးဝိုင်းများကို ခေါင်းဆောင်
နိုင်ခဲ့လေသည်။
 
ဗေးထိုးဗင်တို့မိသားစု၏ အခြေအနေမှာ စိတ်ပျက်
ဖွယ်ရာ ဖြစ်သည်။ ဘခင်ကလည်း အိမ်ထောင်၏ တာဝန်ကို
မယူလိုဘဲ ပေါ့ပေါ့နေသဖြင့် အိမ်သားများမှာ ဆင်းရဲကျပ်
တည်းပြီးလျှင်၊ ကျန်းမာရေးလည်း ချို့တည့်ကြသည်။
 
ဗေးထိုးဗင်သည် မသာယာသော အိမ်ထောင်စုကို ကျောထောက်
နောက်ခံပြုကာ၊ သူ၏ ဂီတပညာကို တိုးသည်ထက်တိုးအောင်
ကြိုးစားခဲ့သည်။ ၁ရ နှစ်သားအရွယ် ၁၇၈၇ ခုနှစ်တွင် ထိုစဉ်
က ဂီတမြို့တော်ဖြစ်သော 0x100သစတြေးယားနိုင်ငံ ဗီယင်းနားမြို့သို့
သွားရောက်၍ ဂီတပညာရှင်ကြီး တစ်ဦးဖြစ်သော မိုးဇာတ်၏
ရှေ့တွင် မိမိ၏စွမ်းရည်ကို ပြသခဲ့သည်။ ထိုအခါ မိုးဇတ်က
ဗေးထိုးဗင်သည် ကမ္ဘာ၌ သူ့ဂီတသံ လွှမ်းအောင် ပြုနိုင်မည့်
သူဟူ၍ နိမိတ်ဖတ်လိုက်လေသည်။
 
ဗီယင်းနားမှ ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူကွယ်လွန်ရာ၊
အမူးသမား ဘခင်နှင့် ညီအစ်ကို မောင်နှမ တို့၏ တာဝန်ကို
ဗေးထိုးဗင်က လုံး0xrf;ဆောင်ရသည်။ သို့ဖြင်လင့်ကစား
အိမ်သားများသည် သူ့အား စိတ်ချမ်းသာမှု မပေးဘဲ
နားပူနားဆာ ပြုတတ်ကြလေသည်။ ယင်းသို့သော အခြေအနေ
ကြားထဲမှပင် ဗေးထိုးဗင်၏ ဂီတစွမ်းရည်သည် တိုးတက်
လာခဲ့သည်။ ဗွန်းမြို့ရှိ 0x100သဇာတိက္ကမရှိသော လူကြီးလူကောင်း
များက သူ၏ ဂီတစွမ်းရည်ကို အကြောင်းပြုပြီးလျှင် ဗေးထိုးဗင်
အား ခင်မင်စေတနာ ထားကြသဖြင့် ဗီယင်းနားမြို့တွင် ဂီတ
ဝိဇ္ဇာကြီးတစ်ဦးဖြစ်သူ ဂျိုးဇက်ဟိုင်းဒင်ထံတွင် ဂီတပညာ ဆက်
လက်ဆည်းပူးနိုင်အောင် စီစဉ်ပေးကြသည်။ ဗီယင်းနားတွင်
ဂီတပညာ ဆည်းပူးခဲ့ပြီးနောက်တွင် ဗေးထိုးဗင်သည် ထိပ်တန်း
ဂီတစာဆို တစ်ဦး အဖြစ်သို့ရောက်ရှိ ခဲ့လေသည်။
 
ယင်းသို့ထိပ်ထိပ်ကြဲ ဂီတပညာရှင် တစ်ဦးအဖြစ်သို့
ရောက်ခဲ့ပြန်သော်လည်း၊ စိတ်မချမ်းသာဖွယ်ရာ တစ်မျိုးသည်
ဗေးထိုဗင်၏အပေါ် လောင်းရိပ်ကဲ့သို့မိုလာပြန်လေသည်။
ယင်းသည်ကား တဖြည်းဖြည်း နားလေးလာရာက နောက်ဆုံး
တွင် မကြားရသော ဘဝသို့ရောက်ခဲ့ခြင်းပင် ဖြစ်လေသည်။
သို့သော် စိတ်ဓာတ်ပြင်းပြ လှသော ဗေးထိုးဗင်သည် ယင်းသို့
သော အကုသိုလ်ဖိစီးမှုကို လွယ်လွယ်နှင့် အရှုံးမပေးချေ။
 
အသံကို အကြောင်းပြုရသော မိမိ၏ ပညာလုပ်ငန်းကို မစွန့်
လွှတ်ဘဲ၊ အသံမကြားရသည့် ဘဝ၌ပင် ဆက်လက်၍ တေးဂီတ
ကြီးများကို စပ်ဆိုစီကုံးခဲ့သည်။ နားမကြားရသည့် နောက်ပိုင်း
တွင် စပ်ဆိုသည့် တေးကြီးတေးခန့်များသည် ဗေးထိုးဗင်၏
အကောင်းဆုံး လက်ရာများဟု ဆိုကြလေသည်။
 
ဗေဒထိုးဗင်သည် အရုပ်ဆိုးသော်လည်း ပင်ကိုသဘော
တည်ကြည်မှု၊ သူ၏ထူးချွန်သော ဂီတပါရမီတို့ကြောင့် သူ့အား
ကြည်ညိုလေးစားသူများပြားသည်။ သို့သော် ဗေးထိုးဗင်
နားထိုင်းရောဂါ ဖြစ်ပြီးနောက်တွင် သူ၏ ညီအစ်ကို
မောင်နှမများက သူ၏ ငွေကြေးကိစ္စကို ဆောင်ရွက်မှုကြောင့်
ဗေးထိုးဗင်အား ခင်မင်ကြ သူများနှင့် စိမ်းသွားခဲ့ရသည်။
 
မိဘဆွေမျိုးအတွက် တာဝန်ကြီး ထမ်းခဲ့ရသော်လည်း ဆွေမျိုး
အကျိုးပေးလည်း မကောင်းခဲ့ပေ။ ချစ်ကိစ္စများ၌လည်း
ကံခေခဲ့သဖြင့် အိမ်ထောင်မပြုခဲ့သော ဗေးထိုးဗင်သည် တူ
တစ်ယောက်အား သားရင်းတမျှ ချစ်ခင်မြတ်နိုးခဲ့ရာ၊ ထိုသူ
သည် သူ့အား စိတ်ဒုက္ခအပေးဆုံး ဖြစ်ခဲ့သည်။ ယင်းသို့သော
စိတ်မချမ်းသာဖွယ် အမျိုးမျိုးကို ကြိုးစားတွန်းလှန်ခဲ့ရသော
ဗေးထိုးဗင်မှာ တစ်ခါတစ်ရံ မျိုသိမ်မထားနိုင်ဘဲ ဒေါသအိုး
ပေါက်ကွဲတတ်သည်။ ဗေးထိုးဗင် ရေးခဲ့သော သေတမ်းစာ
တစ်စောင်ထဲတွင် မိမိသည် နားထိုင်းခြင်း စသည့်ဒုက္ခအမျိုးမျိုး
စိတ်မချမ်းသာဖွယ် အဖုံဖုံတို့ကို ခံစားရလွန်း၍ မချိတင်ကဲ
ဖြစ်ကာ၊ တစ်ခါတစ်ရံ စိတ်မထိန်းနိုင်ဖြစ်ပြီးလျှင် မိမိ ဒေါသ
တကြီး ဖြစ်မိသည်များကို ညီအစ်ကို မောင်နှမများကခွင့်လွှတ်
ပါရန် ရေးသားထားလေသည်။
 
ဗေးထိုးဗင်အဖို့တစ်မျိုးပြီးတစ်မျိုး သူရင်ဆိုင်ရသော
စိတ်မချမ်းသာမှုများသည် သူ့အား ဘဝကို အရှုံးမပေးလိုအောင်
သွေးထိုးပေးသကဲ့သို့ရှိပြီးလျှင်၊ တေးဂီတ တစ်ပုဒ်ပြီးတစ်ပုဒ်
သူ့ကလောင်များမှ ထွက်ခဲ့သည်။ သီချင်း ရိုးရိုးမှ ဂီတပြဇာတ်
ကြီးများအထိ စပ်ဆိုရေးသားခဲ့ရာ၊ သူ၏ ဂီတစွမ်းရည် မည်မျှ
ထက်မြက်ထူးချွန်ပုံကို အကဲခတ်နိုင်ပေသည်။ ဗေးထိုးဗင်သည်
ကောင်းစွာ မကျန်းမမာ ဖြစ်နေရာမှ ၁၈၂၇ ခုနှစ်တွင်
ညီဖြစ်သူထံ အလည်သွားယင်း ဗီယင်းနားမြို့၌ ကွယ်လွန်
သည်။ ဗေထိုးဗင် ကွယ်လွန်ပြီးသည့် နောက်တွင် ထူးခြားသော
ဂီတပညာရှင်ကြီးကို ဂုဏ်ပြုသောအားဖြင့် သူ၏ ဇာတိ
ဖြစ်သော ဗွန်းမြို့တွင်၄င်း၊ သူ၏ သချဎ္0x046ုင်းရှိရာ ဗီယင်းနား
မြို့၌၄င်း သူ၏ ရုပ်တုများကို ထားရှိပြီးလျှင် ဗေးထိုးဗင်
မွေးဖွားခဲ့ရာ နေအိမ်ကို ပြတိုက်အဖြစ် ပြုလုပ်ထားရှိလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )</ref>
 
 
== ဘီသိုဗင်၏ ထင်ရှားသောလက်ရာများ ==
Line ၁၉ ⟶ ၁၃၈:
== ကျမ်းကိုး ==
ကျော်စွာ(၁၀၀)- [[ဒေါက်တာသန်းထွန်း]]
<references/>
 
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:ကမ္ဘာ့ဂီတ]]