ဩဘာသ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၈ -
 
* ဦးဩဘာသသည် နာရဒဇာတ်တော် ဝတ္တုကို နှစ်လနှင့် အပြီးရေးပြီး ဝိဓူရဇာတ်တော် ဝတ္တုကို နှစ်လနှင့် အပြီးရေးသည်။ ကျန်ဇာတ်တော်များကိုလည်း ခုနှစ်လနှင့် အပြီးရေးသည်။
==ဦးသြဘာသ၊ မင်းဘူးဆရာတော်(မြန်မာ ၁၁၂ဝ-၁၁၆ဝ ခန့်)==
စကားပြေအရေးအသား၌ နှုတ်မရ၊ သွင်းမရ၊ မတုပြိုင်နိုင်
အောင် ကျွမ်းကျင်တော်မူသော ဦးသြဘာသဆရာတော်သည်
စကုပိုင်ရပ်သာ မြို့မင်းပူးရွာ အသည်ကြီး၏သားဖြစ်၍ ငယ်စဉ်
ကပင်သာမဏေပြုကာ ကျမ်းဂန်များကို လေ့လာဆည်းပူးဟန်
တူလေသည်။ ဖွားသက္ကရာဇ်ကိုကား သေချာစွာမသိရချေ။
သို့ရာတွင် သူရေးသားသော နာရဒဇာတ်တော်ကြီးနိဂုံးတွင်
ပါသော အချက်အလက်တို့ကို ထောက်ရှုခြင်းဖြင့် ဦးသြဘာသ
သည် ၁၁၂ဝ ပြည့် နှစ်ခန့်တွင် ဖွားမြင်သူဖြစ်သည်ဟု ခန့်မှန်း
ရလေသည်။ ဦးသြဘာသ၏ဆရာတော်ကား မင်းပူးရွာ
အနောက်ဘက်ရှိ လေသာကျောင်းဆရာတော်ဖြစ်သည်။
 
ဆရာတော်ဦးသြဘာသသည် ကျောင်းဒါယိကာ ဦးဝ၏
သား မောင်ထောက် တောင်းပန်လျှောက်ထားသဖြင့် ဇာတ်တော်
ကြီးဆယ်စောင်ကို မြန်မာစကားပြေဖြင့် ရေးသားမည်ဟုကြံ၏။
သို့ရာတွင် ဆယ်စောင်လုံးကို မရေးဖြစ်ခဲ့ပေ။ ရှစ်စောင်သာ
ရေးသားသည်ကိုတွေ့ရသည်။ ဆရာတော်ဦးသြဘာသ ပျံလွန်
တော်မူသည့်ခုနှစ်ကိုလည်း အသေအချာမသိရပေ။ အချို့က
ဝါတော် ၂ဝ ပြည့်တွင် ပျံလွန်တော်မူသည်ဟုဆိုကာ သက္ကရာဇ်
၁၁၆ဝ ပြည့်နှစ်ခန့်ဟု ခန့်မှန်းကြလေသည်။ ထိုဇာတ်တော်ကြီး
ရှစ်စောင်နှင့်ပင် မင်းဘူးဆရာတော်၏အမည်မှာ စာပေသမိုင်း
တွင် မော်ကွန်းတင်ခြင်း ခံခဲ့ရလေသည်။ ဦးသြဘာသဆရာ
တော် ရေးသားသော အောက်ဖော်ပြပါ ဇာတ်တော်ကြီးရှစ်စောင်
နှင့် ပြီးသော ခုနှစ်သက္ကရာဇ်စာရင်းတို့ကို ထောက်ရှုခြင်းဖြင့်
ဦးသြဘာသ၏ အရည်အချင်းဉာဏ်စွမ်းဉာဏ်စကို အကဲခတ်နိုင်
ပေသည်။
 
၁။ စန္ဒကုမာရ ၁၁၄၄ ခုနှစ် ပြာသိုလ။
၂။ နာရဒ ၁၁၄၄ ခုနှစ် တပေါင်းလ၊
၃။ ဝိဓုရ ၁၁၄၅ ခုနှစ် ဝါခေါင်လ၊
၄။ ဝေဿန္တရာ ၁၁၄၅ ခုနှစ် တပေါင်းလ၊
၅။ မဟောသဓာ ပ၊ဒု ၁၁၄၆ ခုနှစ် တန်ဆောင်မုန်းလ၊
၆။ မဟာဇနက ၁၁၄၇ ခုနှစ် နယုန်လ၊
၇။ နေမိ ၁၁၄၈ ခုနှစ် ဝါဆိုလ၊
၈။ တေမိယ ၁၁၄၈ ခုနှစ် တပို့တွဲလ၊
အထက်ပါစာရင်းကိုကြည့်ခြင်းဖြင့် ဦးသြဘာသသည်
နာရဒဇာတ်တော်ကို နှစ်လနှင့်အပြီးရေး၍ ဝိဓုရဇာတ်ကို
ငါးလနှင့်ရေးပြီးလျှင် အလြားဇာတ်တော်များကို အကြာဆုံး
ခုနှစ်လအတွင်း ပြီးစီးအောင် ရေးသည်။ ဤမျှတိုတောင်းသော
အချိန်ကာလအတွင်း စကားပြေအရေးအသားတွင် အလွန်
ကောင်းမွန်၍ စံတင်လောက်သော ဇာတ်တော်ကြီးများကို
ပြီးစီးအောင်မြင်စွာရေးသားနိုင်သည့် ဆရာတော်၏အရည်အချင်း
ကို မချီးကျူးဘဲ အသူနေနိုင်ပါအံ့နည်း။
 
ဦးသြဘာသ၏အရေးအသားမှာ ပြေပြစ်ပေါ်လွင်၍
စေ့စပ်၏။ စကားပို စကားကြွင်းမရှိ။ စကားပြေအရေးအသား
တွင် တစ်ခါတစ်ရံ လင်္ကာသဘော ရောနှောထည့်သွင်းထား
သဖြင့် ကာလပေါ်ဝတ္ထုများကဲ့သို့ အပျော်သက်သက်ဖတ်ရန်
လည်း သင့်လျော်လေသည်။ ဦးသြဘာသစီရင်သော ဇာတ်တော်
ကြီးများမှာ တရားသဘောနွယ်သော ဗုဒ္ဓမုခပါဌ် မဟာနိပါတ်
လာ ဇာတ်ကြောင်းများဖြစ်၏။ ထို့ကြောင့် တရားသဘောဖြင့်
ဖတ်ရှုနိုင်၏။ ဝါကျတိုကလေးများဖြင့် တိုတိုတုတ်တုတ်လိုရင်း
အကြောင်းအရာများကို ထိမိအောင်ရေးသားနိုင်သော ရဟန်း
စာဆိုကျော်ကြီးပေ။ ဝေဿန္တရာဇာတ်တော်ကြီးမှာ ဦးသြဘာသ
ဆရာတော်၏ အကောင်းဆုံးလက်ရာဖြစ်လေသည်၊၊<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
== ကိုးကား ==
<references/>
"https://my.wikipedia.org/wiki/ဩဘာသ" မှ ရယူရန်