အိုလံပစ် အားကစားပွဲတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - or:ଅଲମ୍ପିକ
No edit summary
စာကြောင်း ၆၃ -
မည်သို့ပင်ဆိုကြစေ ဘီစီ ၇၇၆ ခုနှစ်တွင် မှတ်တမ်းများ စနစ်တကျ တင်ထားသော ပထမဆုံးအိုလံပစ်ပွဲတော် ကျင်းပခဲ့သည်ဟု သုတေသီများက တညီတညွတ်တည်း သဘောတူလက်ခံထားကြသည်။<ref>အိုလံပစ်၊
ရေးသားသူ-ဗဟိုသိမ်းဆောင်၊၁၉၇၀ စာပေဗိမာန်တိုက်ထုတ်</ref>
==ကမ္ဘာ့အားကစားပွဲတော်ကြီး==
ရှေးခေတ်ဂရိတို့သည် အိုလင်းပီယာချိုင့်ဝှမ်းရှိကွင်းပြင်တွင်
ဇုနတ်မင်းကြီးအားပူဇော်ပသပွဲကို လေးနှစ်တစ်ကြိမ်ကျင်းပခဲ့ရာ
ထိုနတ်ပွဲနှင့်အတူ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့၍
အိုလံပစ်ကစားပွဲဟု တွင်ခဲ့သည်။ သို့သော် ကြေးစား
ဆန်လာသောကြောင့် ၃၉၄ ခုနှစ်တွင် ပိတ်ပင်ခြင်းခံခဲ့ရသည်။
၁၈၉၆ ခုနှစ်သို့ရောက်သော် ပြင်သစ်အမျိုးသား ဗဲရွန်ပီယဲဒါ
ကူဗာတင်၏ ကျေးဇူးကြောင့် အိုလံပစ်ကစားပွဲများကို ပြန်
လည်ကျင်းပနိုင်ခဲ့လေသည်။
 
==အိုလံပစ်ကစားပွဲ==
အိုလံပစ်ကစားပွဲသည်
လေးနှစ်လျှင်တစ်ကြိမ်ကျ ကျင်းပသော အပြည်ပြည်ဆိုင်ရာ
အားကစားပွဲတော်ကြီးဖြစ်သည်။ ယခုခေတ် အိုလံပစ်ကစားပွဲ
ကို ၁၈၉၆ ခုနှစ်ကမှစ၍ရေတွက်ခဲ့ကြသော်လည်း စင်စစ်အား
ဖြင့် ဤကစားပွဲသည် ရှေးခေတ်ဂရိလူမျိုးတို့၏အိုလံပစ်ကစားပွဲကို ပြန်လည်ဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ရှေးခေတ်က ဂရိလူမျိုးတို့သည် အိုလင်းပီယာချိုင့်ဝှမ်း
ရှိကွင်းပြင်တွင် ဇုနတ်မင်းကြီးအား ပူဇော်ပသသော နတ်ပွဲကို
လေးနှစ်တစ်ကြိမ်ကျ ဇူလိုင်လ၌ ကျင်းပလေ့ရှိခဲ့ကြသည်။
ထိုနတ်ပွဲတွင် မြေပြန့်အပြေးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပ
လေ့ရှိကြသည်။ ဦးစွာ၌ ကိုက် ၂ဝဝ ခန့်ရှိသော တာပြေးပွဲ
တစ်ခုတည်းသာ ရှိလေသည်။ နောင်အခါ၌ ပြေးပွဲ၊ ခုန်ပွဲ၊
နပန်းသတ်ပွဲ၊ သံပြားဝိုင်းပစ်ပွဲ၊ လှံတံပစ်ပွဲဟူ၍ ပြိုင်ပွဲငါးမျိုး
ပါဝင်သောကစားပွဲကို ထည့်သွင်းခဲ့ကြသည်။ တစ်ဖန် လက်ဝှေ့
ပွဲနှင့် ရထားပြိုင်ပွဲများကိုလည်း ထပ်ဖြည့်ခဲ့ကြပြန်သည်။
 
ဂရိတို့သည် အလွန်ရှေးကျသော ခေတ်အခါကတည်း
က ဇုနတ်မင်းကြီးပွဲတော်နှင့်အတူ အပြေးပြိုင်ပွဲများကို ကျင်းပ
ခဲ့ကြသော်လည်း ဘီစီ ၇၇၆ ခုနှစ်မှ အစပြု၍သာလျှင်
ပြိုင်ပွဲများ၌ ထူးချွန်အနိုင်ရသူများ၏ စာရင်းကို မှတ်တမ်းတင်
ခဲ့ကြလေသည်။ ထို့ကြောင့် ထိုခုနှစ်ကိုအခြေပြု၍ ပွဲတော်
တစ်ခုနှင့်တစ်ခုအကြားရှိ ''အိုလင်းပီယက်'' ခေါ် လေးနှစ်ခြား
ကာလကို ဧကမူထားလျက် အချိန်ကိုရေတွက်ခဲ့ကြသည်။ ပြိုင်ပွဲ
များကျင်းပနေစဉ် ဂရိပြည်နယ်တို့သည် အချင်းချင်းတိုက်ခိုက်မှု
ကို သဘောတူရပ်စဲထားကြသည်။ ပြိုင်ပွဲဝင်များသည် ပြစ်မှု
တစ်စုံတစ်ခုကြောင့် နာမည်ပျက်ရှိသူ မဖြစ်စေရချေ။
 
ဂရိတို့၏ အိုလင်းပစ်ပွဲတော်သည် နတ်ပွဲနှင့်အားကစား
ပြိုင်ပွဲကိုတွဲ၍ ငါးရက်တိုင်ကျင်းပသော ပွဲတော်ဖြစ်ရာ ပထမ
ဆုံးနေ့တွင် ဇုနတ်မင်းကြီးအား ပူဇော်ပသသည့်အခမ်းအနားကို
ဆင်ယင်ပြုလုပ်ကြသည်။ အိုလင်းပီယာချိုင့်ဝှမ်းတွင် အနုပညာ
လက်ရာမြောက်သော နတ်ရုပ်ထုများနှင့် နတ်ကွန်းများတည်ရှိ
လေသည်။ အထူးသဖြင့် ဂရိနတ်တို့၏ ဖခင်ဖြစ်သော ဇုနတ်
ရုပ်တုကြီးနှင့် နတ်ကွန်းတို့မှာ ကြီးကျယ်ခမ်းနားလှပေသည်။
ထိုနတ်ရုပ်တုကြီးကို နာမည်ကျော်ရုပ်လုံးထုဆရာ[[ဖီးဒီးယက်]]က
ဆင်စွယ်နှင့်ရွှေတို့ဖြင့် ထုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဟီးရ
အစရှိသော အခြားဂရိနတ်တို့အတွက် နတ်ကွန်းများလည်း ထို
အရပ်၌တည်ရှိသည်။
 
 
နတ်ပွဲအခမ်းအနား ပြီးသည့်နောက် ပြေးပွဲပြိုင်ပွဲများကို
လည်း ဆက်လက်၍ကျင်းပသည်။ ဒိုင်လူကြီးများက တရားသ
ဖြင့် အဆုံးအဖြတ်ပေးပါမည် ဟူ၍လည်းကောင်း၊ ပြိုင်ပွဲဝင်တို့
က ယှဉ်ပြိုင်ရခြင်းကိုသာအဓိကထားပါမည် ဟူ၍လည်းကောင်း
သစ္စာပြုကျိန်ဆိုကြရသည်။ အပြေးပြိုင်ပွဲများကို ဦးစွာကျင်းပ
လေ့ရှိကြသည်။ ထိုအိုလင်းပီယာ အပြေးပြိုင်ပွဲတွင် အနိုင်ရသူ
တို့ကိုထူးခြားစွာ ချီးကျူးမြေ|ာက်စားလေ့ရှိကြသည်။ အနိုင်ရသူ
လူစွမ်းကောင်းတို့အား ဂရိအမျိုးသားများက အထွတ်အမြတ်
ထားသော သံလွင်ပင်မှ အရွက်အခက်များဖြင့်ပြုလုပ် ထားသည့်
သရဖူကို ဦးခေါင်းတွင်ဆင်ယင်ပေးကြသည်။ သရဖူဆောင်း
လူစွမ်းကောင်းတို့သည် နတ်ကွန်းများတည်ရှိရာ အရပ်ကိုစီတန်း
လှည့်ပတ်သည့်အခါ ပရိသတ်က သောင်းသောင်းဖျဖျ ချီးကျူး
သြဘာပေးကြသည်။ သံတော်ဆင့်များကလည်း အောင်ပွဲရ
ပုဂ္ဂိုလ်တို့၏ အမည်နာမများကို နိုင်ငံတွင်းရှိအပြည်ပြည်အနယ်
နယ်သို့ လှည့်လည်၍ကြေညာရလေသည်။ ထိုသူတို့၏ ပုံတူ
ရုပ်လုံးတူများကို ထုလုပ်၍လည်းကောင်း၊ ယင်းတို့အကြောင်းကို
ကဗျာလင်္ကာများ ဖွဲ့စပ်သီဆို၍လည်းကောင်း ချီးကျူးလေ့ရှိကြ
သည်။ ယင်းတို့နေထိုင်သည့် ပြည်နယ်များကလည်းကြီးကျယ်
ခမ်းနားစွာကြိုဆို၍ ထူးခြားသောဆုလက်ဆောင်များ ပေးအပ်ချီး
မြ|င့်လေ့ရှိကြသည်။
 
ဦးစွာ၌ ဂရိအမျိုးသားစစ်စစ်တို့သာလျှင် အိုလင်းပစ်
ကစားပွဲ၌ ပါဝင်ယှဉ်ပြိုင်နိုင်ကြသော်လည်း ရောမဘုရင်
ဧကရာဇ်များ ကြီးစိုးသောခေတ်သို့ ရောက်သောအခါ ရောမ
အားကစားသမားများကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ရောမဧကရာဇ်တို့က ဂရိတို့၏ အယူဝါဒရေး၊ မျိုးချစ်စိတ်ထက်
သန်ရေး၊ အားကစားနှင့် ကာယဗလဖွံ့ဖြိုးရေးဆိုင်ရာ ပွဲတော်
ကြီးကို ပျော်ပွဲရွှင်ပွဲသက်သက်အဖြစ်သို့ ပြောင်းပစ်ခဲ့ကြသည်။
ထို့နောက် နှစ်များစွာကြာသောအခါ အိုလင်းပစ်ကစားပွဲတွင်
မူလရည်ရွယ်ချက် ပျောက်ကွယ်၍ ကြေးစားအားကစားသမား
များပါဝင်သော ပြိုင်ပွဲဆန်ဆန် ဖြစ်လာလေသည်။ ထို့ကြောင့်
အေဒီ ၃၉၄ ခုနှစ်တွင် ရောမဧကရာဇ် သီအိုဒိုးရှပ်က
အိုလင်းပစ်ကစားပွဲကို ပိတ်ခဲ့သည်။ ယင်းသို့အားဖြင့် နှစ်ပေါင်း
၁၅ဝဝ ကျော်မျှ အိုလင်းပစ်ကစားပွဲများ တိမ်မြုပ်ခဲ့ရလေသည်။
၁၈၇၈ ခုနှစ်သို့ရောက်သော် ရှေးဟောင်းပစ္စည်းတူးဖော်
သူ ဂျာမန်အမျိုးသား ဟိုင်းနရစ်ရှလီမန်းသည် ရှေးဂရိတို့၏
အိုလင်းပစ်ကစားကွင်းကို တူးဖော်ခဲ့သည်။ ထို့နောက် ပြင်သစ်
အမျိုးသား ဗဲရွန်ဘွဲ့ရ ပီယဲ ဒါ ကူဗာတင် ဆိုသူက ခေတ်
ပညာသင်ကြားရေးတွင် ရှေးဂရိတို့၏ အားကစားစိတ်ဓာတ်ကို
တွဲ၍ ဖော်ထုတ်ပေးခြင်းအားဖြင့် နိုင်ငံချင်းချင်းဆက်ဆံမှု ပို၍
တိုးတက်လာဖွယ်ရာရှိကြောင်းကို နိုင်ငံအသီးသီးရှိ အားကစား
လေ့လာလိုက်စားသူများထံ တင်ပြခဲ့သည်။ ယင်းပုဂ္ဂိုလ်၏ ကြိုး
ပမ်းမှုကြောင့် ၁၈၉၄ ခုနှစ်တွင် ကမ္ဘာ့အိုလင်းပစ်အသင်းကို
တည်ထောင်ခဲ့ကြပြီးလျှင် ၁၈၉၆ ခုနှစ်၌ ဂရိနိုင်ငံ အက်သင်း
မြို့တွင် ယခုခေတ် အိုလင်းပစ်ကစားပွဲကို ဦးဆုံးအကြိမ် ကျင်း
ပနိုင်ခဲ့သည်။ ထိုကစားပွဲတွင် နိုင်ငံကိုးနိုင်ငံမှ အားကစားသမား
များ ပါဝင်ယှဉ်ပြိုင်ကြ၍ ၂၆ မိုင်ကျော်ရှိသော မာရသွန်တာ
အဝေးပြေးပွဲကို ပထမဦးဆုံး ထည့်သွင်းခဲ့ကြသည်။
 
ထိုနှစ်မှအစပြု၍ ကမ္ဘာ့အိုလင်းပစ်အသင်းက အိုလင်း
ပစ်ကစားပွဲကို လေးနှစ်တစ်ကြိမ်ကျ နိုင်ငံအသီးသီးတွင် စီစဉ်
ကျင်းပခဲ့သည်။ အိုလင်းပစ်ကစားပွဲကို လေးနှစ်ခြား၍ ကျင်းပ
လာခဲ့ရာ ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက ထို
ကစားပွဲများကို ရပ်ဆိုင်းထားခဲ့ရသည်။ ပထမကမ္ဘာစစ်ကြောင့်
၁၉၁၆ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့ရသော ကစားပွဲကို ၁၉၂ဝ
ပြည့်နှစ်၌လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ကြောင့် ၁၉၄ဝ ပြည့်
နှစ်တွင် ရပ်ဆိုင်းခဲ့ရသောကစားပွဲကို ၁၉၄၈ ခုနှစ်တွင်လည်း
ကောင်း ပြန်၍ကျင်းပခဲ့ကြသည်။ ၁၉၇၂ ခုနှစ် တွင် အကြိမ်
၂ဝ မြောက် အိုလင်းပစ်ကစားပွဲကို ပြည်ထောင်စုသမ္မတ ဂျာမနီ
နိုင်ငံ မြူးနစ်မြို့၌ ကျင်းပခဲ့သည်။ ၁၉၇၆ ခုနှစ် သြဂုတ်လ ၁
ရက်နေ့တွင် ကနေဒါနိုင်ငံ မွန်ထရီးအော မြို့၌ ၂၁ ကြိမ်
မြောက် အိုလင်းပစ်ကစားပွဲ ကျင်းပမည်ဖြစ်လေသည်။
အိုလင်းပစ်ကစားပွဲများ ကျင်းပခဲ့ရာမြို့များနှင့် တရား
ဝင်မဟုတ်သော်လည်း ဗိုလ်စွဲခဲ့သောနိုင်ငံများမှာ အောက်ပါအ
တိုင်းဖြစ်သည်-
===ကျင်းပခဲ့သည့်နှစ် ကျင်းပခဲ့ရာမြို့ ဗိုလ်စွဲသည့်နိုင်ငံ ===
*၁၈၉၆ အေသင်မြို့ (ဂရိနိုင်ငံ) အမေရိကန်ပြည်ထောင်စု
*၁၉ဝဝ ပါရစ်မြို့ (ပြင်သစ်နိုင်ငံ) -၎င်း-
*၁၉ဝ၄ စိန်လူဝီမြို့ (အမေရိကန်ပြည်ထောင်စု) -၎င်း-
*၁၉ဝ၆ အက်သင်းမြို့ (ဂရိ) (တရားဝင်မဟုတ်) -၎င်း-
*၁၉ဝ၈ လန်ဒန်မြို့ (ဂရိတ်ဗြိတိန်) -၎င်း-
*၁၉၁၂ စတော့ဟုမ်းမြို့ (ဆွီဒင်) -၎င်း-
*၁၉၂ဝ အန့်တွပ်မြို့ (ဘယ်လဂျီယမ်) -၎င်း-
*၁၉၂၄ ပါရစ်မြို့ (ပြင်သစ်) -၎င်း-
*၁၉၂၈ အမ္မစတာဒမ်မြို့ (နယ်သာလန်) -၎င်း-
*၁၉၃၂ လော့စိန်းဂျလီးမြို့ (အမေရိကန်ပြည်ထောင်စု) -၎င်း-
*၁၉၃၆ ဘာလင်မြို့ (ဂျာမနီ) ဂျာမနီ
*၁၉၄၈ လန်ဒန်မြို့ (ဂရိတ်ဗြိတိန်) အမေရိကန်ပြည်ထောင်စု
*၁၉၅၂ ဟဲလဆင်ကီမြို့ (ဖင်းလန်) -၎င်း-
*၁၉၅၆ မဲလဘုန်းမြို့(သြစတြေးလီးယား) ဆိုဗီယက်ယူနီယံ
*၁၉၆ဝ ရောမမြို့ (အီတလီ) -၎င်း-
*၁၉၆၄ တိုကျိုမြို့ (ဂျပန်) အမေရိကန်ပြည်ထောင်စု
*၁၉၆၈ မက္ကဆီကိုမြို့ (မက္ကဆီကို) -၎င်း-
*၁၉၇၂ မြူးနစ်(ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ) ဆိုဗီယက်ယူနီယံ
 
ယခုအခါ အိုလင်းပစ်ကစားပွဲတွင် ပြေးခုန်ပစ်ပြိုင်ပွဲ
များသာမက ရေကူးပြိုင်ပွဲ၊ ဘောလုံးကစား ပြိုင်ပွဲ၊ သေနတ်ပစ်
ပြိုင်ပွဲ အစရှိသော ခေတ်မီပြိုင်ပွဲအမျိုးမျိုးတို့လည်း ပါဝင်သည်။
ထို့ပြင် ၁၉၂၄ ခုနှစ် ကစားပွဲမှအစပြု၍ စက်ဘီးစီးပြိုင်ပွဲ၊
စကိတ်စီးပြိုင်ပွဲ၊ ရေခဲဟော်ကီကစားပြိုင်ပွဲ စသော ရေခဲပြင်
ပေါ်၌ ယှဉ်ပြိုင်ရသည့် ဆောင်းရာသီကစားပွဲများကိုလည်း
ထည့်သွင်းခဲ့ကြသည်။ တစ်ဖန် ၁၉၂၈ ခုနှစ်မှစ၍ အမျိုးသမီး
အတွက် အားကစားပြိုင်ပွဲများလည်း ပါဝင်လာခဲ့လေသည်။
အိုလင်းပစ်ကစားပွဲသည် အပြည်ပြည်ဆိုင်ရာ ပွဲတော်
ကြီးဖြစ်သဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းများစွာတို့မှ လက်ရွေး
စင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည်။ တိုင်းနိုင်ငံ
အများတွင် အိုလင်းပစ်ကစားပွဲတစ်ခု ပြီးဆုံးသည့်အချိန်မှအစ
ပြု၍ နောက်တစ်ကြိမ် ကစားပွဲအတွက် အားကစားသမားများ
ကို ကျွမ်းကျင်သော နည်းပြဆရာများထံ၌ စနစ်တကျ လေ့
ကျင့်စေကြသည်။ ဤသို့အားဖြင့် မိမိတို့နှင့်သက်ဆိုင်ရာ ကစား
ခုန်စားပွဲများတွင် အခြားသူများထက် ထူးချွန်လာနိုင်ကြမည်ဖြစ်
သည်။ အိုလင်းပစ်ကစားပွဲကို လက်ခံကျင်းပရသော နိုင်ငံ
ကလည်း ခေတ်မီကစားကွင်းနှင့်တကွ ပါဝင်ယှဉ်ပြိုင်သူတို့
တည်းခိုနေထိုင်ရန်အတွက် နေရာထိုင်ခင်းများကို ခမ်းနားတင့်
တယ်အောင် ပြင်ဆင်ထားလေ့ရှိကြသည်။ နိုင်ငံအသီးသီးမှ
အားကစားသမားအားလုံးတို့ နေထိုင်ရန်အတွက် ''အိုလင်းပစ်
ရွာ'' ကို တည်ဆောက်လေ့ရှိသည်။ ထိုရွာတွင် သက်ဆိုင်ရာ
နိုင်ငံသားအချင်းချင်း တစ်စုတဝေးတည်း နေထိုင်နိုင်ကြသည်။
အားကစားသမားများသည် ရေပြောင်းမြေပြောင်း၌ နေသားကျ
ရန်အတွက် ကစားပွဲကျင်းပရာနိုင်ငံသို့ အချိန်စောစွာ ကြိုတင်
လာရောက်လေ့ရှိကြသည်။
 
ဆောင်းရာသီကစားပွဲများကို အခြားကစားပွဲများမကျင်း
ပမီ ကျရောက်သော ဆောင်းရာသီတွင်း၌ ကျင်းပလေ့ရှိသည်။
ကမ္ဘာ့အိုလင်းပစ်အသင်းက ဆောင်းရာသီကစားပွဲများ ကျင်းပ
ရန်အတွက် သင့်တော်သော နိုင်ငံတစ်ခုခုကို သတ်မှတ်ပေး
သည်။
 
အိုလင်းပစ် ဆောင်းရာသီကစားပွဲ ကျင်းပခဲ့သော
ဒေသများနှင့် တရားဝင်မဟုတ်သော်လည်း ဗိုလ်စွဲခဲ့သောနိုင်ငံ
များမှာ အောက်ပါအတိုင်းဖြစ်သည်-
 
 
===ကျင်းပခဲ့သည့်နှစ် ကျင်းပခဲ့ရာဒေသ ဗိုလ်စွဲသည့်နိုင်ငံ ===
*၁၉၂၄ ရှာမိုနစ် (ပြင်သစ်) နော်ဝေးနိုင်ငံ
*၁၉၂၈ စိန်မောရဇ် (ဆွစ်ဇာလန်) -၎င်း-
*၁၉၃၂ ပလာဆစ်အိုင် (အမေရိကန်ပြည်ထောင်စု) အမေရိကန်ပြည်ထောင်စု
*၁၉၃၆ ဂါမစ်ရှ-ပါတင်ကာချင် (နော်ဝေး) နော်ဝေးနိုင်ငံ
*၁၉၄၈ စိန်မောရဇ် (ဆွစ်ဇာလန်) ဆွီဒင်နိုင်ငံ
*၁၉၅၂ အော့စလို (နော်ဝေး) နော်ဝေးနိုင်ငံ
*၁၉၅၆ ကော့တီနာဒမ်ပက်ဇို (အီတလီ) ဆိုဗီယက်ယူနီယံ
*၁၉၆ဝ စကောချိုင့်ဝှမ်း (အမေရိကန်ပြည်ထောင်စု) -၎င်း-
*၁၉၆၄ အင်းစဗရွတ် (သြစတြီးယား) ဆိုဗီယက်ယူနီယံ
*၁၉၆၈ ဂရင်းနိုဗဲ (ပြင်သစ်) နော်ဝေးနိုင်ငံ
*၁၉၇၂ ဆက်ပိုရို (ဂျပန်) ဆိုဗီယက်ယူနီယံ
*၁၉၇၆ ခုနှစ် ဆောင်းရာသီကစားပွဲကို သြစတြီးယား နိုင်ငံ
အင်းစဗရွတ်မြို့၌ ထိုနှစ် ဖေဖေါ်ဝါရီလအတွင်း ကျင်းပ
မည်ဖြစ်၏။
 
အိုလင်းပစ်ကစားပွဲကို စတင်ကျင်းပသောနေ့တွင် ဂရိ
နိုင်ငံအိုလင်းပီယာအရပ်၌ နေ၏အပူရှိန်ဖြင့် ထွန်းည|ိခဲ့၍ ကုန်း
တစ်တန်၊ ရေတစ်တန်၊ လေတစ်တန်ဖြင့် ယူဆောင်ခဲ့သော မီး
ရှူးတိုင်ကို ကစားကွင်းထဲသို့အရောက် အားကစားသမားများက
လက်ဆင့်ကမ်းသယ်ယူခဲ့ပြီးနောက် အိုလင်းပစ်မီးတိုင်ကို တစ်
ဆင့်ထွန်းည|ိကြသည်။ ကစားကွင်းရှိထိုမီးတိုင်သည် ပြိုင်ပွဲကျင်း
ပနေချိန်အတွင်း အရှိန်မပျက်တောက်လောင်လျက် ရှိစေရသည်။
အိုလင်းပစ်ကစားပွဲကို ကျင်းပရခြင်းသည် နိုင်ငံအချင်းချင်း
ပိုမိုရင်းနှီးလာစေ ရန်အတွက်လည်းကောင်း၊ ''ကိုယ်ကျန်းက
စိတ်ရွှင်''ဟု ဆိုရိုးရှိသည့်အတိုင်း နိုင်ငံအသီးသီးတွင် ကိုယ်
လက်ကြံ့ခိုင်သူ အားကစားသမားအများအပြားပေါ်ထွက်ရန်
အတွက်သော်လည်းကောင်း ရည်ရွယ်ပေသည်။ ထို့ကြောင့်
အိုလင်းပစ်ကစားပွဲ၏ ဆောင်ပုဒ်မှာ ''အနိုင်ရခြင်းသည်ပဓာန
မဟုတ်၊ ပါဝင်ယှဉ်ပြိုင်ရခြင်းသည် အဓိက'' ဟူ၍ဖြစ်လေ
သည်။ ကမ္ဘာ့အိုလင်းပစ်အသင်းကို စတင်တည်ထောင်သော
ဇွန်လ ၂၃ ရက်နေ့ကိုလည်း [[ကမ္ဘာ့အိုလံပစ်နေ့]]ဟူ၍ သတ်
မှတ်လျက် ထိုနေ့တွင် နိုင်ငံအသီးသီးတို့၌ အားကစားနှင့် ဆိုင်
သောအထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလေ့ရှိကြသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
 
== အကိုးအကား ==
<References/>