အက်တမ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - als:Atom
No edit summary
စာကြောင်း ၁ -
[[Image:Helium atom QM.svg|thumb|300px|ဟီလီယမ် အက်တမ်]]
အက်တမ် (Atom) ဆိုသည်မှာ အရာဝတ္တု ပစ္စည်းတစ်ခု ၏ အသေးငယ်ဆုံး အစိတ်အပိုင်းအား အက်တမ်ဟု ခေါ်ဆိုပါသည်။ ဂရိ ဘာသာစကား အရ ''indivisible'' ခွဲခြားလို့ မရနိုင်သော ဟူပြီး အဓိပ္ပါယ် ရပါသည်။ အက်တမ်၏ ဖွဲ့စည်းပုံမှာ.ထိုအက်တမ် ၏ အလယ်ဗဟို တွင် နျူးကလီးယပ်(Nucleus) ရှိပြီး ထို [[နျူးကလီးယပ်]]အား [[အီလက်ထရွန်]]က လှည့် ပါတ်နေပါသည်။ အက်တမ်၏ အလယ်ဗဟို တွင်ရှိသော နျူးကလီးယပ်ထဲတွင် [[ပရိုတွန်]][[လျှပ်စစ်]]အဖိုဂုဏ်သတ္တိ ရှိသည့် အမှုန် နှင့်[[နျူထရွန်]] မည်သည့် လျှပ်စစ်ဂုဏ်သတ္တိ မှ မဆောင်သော အမှုန်တို့ ရှိပါသည်။ ထို့ကြောင့် အက်တမ် ဗဟိုထု သို့ နျူးကလီးယပ်သည် လျှပ်စစ်အဖို ဂုဏ်သတ္တိ အား ပိုင်ဆိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ပရိုတွန် နှင့် နယူထရွန် ရှိသည့် အနက် နယူထရွန်မှာ မည်သည့် ဂုဏ်သတ္တိမှ မပိုင်ဆိုင်သောကြောင့် အဖို ဂုဏ်သတ္တိ ရှိသော ပရိုတွန်က ကြီးစိုးသောကြောင့် နယူကလီးယပ် တွင် အပေါင်း သို့ လျှပ်စစ်အဖို ဂုဏ်သတ္တိ ရှိပါသည်။ ထို နယူကလီးယပ် အား လှည့်ပါတ်နေသော အီလက်ထရွန် တွင် လျှပ်စစ်အမ ဂုဏ်သတ္တိ ရှိပါသည်။ အက်တမ် တစ်ခု လုံးသည် ကား မည်သည့် လျှပ်စစ် ဂုဏ်သတ္တိကို မှ မဆောင် ပါ။ အဘယ်ကြောင့် ဆိုသော် အက်တမ်၏ အလယ်ဗဟို တွင် ရှိသော နျူးကလီးယပ်တွင် အဖို ဂုဏ်သတ္တိ ရှိပြီး ထို နျူးကလီးယပ်အား လှည့်ပါတ်နေသော အီလက်ထရွန် တွင် အမ ဂုဏ်သတ္တိ ရှိသောကြောင့် အဖို နှင့် အမ ဓါတ်ပြုပြီး အက်တမ် အမှုန်သည် မည်သည့် လျှပ်စစ်ဂုဏ်သတ္တိမှ မရှိခြင်း ဖြစ်ပါသည်။
 
 
==အက်တမ်==
ဤလောကကြီးအတွင်း၌ ရှိကြကုန်သော
အရာဝတ္ထုဟူသမျှတို့သည် ပကတိမျက်စိဖြင့် မမြင်စွမ်းနိုင်သော
အလွန်သေးငယ်သိမ်မွေ့လှသည့် မြူမှုန်တို့ဖြင့်သာ စုပေါင်းဖွဲ့
စည်းထားသည်ဟု ရှေးခေတ်အခါကပင် လူအများတို့ ယူဆလာ
ခဲ့ကြလေသည်။ ဘီစီ ၄ဝဝ ခန့်က ဒီမော့ကရစ်တပ် အမည်ရှိ
သော ဂရိလူမျိုး ဒဿနိကပညာကျော်က လောကကြီးအတွင်း၌
တစ်စုံတစ်ရာ ဘာမျှမရှိသော အာကာသများနှင့် မျက်စိဖြင့်
မမြင်ကောင်းသော မြူမှုန်တို့ရှိကြောင်း ပြောခဲ့လေသည်။ ထို
ပညာရှိကြီးအလိုအားဖြင့် ဒြဗ်သည် ထိုမြူမှုန်တို့ စုပေါင်း၍
ဖြစ်လာရသည်ဟုဆိုသည်။
 
 
ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်ရှိကြသော တော၊ တောင်၊
ရေ၊ မြေ၊ လူသတ္တဝါမှန်သမျှတို့သည် ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ
တွေ့မြင်နေရသကဲ့သို့ အငွေ့၊ အရည်၊ အခဲအနေဖြင့်မဟုတ်ဘဲ
အမှန်အားဖြင့် လျှပ်စစ်ဓာတ်ဖြင့်ပြီးသော အလွန်သေး၍ငယ်
သည့် မြူမှုန်ကလေးများ စုပေါင်းဖွဲ့စည်းထားခြင်းပင် ဖြစ်လေ
သည်။ ထိုမြူမှုန်ကလေးများကို အက်တမ်ဟုခေါ်ကြ၏။ အက်
တမ်ဟူသည်မှာ ဂရိဘာသာဝေါဟာရဖြစ်၍ မြန်မာဘာသာဖြင့်ဆို
လျှင် ခွဲစိတ်၍မရသောမြူမှုန်ဟု အဓိပ္ပာယ်ရလေသည်။
 
 
အက်တမ်တို့သည် ပကတိမျက်စိဖြင့် မမြင်စွမ်းနိုင်
အောင် သေးငယ်လှသောကြောင့် အက်တမ်ပေါင်း တစ်သန်းမျှ
ကို စီထားသည့်တိုင်အောင် ဆံခြည်ပင်တစ်လုံးစာမျှပင် ရှိလိမ့်
မည်မဟုတ်ချေ။ ဤမျှသေးငယ်သော အက်တမ်များသည် စကြ
ဝဠာတစ်ခုလုံးနှင့် မြင်မြင်သမျှ အရာဝတ္ထုမှန်သမျှကို တည်
ဆောက်ထားသော အုပ်ချပ်များပင်ဖြစ်ကြ၏။
 
 
ယနေ့အထိ သဘာဝအလျှောက် တွေ့ရှိထားသော ဒြဗ်
စင်တိို့၏ အရေအတွက်မှာ ၉၂ မျိုးဖြစ်ရာ ထိုဒြဗ်စင်တို့၏
အက်တမ်အမျိုးပေါင်းမှာလည်း ၉၂ မျိုးရှိသည်ဟုဆိုရပေလိမ့်
မည်။ ထိုအက်တမ်တို့သည် အမျိုးမျိုးအဖုံအဖုံ ယှဉ်တွဲပေါင်းစပ်
ကြ၍သာ ကုဋေကုဋာမက မရေတွက်နိုင်အောင် အမျိုးအစား
များပြားသော ပစ္စည်းများ ဖြစ်လာကြပေသည်။ ယခုအခါ
ကျွန်ုပ်တို့ သိရှိနားလည်ကြသော ဓာတုဗေဒပညာမှာ ဂျွန်ဒေါ်လ
တန် တီထွင်ခဲ့သော အက်တမ်သီအိုရီကို အခြေပြုကာ ပေါ်
ပေါက်ထွန်းကား၍ တိုးတက်လာရသော သိပ္ပံပညာရပ်ဖြစ်ပေ
သည်။ ခရစ် ၁၈ဝ၈ ခုနှစ်လောက်တွင် မန်ချက်စတာမြို့သား
ကျောင်းဆရာ ဂျွန်ဒေါ်လတန်သည် သူ၏ အက်တမ်သီအိိုရီကို
စတင်တီထွင်ခဲ့ရာ၌ ဒြဗ်စင်တို့တွင် အလေးချိန်တစ်ခုရှိသော
အက်တမ်တို့ပါဝင်ရမည်ဟု ယူဆပြီးလျှင် (၁) ဓာတုအချိုးမှန်
နိယာမနှင့် (၂) ဓာတုအချိုးအဆတိုး နိယာမ နှစ်မျိုးကို စတင်
ကြံစည် ရှင်းလင်းပြသခဲ့လေသည်။
 
 
ပထမ ဓာတုအချိုးမှန်နိယာမကို ရှင်းလင်းပြသရာ၌
ဓာတုဒြဗ်ပေါင်းတစ်မျိုးတွင် ပါဝင်မြဲဒြဗ်စင်တို့၏ အလေးချိန်
အချိုးသည် အစဉ်မှန်ကန်ရမည်ဟု ဖေါ်ပြထား၏။ ပုံပမာ- ရေ
ကိုရေတွင်း၊ ရေကန်၊ မြစ်၊ ချောင်း အသီးသီးတို့မှ ရရှိနိုင်
သည့်ပြင် ဓာတုဗေဒနည်းဖြင့်လည်း ရရှိနိုင်ရာ မည်သည့်နည်း
ဖြင့်ရသည်ဖြစ်စေ ထိုရေသည် ဟိုက်ဒြိုဂျင်အလေးချိန်တစ်ဆနှင့်
အောက်ဆီဂျင်အလေးချိန်နှစ်ဆဖြင့် ပေါင်းစပ်ထားကြောင်းတွေ့ရ
၏။ ဤအချိုးအစားမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်းမရှိဘဲ
အစဉ်မှန်ကန် လေသည်။
 
 
ဒုတိယနည်းဖြစ်သော ဓာတုအချိုးဆတိုး နိယာမကို
ရှင်းလင်းပြသရာ၌ ဒြဗ်စင်တစ်မျိုးသည် အခြားဒြဗ်စင်တစ်မျိုး
နှင့် ပေါင်းစပ်၍ တစ်ခုထက်များသော ဒြဗ်ပေါင်းများ ဖြစ်လာ
သောအခါ ပေါင်းစပ်ပါဝင်သော ထိုဒြဗ်စင်၏ အလေးချိန်အသီး
သီးသည် အငယ်ဆုံးအလေးချိန်နှင့် ဆတိုးအချိုးကျဖြစ်ရမည့်
အကြောင်းကို ဖော်ပြလေသည်။ ဥပမာပြရသော် နိုက်ထရိုဂျင်
နှင့် အောက်ဆီဂျင်တို့ ပေါင်းစပ်ရာ၌ အောက်ဆီဂျင်၏အချိုး
သည် လေးလီအချိုးလိုက် ပေါင်းစပ်ထားကြောင်းတွေ့ရ၏။
*ပထမ ဒြဗ်ပေါင်းတွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၄ ဆ။
*ဒုတိယဒြဗ်ပေါင်းတွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၈ ဆ။
*တတိယဒြဗ်ပေါင်းတွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၁၂ ဆ။
*စတုတ္ထဒြဗ်ပေါင်းတွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၁၆ ဆ။
*ပဉ္စမဒြဗ်ပေါင်းတွင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၂ဝ ဆ။
 
 
ဤသို့အသီးသီးပေါင်းစပ်ထားသော အထက်ပါဂဏန်း
များကိုကြည့်လျှင် နိုက်ထရိုဂျင်အလေးချိန် ၇ ဆတိုင်းတွင်
အောက်ဆီဂျင်သည် အလေးချိန်အားဖြင့် ၄ လီအချိုးလိုက်
ပေါင်းစပ်ထားသည်ကို တွေ့ရလေသည်။ တစ်နည်းအားဖြင့်
အောက်ဆီဂျင်အလေးချိန် အဆများဖြစ်သော ၄၊ ၈၊ ၁၂၊ ၁၆၊
၂ဝ တို့ကိုကြည့်လျှင် ထိုဂဏန်းများမှာ ၄ နှင့်စားနိုင်သည့်
ဂဏန်းများသာဖြစ်သည်ကို တွေ့ရလေသည်။
 
 
အက်တမ်အလေးဆ။ ။၉၂ ပါးသောဒြဗ်စင်တို့၏ ၉၂ မျိုး
သောအက်တမ်တစ်လုံးတစ်လုံးတွင် သီးခြားအလေးချိန် တစ်မျိုး
စီရှိကြ၏။ အက်တမ်သည် အလွန်သေးငယ် သိမ်မွေ့လှ၍
မမြင်စွမ်းနိုင်သော ပစ္စည်းဖြစ်သောကြောင့် သီးခြားအလေးချိန်ရှိ
သည်ဟု ဆိုရငြားသော်လည်း တကယ်အလေးချိန်ရရန်မှာ
အလွန်ခဲယဉ်းလှပေသည်။ ဓာတုဒြဗ်စင်တို့တွင် အပေါ့ဆုံးဖြစ်
သော ဟိုက်ဒြိုဂျင်ဒြဗ်စင်၏ အက်တမ်အလေးချိန်ကို ဧကမူ
အနေဖြင့် ထားခဲ့လေသည်။ သို့ရာတွင် ဒြဗ်ပေါင်းများတွင်
အောက်ဆီဂျင်သည် ဟိုက်ဒြိုဂျင်ထက် ဓာတ်ပေါင်းစပ်ရာ၌ ပိုမို
လွယ်ကူသောကြောင့်လည်းကောင်း၊ ဟိုက်ဒြိုဂျင်သည် အလွန့်
အလွန် ပေါ့ပါးလှသဖြင့် လက်တွေ့စမ်းသပ်ရာတွင် အမှားများ
တွေ့တတ်သောကြောင့်လည်းကောင်း၊ ဟိုက်ဒြိုဂျင်ကို ဧကမူ
အဖြစ်မထားဘဲ အောက်ဆီဂျင်အက်တမ်ကိုသာ ပြည်ထောင်
အသီးအသီးမှ အားလုံးသော ဓာတုဗေဒပညာရှင်တို့က ဧကမူ
အဖြစ်ရွေးချယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် ဟိုက်ဒြို
ဂျင်အက်တမ်ထက် ၁၅၏၈၈ လေးသော အောက်ဆီဂျင်အက်တမ်
၏ အလေးချိန်ကို ၁၅၏၈၈ မထားပဲ ၁၆တိတိ ထား၍ ဟိုက်
ဒြိုဂျင်အက်တမ်အလေးချိန်ကို ၁၏ဝဝ၈ ဟု သတ်မှတ်ထားကြ
၏။
 
 
ဤဧကမူ အလေးချိန်ကို ယနေ့တိုင်အောင် သုံးစွဲ
လျက်ရှိရာ သာမန်ကိစ္စများတွင် ဒသမများကိုဖြုတ်၍ ဟိုက်ဒြို
ဂျင်အက်တမ်အလေးချိန်နှင့် အောက်ဆီဂျင်အက်တမ်အလေးချိန်
အသီးအသီး ကို ၁ နှင့် ၁၆ ဟု သတ်မှတ်လိုက်ကြသည်။
ထို့ကြောင့် ဧကမူထားသော အက်တမ်အလေးချိန်ကို ရထား
ပြီးသောအခါ ထိုအက်တမ်နှင့် အခြားအခြားသောအက်တမ်တို့
ကို နှိုင်းယှဉ်ကြည့်လျှင် ထိုအက်တမ်တို့သည် အောက်ဆီဂျင်
အက်တမ်ထက် မည်မျှလေး၍ မည်မျှပေါ့ကြောင်းကိုသိရသဖြင့်
ထိုအက်တမ်တို့၏ အလေးဆများကိုလည်း သိရှိနိုင်လေသည်။
အထက်တွင်ဖော်ပြခဲ့သော အလွယ်ဆုံးဖြစ်သည့် ဒုတိ
ယဒြဗ်ပေါင်း နိုက်ထရစ်အောက်ဆိုက် န္ဒဥ တွင် နိုက်ထရို
ဂျင်အလေးချိန် ၇ ဆနှင့် အောက်ဆီဂျင်အလေးချိန် ၈ ဆ
ပေါင်းစပ်ထားကြောင်းတွေ့ရ၏။ ထိုဒြဗ်ပေါင်းတွင် နိုက်ထရိုဂျင်
အက်တမ်တစ်ခုနှင့် အောက်ဆီဂျင််အက်တမ်တစ်ခု ပေါင်းစပ်
ထား၏။ အောက်ဆီဂျင်အလေးချိန်ကို ၁၆ ဆ လုပ်လိုက်သော
အခါ နိုက်ထရိုဂျင်အလေးချိန်သည် ၁၄ ဖြစ်လာ၏။ သို့သော်
အောက်ဆီဂျင်အက်တမ် အလေးဆမှာ ၁၆ ဖြစ်သဖြင့် နိုက်ထရို
ဂျင်အက်တမ်၏ အလေးဆမှာ ၁၄ ဖြစ်တော့၏။
 
 
တစ်ဖန် အိုင်းယန်းအောက်ဆိုက် ွှနဥ ဒြဗ်ပေါင်းတွင်
အိုင်းယန်းအလေးချိန် ၇ ဆ နှင့် အောက်ဆီဂျင်အလေးချိန် ၂
ဆ ပေါင်းစပ်ထားသည်ကို တွေ့ရ၏။ ထိုဒြဗ်ပေါင်းတွင်လည်း
အိုင်းယန်း အက်တမ်တစ်ခုနှင့် အောက်ဆီဂျင်အက်တမ်တစ်ခု
ပေါင်းစပ်လျက်ရှိပေသည်။ အောက်ဆီဂျင်အဆကို ၂ မှ ၁၆
အထိ တိုးပေးလိုက်သောအခါ အိုင်းယန်း၏အဆသည်လည်း ၇
မှ ၅၆ အထိ တိုးတက်လာတော့၏။ သို့သော် အောက်ဆီဂျင်
၏ အက်တမ်အလေးဆမှာ ၁၆ ဖြစ်သဖြင့် အိုင်းယန်း၏
အက်တမ် အလေးဆမှာ ၅၆ ဖြစ်တော့၏။ ထို့အတူ အိုင်းယန်း
ဆာလဖိုက်ဒ်ခေါ် သံနှင့် ကန့်ဒြဗ်ပေါင်းတွင်လည်း သံ၏အက်
တမ်အလေးဆသည် ၅၆ ဖြစ်သောကြောင့် ကန့်အက်တမ်၏
အလေးဆသည် ၃၂ ဖြစ်ကြောင်းသိရသည်။
 
 
ဤအက်တမ်အလေးဆများနှင့် စပ်လျဉ်း၍ ၁၈၆၉
ခုနှစ်တွင် ရုရှလူမျိုး ဓာတုဗေဒပညာကျော် ဒိမိထရီမင်ဒီလေး
ယက်သည် အက်တမ်အလေးဆ ဇယားကွက်ကို စီစဉ်ရေးသားခဲ့
လေသည်။ ထိုအကြောင်းကို ဓာတုဗေဒအကြောင်းရပ်တွင်
အကျယ်ဖော်ပြထားသည်။
 
 
၁၈၁၁ ခုနှစ်တွင် အီတလီပြည်သား ဓာတုဗေဒပညာ
ကျော် တစ်ဦးဖြစ်သော အာဗိုဂါးဒရိုးသည် မော်လီကျူ၏
သဘောကို စတင်ဖော်ပြခဲ့လေသည်။ ထိုမော်လီကျူ၏သဘော
သည် အက်တမ်သီအိုရီကို ပိုမိုခိုင်မြဲစေလေသည်။ အာဗိုဂါးဒရိုး
ယူဆပုံမှာ ဒြဗ်စင်တို့ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဒြဗ်ပေါင်း
တစ်မျိုး၏ ဂုဏ်သတ္တိများ တစ်စုံတစ်ရာမပျက်ပြားဘဲ တည်မြဲ
နေနိုင်သည့် အငယ်ဆုံးသောအစိတ်အပိုင်းမှာ မော်လီကျူဖြစ်
သည်ဟု ယူဆ၏။ မော်လီကျူကို မသိရမီက အက်တမ်ဟူ
သော ဝေါဟာရတစ်ခုတည်းကိုပင် ဒြဗ်စင်နှင့် ဒြဗ်ပေါင်း
နှစ်မျိုးစလုံးတွင် အရောရောအနှောနှော အသုံးပြုခဲ့ကြလေသည်။
ဓာတုဗေဒအလိုအားဖြင့် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကဲ့သို့သော ဒြဗ်စင်
၏အသေးငယ်ဆုံးသော အစိတ်အပိုင်းကို ပြဆိုလိုသောအခါ
ဟိုက်ဒြိုဂျင်အက်တမ်ဟု ခေါ်လေ့ရှိ၏။ သို့သော် ဟိုက်ဒြိုဂျင်
နှင့် အောက်ဆီဂျင် ဒြဗ်စင်နှစ်မျိုး ပေါင်းစပ်၍ဖြစ်ပေါ်လာသော
ရေကဲ့သို့သော ဒြဗ်ပေါင်း၏ အသေးငယ်ဆုံးသော အစိတ်
အပိုင်းကို ပြဆိုလိုသောအခါ ရေမော်လီကျူဟု ခေါ်လေ့ရှိ၏။
ထို့ကြောင့် မော်လီကျူနှင့် အက်တမ်တို့ကို အဓိပ္ပာယ် ကွဲကွဲ
ပြားပြား သိရှိနားလည်ရန် လိုအပ်ပေသည်။
 
 
ဟိုက်ဒြိုဂျင်အက်တမ်နှစ်ခုနှင့် အောက်ဆီဂျင်အက်တမ်
တစ်ခုတို့ ပေါင်းစပ်၍ဖြစ်လာသော ရေမော်လီကျူတွင် ဟိုက်ဒြို
ဂျင်ဒြဗ်စင်၏ ဂုဏ်သတ္တိများလည်းမရှိ၊ အောက်ဆီဂျင်ဒြပ်စင်၏
ဂုဏ်သတ္တိလည်းမရှိ၊ သာမန် ရေ၏ဂုဏ်သတ္တိများသာ ရှိကြလေ
သည်။ အက်တမ်ဟူသောဝေါဟာရကို ဓာတုဗေဒ အလိုအားဖြင့်
ဒြဗ်စင်တို့အဖို့ အသုံးပြု၍ ဒြဗ်စင်တို့၏ အက်တမ်တို့ဖြင့်
ပေါင်းစပ်ဖွဲ့စည်းထားသော ဒြဗ်ပေါင်းတို့အဖို့မှာမူကား မော်လီ
ကျူဟူသော ဝေါဟာရကို အသုံးပြုရသည်။ ထို့ကြောင့် ဟိုက်
ဒြိုဂျင် အက်တမ်နှစ်ခုနှင့် အောက်ဆီဂျင်အက်တမ်တစ်ခုတို့
ပေါင်းစပ်ဖွဲ့စည်းမိလျှင် ရေမော်လီကျူတစ်ခု ဖြစ်လာရသည်ဟု
ဆို၏။ ထို့ပြင် ဓာတ်ငွေ့တွင် ဒြဗ်စင်တို့သည် အက်တမ်အဖြစ်
ဖြင့် တည်မနေကြဘဲ အက်တမ်ချင်းဖွဲ့စည်း၍ မော်လီကျူအဖြစ်
ဖြင့် တည်နေတတ်ကြ၏။ ယင်းသို့ဖြစ်ရကား ဟိုက်ဒြိုဂျင်
မော်လီကျူတစ်ခုတွင် ဖွဲ့စည်းပါဝင်သော ဟိုက်ဒြိုဂျင်အက်တမ်
နှစ်ခုပါရှိ၏။ အောက်ဆီဂျင် မော်လီကျူတစ်ခုတွင် အောက်ဆီ
ဂျင်အက်တမ်နှစ်ခု ပါဝင်ဖွဲ့စည်းလျက်ရှိ၏။ ထို့ကြောင့် ဒြဗ်
ပေါင်းတွင်ဖြစ်စေ၊ ဒြဗ်စင်တွင်ဖြစ်စေ ဓာတ်ဂုဏ်သတ္တိမပျက်ဘဲ
အသေးငယ်ဆုံး တည်နေနိုင်သည့် အစိတ်အပိုင်းကို မော်လီကျူ
ဟုခေါ်ကြောင်း သိရာသည်။
 
 
သိပ္ပံပညာသည် တဖြည်းဖြည်းတိုးတက် ထွန်းကားလာ
ရသော ပညာမျိုးဖြစ်သောကြောင့် တစ်ခေတ်ထက်တစ်ခေတ်
တိုးတက်၍ ဆန်းပြားကျယ်ဝန်းခဲ့လေသည်။ ထို့ကြောင့် ၁၉
ရာစုနှစ်က သိပ္ပံပညာရှင်တို့၏ယူဆပုံနှင့်၊ ၂ဝ ရာစုနှစ် သိပ္ပံ
ပညာရှင်တို့၏ ယူဆပုံတို့မှာမတူကြဘဲ ကွဲလွဲခြားနားကြပေ
သည်။ ၁၉ ရာစုနှစ် ကုန်ခါနီးလောက်တွင် ပေါ်ပေါက်ခဲ့ကြ
သော သိပ္ပံပညာရှင်တို့က သူတို့၏ပညာရပ်များတွင် အသစ်
အဆန်းထပ်မံတွေ့ရန်မရှိ၊ လုံးဝပြည့်စုံပြီဟု ထင်မှတ်ခဲ့ကြလေ
သည်။ သိပ္ပံပညာကျော်တစ်ဦးကဆိုလျှင် ၁၉ ရာစုနှစ်၏ သိပ္ပံ
ပညာတိုးတက်လာပုံကို ချီးကျူးပြောဆိုရာတွင် ရှေ့အဖို့ သိပ္ပံ
ပညာနှင့်စပ်လျဉ်း၍ အသစ်အဆန်းတို့ကို ထပ်မံရှာဖွေရန်နှင့်
အသစ်ထွင်ရန်လိုတော့မည်မဟုတ်။ အတိတ်က ပညာရပ်များကို
ပြန်လည်စစ်ဆေးကြရန်သာ လိုမည်ဟူ၍ပင် ထင်မြင်ချက်ပေးခဲ့
လေသည်။ သို့သော် ယင်းသို့ ထင်မြင်ချက်ပေးခဲ့ပြီးနောက်
နှစ်နှစ်ကျော်ကျော်လောက်မှာပင် သိပ္ပံပညာလောကကို ချောက်
ချားစေသည့် အသစ်အဆန်းများ ပေါ်ပေါက်လာခဲ့ပေသည်။
၁၈၉၅ ခုနှစ်တွင် ဗီလဟင်းကွန်းရတ် ရန့်ဂင်းသည်
 
 
အိပ်စရေးဟုခေါ်သည့် ရောင်ခြည်သစ် တစ်ခုကို စတင်တွေ့ရှိ
ခဲ့လေသည်။ ရန့်ဂင်း တွေ့ရှိပြီးသည့် နောက်တစ်နှစ် ၁၈၉၆
ခုနှစ်၌ ပါရစ်မြို့တွင် အန်ထော်နီဟင်နရီဗက္ကရဲသည် ယူရေနီ
ယမ်ဒြဗ်စင်မှ အတုံးအခဲဖြစ်သော အရာဝတ္ထုတို့ကို ဖောက်ထွင်း
ဖြတ်သန်းသွားနိုင်သည့် အိပ်စရေးကဲ့သို့သော ရောင်ခြည်တစ်မျိုး
ကို စတင်တွေ့ရှိပြန်၍ ရေဒီယမ်ဒြဗ်စင် အသစ်ကို ရှာဖွေတွေ့ရှိ
ရန်အတွက်ပင် လမ်းထွင်ပေးခဲ့သေး၏။ ၁၈၉၈ ခုနှစ်တွင်
ကျူးရီးဇနီးမောင်နှံတို့က ပစ်ချဗလင်းဟုခေါ်သော ယူရေနီယမ်
ပါသည့်ပစ္စည်းရိုင်းမှ ရေဒီယမ်အမည်ရှိသော ဒြဗ်စင် အသစ်
အဆန်းကို စတင်တွေ့ရှိကြလေသည်။
 
ရေဒီယမ်ဒြဗ်စင်ကို တွေ့ရှိရပြီးနောက် သိပ္ပံပညာရှင်တို့
သည် အိပ်စရေးနှင့် ရေဒီယမ်တို့၏ ဂုဏ်ထူးသတ္တိထူးများ
အတွက် အကြောင်းရင်းကိုစတင်၍ စုံစမ်းခဲ့ကြလေသည်။ ယင်း
သို့စုံစမ်းသောအခါ အိပ်စရေးနှင့် ရေဒီယမ်သတ္တိတို့၏ အလို
အားဖြင့် အက်တမ်လောကထက်ငယ်သော လောကသစ်တစ်ခု
ရှိရမည်ဟု အခိုင်အမာသိရှိခဲ့ကြသည်။ ထိုအချိန်ကဆိုလျှင်
ဒြဗ်စင်တို့၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းမှာ အက်တမ်
ပင်ဖြစ်သည်ဟု ယူဆယုံကြည်လျက် ရှိနေကြလေသည်။ သို့ရာ
တွင် ဆိုခဲ့သည့်အတိုင်း အိပ်စရေးနှင့် ရေဒီယမ်သတ္တိကို စုံစမ်း
ကြည့်သောအခါ ထိုရောင်ခြည်တို့၏ အလိုအားဖြင့် အက်တမ်
သည် တစ်ခုတည်းနှင့်ပြည့်စုံသော အဆောက်အအုံမဟုတ်ဘဲ
အက်တမ်ဖြစ်ရန် အက်တမ်ထဲတွင် အက်တမ်ထက်ငယ်သော
အရာဝတ္ထုများ ပါရှိရဦးမည်ကို သိရှိရလေသည်။
 
အက်တမ်ထက်ငယ်သော လောကသစ်ကို ဂျိုးဇက်ဂျွန်
သွန်မဆင်ဆိုသူ တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးက စတင်ရှာဖွေ
စုံစမ်းကြည့်၏။ သွန်မဆင်သည် ထိုစဉ်က အသစ်တွေ့စဖြစ်
သော အိပ်စရေးများနှင့် စမ်းသပ်လုပ်ကိုင်ကြည့်သည်။ ယင်းသို့
စုံစမ်းကြည့်ရာတွင် ကက်သုတ်ရောင်ခြည်တန်းတွင် အက်တမ်
ထက်ငယ်သော အရာဝတ္ထုတို့ပါကြောင်းကို သိရှိလေသည်။
ကက်သုတ်ရောင်ခြည် ရရှိလာပုံကို ဖော်ပြရန် လိုပေမည်။
 
 
ဆာဝီလျံကရု စီမံပြုလုပ်သော ကရုကျုခေါ်ဖန်ပြောင်းတွင်
သတ္တုချောင်း နှစ်ချောင်းကို လျှပ်စစ်လိုက်နိုင်အောင် ဖန်သား
တွင်လျှိုသွင်း၍ ဖန်ပြောင်းကို အလုံပိတ်ထားပြီးလျှင် အတွင်းမှ
လေကို လေစုတ်စက်ဖြင့် ကုန်လုနီးမျှ စုတ်ထုတ်လိုက်သည်။
ထို့နောက် လျှပ်စစ်ဓာတ်အားပေးစက် တစ်ခုခုနှင့် သတ္တုချောင်း
များကို ဆက်သွယ်၍ ဖန်ပြောင်းထဲသို့ လျှပ်စစ်ဓာတ် သွင်းပေး
သောအခါ အမဓာတ်နှင့် ဆက်သွယ်ထားသော သတ္တုချောင်းမှ
ပျော့သော အလင်းရောင်ခြည်သည် တန်း၍ထွက်လာသည်ကို
တွေ့ရှိရလေသည်။ လျှပ်စစ်ဓာတ်အိုးတွင် အမဓာတ်နှင့် ဆက်
သွယ်ထားသော သတ္တုချောင်းကို ကက်သုတ်ဟုခေါ်သဖြင့် ထို
ရောင်ခြည်တန်းကို ကက်သုတ်ရောင်ခြည်ဟု ခေါ်တွင်လေသည်။
ကက်သုတ်ရောင်ခြည်ကို စစ်ဆေးကြည့်သောအခါ နေ
ရောင်ခြည်ကဲ့သို့မဟုတ်ဘဲ သံလိုက်နှင့်ပြသောအခါ ယိမ်းယိုင်
တတ်ကြောင်းကို တွေ့ရသဖြင့် ရောင်ခြည်အစစ် မဟုတ်နိုင်
ကြောင်း၊ အက်တမ်ထက် အလွန်ငယ်သော အမှုန့်များဖြင့်ပြီး
သည့် ရောင်ခြည်ဖြစ်ကြောင်းကို သိရှိရတော့၏။ ထိုအက်တမ်
ထက်ငယ်သော အရာဝတ္ထုတို့ကို ကော်ပါးဆဲဟု အမည်ပေးခဲ့
လေသည်။ သို့သော်လည်း ထိုအမည်သည် တစ်ဖြည်းဖြည်း
တိမ်ကောသွားခဲ့ရြုပီးနောက် ကော်ပါးဆဲ အမည်အစား အီလက်
ထရွန်ဟူသော အမည်သစ်ကို ပေးခဲ့လေသည်။ ဟိုက်ဒြိုဂျင်
သည် ဓာတုဒြဗ်စင်တို့တွင် အပေါ့ဆုံးဖြစ်ကြောင်း သိရှိခဲ့ရပြီး
ဖြစ်သည်။ သို့ရာတွင် သွန်မဆင် လက်တွေ့စမ်းသပ်ကြည့်သော
အခါ အီလက်ထရွန်သည် ဟိုက်ဒြိုဂျင်ထက်ပင် ပေါ့သေး၍
အလေးချိန်မှာ ဟိုက်ဒြိုဂျင်အက်တမ်၏ အလေးချိန်ကို အပုံတစ်
ထောင့်ရှစ်ရာပုံလျှင် တစ်ပုံခန့်သာရှိကြောင်းကို သိရလေသည်။
 
 
ကက်သုတ်ရောင်ခြည်တွင် ပါရှိကြသော အီလက်ထရွန်
များသည် လျှပ်စစ်ဓာတ်အလိုအားဖြင့် အမဓာတ်ရှိသောကြောင့်
ထိုအီလက်ထရွန်များကို အမဓာတ်ကိုဆောင်သော လျှပ်စစ်ဓာတ်
၏ဧကမူအဖြစ် ယူဆရလေသည်။ အက်တမ်ထဲတွင် လျှပ်စစ်
အမဓာတ်ကိုဆောင်သော အီလက်ထရွန်တို့ ပါရှိသောကြောင့်
ထိုအီလက်ထရွန်တို့ကို ချေဖျက်နိုင်သော လျှပ်စစ်အဖိုဓာတ်များ
လည်းရှိတန်သည်ဟု ယူဆကြပြန်လေသည်။ ယင်းယူဆချက်
အတိုင်းပင် အမဓာတ်မှ ထွက်ပေါ်လာသော ကက်သုတ်ရောင်
ခြည်ကဲ့သို့ အဖိုဓာတ်မှလည်း ကက်သုတ်ရောင်ခြည်နှင့် ဆန့်
ကျင်ဖက်ဖြစ်သော ရောင်ခြည်တစ်မျိုး ပေါ်ထွက်လာကြောင်းကို
တွေ့ရှိကြလေသည်။ လျှပ်စစ်အဖိုဓာတ်ချောင်းကို အန်နုတ်ဟု
ခေါ်သဖြင့် ထိုအဖိုဓာတ်ဘက်မှ ထွက်လာသော ရောင်ခြည်ကို
အန်နုတ်ရောင်ခြည်ဟု ခေါ်ကြသည်။ သို့သော် ထိုအဖိုဓာတ်ကို
ဆောင်သည့် အန်နုတ်ရောင်ခြည် ရှိကြောင်းကို အတည်မပြု
သေးဘဲ ယာယီအားဖြင့်သာလက်ခံရန် သိပ္ပံပညာရှင်တို့က
သဘော တူညီခဲ့ကြလေသည်။
 
ဆာအားနက်ရားသားဖို့ အမည်ရှိ သိပ္ပံပညာကျော်
တစ်ဦးသည် အန်နုတ်ရောင်ခြည်အကြောင်းနှင့် စပ်လျဉ်း၍
အခက်အခဲများကို ရှင်းလင်းပြဆိုနိုင်ခဲ့လေသည်။ ရားသားဖို့
သည် ရေဒီယမ်မှထွက်သော ရောင်ခြည်များကို သတ္တုချ၍ ခွဲ
စိတ်စမ်းသပ်ကြည့်ရှုခဲ့လေသည်။ ရေဒီယမ်မှထွက်သော ရောင်
ခြည်များမှာ သုံးမျိုးသုံးစားဖြစ်၍ (၁) အယ်လဖာရောင်ခြည်၊
(၂) ဗီတာရောင်ခြည်၊ (၃) ဂမ်မာရောင်ခြည်ဟု ဂရိဘာသာ
အက္ခရာများဖြင့် အမည်ပေးခဲ့၏။ ဂမ်မာရောင်ခြည်သည် အိပ်စ
ရေးရောင်ခြည်ကဲ့သို့ပင် လှိုင်းများဖြစ်သော်လည်း လှိုင်းအလျား
အလွန်တိုကြောင်း ရားသားဖို့ စတင်တွေ့ရှိခဲ့၏။ ဗီတာ
ရောင်ခြည်မှာ လျှပ်စစ်အမဓာတ်ဆောင်သော အီလက်ထရွန်တို့
ဖြစ်ကြောင်းနှင့် အယ်လဖာရောင်ခြည်မှာ လျှပ်စစ်အဖိုဓာတ်
ဝင်နေသော မြူမှုန်တို့ဖြစ်ကြောင်းကိုလည်း တွေ့ရှိခဲ့လေသည်။
 
 
အယ်လဖာရောင်ခြည်တွင်ပါသော လျှပ်စစ်အဖိုဓာတ်
ဝင်နေသည့် အရာဝတ္ထုများသည် ဗီတာရောင်ခြည်တွင်ပါသော
လျှပ်စစ်အမဓာတ်ရှိသည့် အီလက်ထရွန်တို့ထက်လေး၍ အသွား
နှေးသော်လည်း တစ်စက္ကန့်လျှင် မိုင်ပေါင်း နှစ်သောင်းနှုန်းခန့်
မျှနှင့် ရေဒီယမ်အက်တမ်အတွင်းမှ ထိုးထွက်လာကြကြောင်းကို
သိရှိရလေသည်။ အယ်လဖာရောင်ခြည်ကို တစ်ခါတစ်ရံ အယ်
လဖာမြူမှုန်ဟူ၍လည်း ခေါ်တတ်ကြသည်။ ထူးခြားသောအချက်
မှာ ထိုအယ်လဖာမြူမှုန်များကို စုရုံး၍ စပက်ထရိုစကုပ်
မှန်ပြောင်းဖြင့် စုံစမ်းကြည့်ရှုသောအခါ ထိုမြူမှုန်များသည်
ဟီလီယမ်ဓာတ်ငွေ့ပင် ဖြစ်ကြောင်းကို သိရှိရခြင်းဖြစ်လေသည်။
ဆာရားသားဖို့၏ စမ်းသပ်မှုကြောင့် လျှပ်စစ်အမဓာတ်
ကိုဆောင်သော အီလက်ထရွန်နှင့် အလားတူ လျှပ်စစ်အဖိုဓာတ်
ကိုဆောင်သော မြူမှုန်များရှိရမည်ကို သိရှိခဲ့ရသည်။ အက်တမ်
တွင် အီလက်ထရွန်တို့ ပါရှိ၍ ထိုအီလက်ထရွန်တို့သည်
အလယ်၌ရှိသော နျူကလိယပ်ခေါ် ဗဟိုဝတ်ဆံကို ဝန်းရံနေကြ
သည်ဟု သိရှိရသည်။ အီလက်ထရွန်သည် လျှပ်စစ်အမဓာတ်ကို
ဆောင်သည်ဟု သိရှိရပြီးဖြစ်သောကြောင့် နျူကလိယပ်တွင်
လျှပ်စစ်အဖိုဓာတ်တို့စုရုံး၍ ရှိတန်ရာသည်ဟု ရားသားဖို့က
ဆိုခဲ့လေသည်။
 
 
လျှပ်စစ်အဖိုဓာတ်ကို ဆောင်သော မြူမှုန့်များကို ပရို
တွန်ဟုလည်း မကြာခဏ ခေါ်ကြသည်။ ပရိုတွန်သည် လျှပ်စစ်
အမဓာတ်ကိုဆောင်သော အီလက်ထရွန်ထက် အဆပေါင်း
၁၈၅ဝ ခန့်မျှ ပို၍လေးလံကြောင်း သိရှိရသည်။ ယင်းသို့ဖြစ်
ရကား အက်တမ်၏အလေးချိန်သည် အက်တမ်တွင်ပါရှိနေသော
ပရိုတွန်၏ အလေးချိန်သာဖြစ်၍ အီလက်ထရွန်တို့၏ အလေး
ချိန်မှာ မပြောပလောက်အောင် နည်းသဖြင့် ထည့်သွင်းစဉ်းစား
ရန်ပင် မလိုချေ။ အက်တမ်တို့၏ခန္ဓာအိမ်ကို ဆင်ခြင်ကြည့်
သောအခါ နျူကလိယပ်ခေါ် လျှပ်စစ်အဖိုဓာတ်ကိုဆောင်သော
ဗဟိုဝတ်ဆံနှင့် ထိုဗဟိုဝတ်ဆံကို လှည့်ပတ်ကာသွားနေသော
အီလက်ထရွန်များ ပါဝင်နေကြောင်း နောက်ဆုံးသိရှိရလေသည်။
အာကာသတစ်ခွင်တွင် ကြယ်၊ ဂြိုဟ်စသည်တို့သည်
မိမိတို့ လှည့်ပတ်သွားနေသော လမ်းကြောင်းများအတိုင်း နေကို
လှည့်လည်၍ သွားနေဘိသကဲ့သို့ အီလက်ထရွန်တို့သည်လည်း
အဆိုပါဗဟိုဝတ်ဆံကို လှည့်လည်ကာ သွားနေကြ၏။ တစ်
နည်းအားဖြင့်ဆိုသော် အက်တမ်များသည် နေစကြဝဠာနည်းတူ
တည်ဆောက်ထားသော စကြဝဠာအငယ်စားကလေးများကဲ့သို့ပင်
ဖြစ်ပေသည်။ ပထမကမ္ဘာစစ် ပြီးသွားပြီးနောက် သိပ္ပံပညာအရ
တိုးတက်သိရှိရသည်မှာ အက်တမ်ခန္ဓာအိမ်သည် (၁) လျှပ်စစ်
အဖိုဓာတ်ကိုဆောင်သောပရိုတွန်၊ (၂) လျှပ်စစ်အဖိုဓာတ်ကို
ဆောင်သော ပေါစီထရွန်၊ (၃) လျှပ်စစ်အမဓာတ်ကိုဆောင်
သော အီလက်ထရွန်၊ (၄) လျှပ်စစ်ဓာတ်ကင်းသော နျူထရွန်
တို့ဖြင့် စုပေါင်းဖွဲ့စည်းထားသည်ဟု သိရှိရလေသည်။
အက်တမ်သည် အကြမ်းအားဖြင့် (၁) ပရိုတွန် (၂)
အီလက်ထရွန် (၃) နျူထရွန် သုံးမျိုးတို့ဖြင့်သာ စုပေါင်း
ဖွဲ့စည်းထားသည်ဟု ဆိုနိုင်ပေသည်။ ပရိုတွန်နှင့် နျူထရွန်တို့
သည် အီလက်ထရွန်ထက် ပိုမို၍သိပ်သည်း၏။ အက်တမ်
အလေးချိန်သည် နျူကလိယပ်ခေါ် ဗဟိုဝတ်ဆံတွင် ရှိကြသော
ပရိုတွန်နှင့် နျူထရွန်နှစ်ရပ်ပေါင်း အလေးချိန်ဖြစ်၍ အပြင်
ဘက်တွင် လှည့်လည်သွားနေသော အီလက်ထရွန်မှမရချေ။
 
 
ပုံပမာ-အောက်ဆီဂျင်၏ အက်တမ်အလေးဆသည်
၁၆ ဖြစ်၍ အက်တမ်အမှတ်သည် ၈ ဖြစ်၏။ သို့ရာတွင်
အထက် ၌ပြဆိုခဲ့သည့်အတိုင်း အက်တမ်၏ အလေးဆ
ဆိုသည်မှာ အက် တမ်၏ဗဟိုဝတ်ဆံတွင်ပါရှိသော ပရိုတွန်နှင့်
နျူထရွန်တို့၏ နှစ်ရပ်ပေါင်းအလေးဆသာ ဖြစ်ပြီးလျှင်
အက်တမ်အမှတ်သည် ဗဟိုဝတ်ဆံတွင်ရှိသော ပရိုတွန်၏
အရေအတွက်ကိုဆိုလိုသည်။ ယင်းသို့ဖြစ်ရကား အောက်ဆီဂျင်
၏ အက်တမ်အမှတ်သည် ၈ ဖြစ်သောကြောင့်ဗဟိုဝတ်ဆံတွင်
ပရိုတွန် ရှစ်ခုရှိရမည်ဖြစ်၏။ ထို့ပြင် အောက်ဆီဂျင် အလေးဆ
သည် ၁၆ ဖြစ်သောကြောင့် ပရိုတွန်ရှစ်ခုနှင့် နျူထရွန်ရှစ်ခု
တို့သည် ဗဟိုဝတ်ဆံတွင် ရှိရ မည်ဖြစ်၏။ ဟီလီယမ်၏
အက်တမ်အလေးဆသည် ၄ ဖြစ်၍ အက်တမ်အမှတ်သည် ၂
ဖြစ်ကြောင်း သိခဲ့ရပြီ။ ဟီလီယမ် အက်တမ်အမှတ်သည် ၂
ဖြစ်သောကြောင့် ဟီလီယမ်အက်တမ် ၏ နျူကလိယပ်တွင်
ပရိုတွန်နှစ်ခုရှိ၍ နျူထရွန်နှစ်ခုရှိရမည် ဖြစ်၏။ ထို့ကြောင့်
ဟီလီယမ် အက်တမ်အလေးဆသည် လေး ဖြစ်၏။ ဤကဲ့သို့
ဗဟိုဝတ်ဆံတွင်ရှိသော ပရိုတွန်အရေ အတွက်ကိုလိုက်၍
အက်တမ်အမှတ်ဖြစ်သောကြောင့် အောက်ဆီဂျင် အက်တမ်
အမှတ်သည် ၈ ဖြစ်၍ ဟီလီယမ်အက်တမ် အမှတ်သည် ၂
ဖြစ်၏။ ဓာတုဒြဗ်စင်ထဲတွင် အလေးဆုံးဖြစ်၍ အက်တမ်အမှတ်
၉၂ ဖြစ်သော ယူရေနီယမ်အက်တမ်တွင် ပရိုတွန် ၉၂ ခု ရှိ၏။
အက်တမ်ခန္ဓာအိမ် တစ်ခုတွင် ပရိုတွန်တစ်ခုရှိတိုင်း
 
 
အီလက်ထရွန်လည်း တစ်ခု အစဉ်ရှိစမြဲဖြစ်သည်။ ပရိုတွန်
နှစ်ခုရှိလျှင် အီလက်ထရွန်နှစ်ခုရှိရ၏။ ပရိုတွန်ရှစ်ခုရှိသော
အောက်ဆီဂျင်အက်တမ်တွင် အီလက်ထရွန်ရှစ်ခုရှိရ၏။ ပရိုတွန်
၉၂ ခုရှိသော ယူရေနီယမ်အက်တမ်တွင်လည်း အီလက်ထရွန်
၉၂ ခု ရှိရ၏။ ပရိုတွန်အရေအတွက်ရှိသမျှ အီလက်ထရွန်
အရေအတွက် ရှိရခြင်းအကြောင်းမှာ အက်တမ်၌ လျှပ်စစ်ဓာတ်
မျှတမှုရှိစေရန်အတွက် ဖြစ်လေသည်။
 
 
အကယ်၍ အက်တမ်တစ်ခုတွင် ပရိုတွန်အရေအတွက်
ကများနေ၍ အီလက်ထရွန် အရေအတွက်က နည်းနေအံ့၊ ထို
အခါ လျှပ်စစ်အဖိုဓာတ်က တစ်ဖက်သတ်များနေသည့်အတွက်
မျှတမှုရှိလိမ့်မည် မဟုတ်ချေ။ ထို့အတူ အီလက်ထရွန်အရေ
အတွက်ကများ၍ ပရိုတွန်အရေအတွက်က နည်းနေလျှင်လည်း
ထိုအက်တမ်တွင် လျှပ်စစ်ဓာတ်မျှတမှု ရှိလိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် အက်တမ်ခန္ဓာအိမ််တွင် မျှတမှု ရှိရန်အတွက် ပရို
တွန်အရေအတွက်ရှိသမျှ အီလက်ထရွန်အရေအတွက်သည်လည်း
အညီအမျှရှိရမည် ဖြစ်လေသည်။
 
 
အက်တမ်တစ်ခု၏ ခန္ဓာအိမ်ကို ခြုံ၍ဆန်းစစ်ကြည့်
လျှင် အောက်ပါအချက်အလက်များကို တွေ့ရှိရ၏။ (၁) နျူ
ကလိယပ်ခေါ် ဗဟိုဝတ်ဆံတွင် ပရိုတွန်နှင့် နျူထရွန်တို့ရှိကြ
သည်။ (၂) အက်တမ်အမှတ်သည် ဗဟိုဝတ်ဆံတွင်ရှိသော
ပရိုတွန်၏အရေအတွက်ဖြစ်သည်။ (၃) အက်တမ်အလေးဆ
သည် ဗဟိုဝတ်ဆံတွင်ရှိသော ပရိုတွန်နှင့်နျူထရွန်အရေအတွက်
နှစ်ရပ်ပေါင်းအလေးဆပင် ဖြစ်သည်။ (၄) ဗဟိုဝတ်ဆံတွင်ရှိ
သော ပရိုတွန်အရေအတွက်နှင့် ဗဟိုဝတ်ဆံကို လှည့်လည်သွား
နေသော အီလက်ထရွန်တို့၏ အရေအတွက်သည် ညီတူညီမျှရှိ
ကြသည်။
 
 
သွန်မဆင်သည် နီယွန်ရောင်ခြည်တန်းကို သံလိုက်နယ်
အတွင်း လွှတ်ကြည့်သောအခါတွင် ထိုရောင်ခြည်သည် တညီ
တညွတ်တည်း ယိမ်းယိုင်မသွားသည်ကို တွေ့ရာမှ နီယွန်အက်
တမ်များရှိ ဒြဗ်ထုသည် တစ်ခုနှင့်တစ်ခု မတူခြင်းကြောင့်သာ
ဤကဲ့သို့ဖြစ်ရသည်ဟု ယူဆပြီးလျှင် အခြားဒြဗ်စင်များကို စမ်း
သပ်ကြည့်ရာတွင် သူယူဆသည့်အတိုင်း အက်တမ်များရှိ ဒြဗ်ထု
သည် မတူကြသည်ကို တွေ့ခဲ့လေသည်။ ထိုကဲ့သို့သော အက်
တမ်မျိုးကို [[အိုင်ဆိုတုပ်]]ဟုခေါ်သည်။
 
 
ထိုအိုင်ဆိုတုပ်ဟူသော စကားလုံး၏အဓိပ္ပာယ်မှာ ဒြဗ်
စင်တစ်ခုရှိ အက်တမ်အချို့သည် အခြားအက်တမ်များနှင့် ဓာတ်
နှင့် ရုပ်ဂုဏ်သတ္တိများတွင် တူညီကြသော်လည်း အက်တမ်ဒြဗ်
ထုရှိရာတွင်မူ မတူညီကြဟု ဆိုလိုသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
==ကိုးကား==
<references/>
[[Category:ဓာတုဗေဒ]]
[[Category:ရူပဗေဒ]]