ဥက္ကလာဟိုးမားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - chy:Heévâhetanéno
No edit summary
စာကြောင်း ၆၃ -
| Website = www.ok.gov
}}
အိုကလဟိုးမားပြည်နယ်သည်
အမေရိကန်နိုင်ငံအလယ်ပိုင်းတွင် တောင်ဘက်ကျကျ၌ တည်ရှိ
သော ပြည်နယ်ဖြစ်သည်။ မြောက်ဘက်တွင် ကန်းဆပ်ပြည်
နယ်၊ အရှေ့ဘက်တွင် မိဇူးရီနှင့် အာကင်ဆောပြည်နယ်၊
တောင်ဘက်နှင့် အနောက်ဘက်တွင် တက်ဆက်ပြည်နယ်တို့
အသီးသီးခြံရံလျက်ရှိကြသည်။
 
အိုကလဟိုးမားဟူသောအမည်သည် ချပ်ကတော
အင်ဒီးယန်း လူမျိုး၏ ဘာသာစကားဖြင့် ''လူနီတို့၏ဒေသ''
ဟုဆိုလိုသည်။ ပြည်နယ်အကျယ်အဝန်းမှာ ၆၉၉၁၉
စတုရန်းမိုင် ဖြစ်၍ လူဦးရေမှာ ၅၅၉၂၅၃ ယောက်(၁၉၇ဝ)
ရှိသည်။
 
အိုကလဟိုးမားပြည်နယ်သည် မစ်စစ်စပီမြစ်ဝှမ်း၏
တစ်စိတ်တစ်ဒေသဖြစ်၍ များသောအားဖြင့် ကုန်းပြင်မြင့်ဖြစ်
သည်။ ထိုကုန်းပြင်မြင့်သည် တောင်ဘက်နှင့်အရှေ့တောင်ဘက်
သို့ ဆင်ခြေလျောနိမ့်ဆင်း သွားသည်။ ထင်ရှားသောမြစ်များမှာ
အာကင်ဆောမြစ်၊ စင်မရွန်မြစ်၊ ကနေဒီယန်မြစ်နှင့် ရက်မြစ်
တို့ဖြစ်သည်။ ထိုမြစ်များသည် နွေရာသီတွင် တိမ်ကောလျက်ရှိ
တတ်သဖြင့် ရေကြောင်းခရီးသွားလာရန်အတွက်အသုံးမဝင်ချေ။
အိုကလဟိုးမားပြည်နယ် အလယ်ပိုင်းနှင့် အနောက်
ပိုင်းတို့သည် အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ထက် ပို၍ခြောက်
သွေ့သည်။ အပူချိန်လည်းလျော့နည်းသည်။ စိုက်ပျိုးလုပ်ကိုင်နိုင်
ရန်အတွက် မိုးအသင့် ရွာသည်။
 
သဘာဝပစ္စည်း အားကောင်းသောပြည်နယ်ဖြစ်၍ သစ်
တောများမှ အဖိုးတန်သစ်များရရှိသည်။ ရေနံ၊ သွပ်၊ မြေဓာတ်
ငွေ့၊ စကျင်ကျောက်၊ ကျောက်မီးသွေးပျော့၊ ဂျစ်ပဆမ်၊ စသော
တွင်းထွက်ပစ္စည်း များကိုလည်း တူးဖော်ရရှိသည်။
ရေနံချက်လုပ်ငန်းသည် အိုကလဟိုးမားပြည်နယ်၌
အကြီးဆုံးသောစက်မှုလုုပ်ငန်းဖြစ်၍ အိုကလဟိုးမားပြည်နယ်
သည် အမေရိကန်နိုင်ငံ၌ တတိယရေနံအများဆုံးထွက်သော
ပြည်နယ်ဖြစ်သည်။
 
နွားမွေးမြူခြင်းလုပ်ငန်းသည် ပြည်နယ်တွင် လုပ်ငန်း
ကြီးတစ်ခုဖြစ်သည်။ ပြည်နယ်အနောက်ပိုင်းနှင့် အရှေ့တောင်
ပိုင်းတို့တွင် နွားမွေးမြူခြင်းကို အကြီးအကျယ်လုပ်ကိုင်သည်။
ဝက်နှင့်သိုးများကိုလည်းမွေးမြူသည်။ နွားနို့ထွက်ပစ္စည်းလုပ်ငန်း
နှင့် ကြက်ငှက်မွေးမြူခြင်းလုပ်ငန်းတို့သည်လည်းထင်ရှားသည်။
အာကင်ဆောမြစ်ဝှမ်းနှင့် ရက်မြစ်ဝှမ်းတို့သည် စိုက်ပျိုး
ရေး အဖြစ်ထွန်းဆုံးဒေသများဖြစ်သည်။ ဂျုံ၊ ဝါ၊ ဖူးစားပြောင်း၊
နှံစားပြောင်း၊ မြင်းစားဂျုံ၊ အာလူးတို့ကိုစိုက်ပျိုးသည်။ အိုကလ
ဟိုးမားပြည်နယ်သည် အမေရိကန်နိုင်ငံတွင် ဝါအများဆုံးထွက်
သော ပြည်နယ်တစ်နယ်ဖြစ်သည်။ ပန်းသီး၊ မက်မွန်သီး၊
သစ်သော့သီး၊ စပျစ်သီး၊ ဖရဲသီးစသော သစ်သီးဝလံများကို
လည်း စိုက်ပျိုးသည်။
 
အိုကလဟိုးမားပြည်နယ်တွင် ယခုအခါ မီးရထားလမ်း
မိုင်ပေါင်း ၆ယဝဝဝ ကျော်ရှိသည်။ ပြည်နယ်တွင်းရှိ မြို့ကြီး
များသည် မီးရထားလမ်းဖြင့်သော်လည်းကောင်း၊ မော်တော်ကား
လမ်းဖြင့်သော်လည်းကောင်း တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်
လျက်ရှိကြသည်။ ပြည်တွင်းနှင့် ပြည်ပအတွက် လေကြောင်း
ခရီးလမ်းများလည်းရှိသည်။
 
အိုကလဟိုးမားပြည်နယ်သည် အမေရိကန်တောင်ပိုင်း
ပြည်နယ်တို့တွင် စာရေးစာဖတ်မတတ်သူ ဦးရေအနည်းဆုံး
ပြည်နယ်ဖြစ်၍ သူငယ်တန်းမှအစ တက္ကသိုလ်နှင့် ကောလိပ်
ကျောင်းများရှိ သက်မွေးဝမ်းကျောင်းပညာ သင်ကြားပြီးမြောက်
သည်အထိ အခမဲ့ပညာရေးစံနစ်ကိုကျင့်သုံးသည်။
 
အိုကလဟိုးမားမြို့သည် ၁၉၁၁ ခုနှစ်မှစ၍ ပြည်နယ်
၏မြို့တော်ဖြစ်သည်။ အကြီးဆုံးမြို့လည်းဖြစ်၍ အပြည်ပြည်ဆိုင်
ရာ လေကြောင်းလမ်းဆုံမြို့လည်းဖြစ်သည်။ လူဦးရေ ၃၆၈ယ၈၅၆
ယောက်(၁၉၇ဝ) နေထိုင်သည်။ ထင်ရှားသော အိုကလဟိုးမား
တက္ကသိုလ်နှင့်ကောလိပ်ကျောင်းများ တည်ရှိသည်။
 
အခြားထင်ရှားသောမြို့ကြီးများမှာ တာလဝါမြို့၊ မပ်စ
ကိုးဂီမြို့၊ အီးနစ်မြို့တို့နှင့် လောတန်မြို့များ ဖြစ်ကြသည်။
တာလဝါမြို့သည် အာကင်ဆောမြစ်ပေါ်တွင်တည်ရှိ၍ အိုကလ
ဟိုးမားပြည်နယ် ရေနံထွက်ရာဒေသ၏ ဗဟိုအချက်အခြာမြို့ဖြစ်
သည်။
 
၁၈၃၄ ခုနှစ်တွင် အစိုးရက အိုကလဟိုးမားပြည်နယ်
ဒေသကို အရှေ့ဘက်ရှိနယ်များမှ ရွှေ့ပြောင်းလာကြသော ရက်
အင်ဒီးယန်းတို့နေထိုင်ရန် သီးသန့်သတ်မှတ်ပေးခဲ့သည်။ ၁၈၇၉
ခုနှစ်မှအစပြု၍ အမေရိကန်အမျိုးသားတို့သည် ထိုဒေသတွင်းသို့
တစ်စုပြီးတစ်စု ဝင်ရောက်ခဲ့ကြရာ ၁၈၈၉ ခုနှစ် ဧပြီလ ၁၂
ရက်နေ့၌ အစိုးရက အခြေစိုက်နေထိုင်ရန် ဖွင့်လှစ်ပေးခဲ့ရသည်။
ဤသို့အားဖြင့် အိုကလဟိုးမားဒေသတွင် အင်ဒီးယန်း တို့နှင့်
လူဖြူတို့ယှဉ်တွဲ၍ နေထိုင်လာခဲ့ကြသည်။ ၁၈၉ဝ ပြည့်
နှစ်တွင် အိုကလဟိုးမားနယ်ကို ဖွဲ့စည်းခဲ့ကြပြီးနောက်၊ ၁၉ဝ၇
ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု
ထဲသို့ ပြည်နယ်တစ်နယ်အဖြစ် ပါဝင်ခဲ့လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
 
 
 
== ကိုးကား ==