ရာဇတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Undo revision 130541 by Zarnihtway (talk)
စာကြောင်း ၆၁ -
သူကား နိုင်ငံခြားဖြစ် ဆေးလိပ်၊ [[စီးကရက်]] ကို သောက်လေ့မရှိ။ ပြည်တွင်းဖြစ် မလှမင်းဆေးပေါ့လိပ် အတုတ်ကြီးကို အမြဲလိုလို သောက်လေ့ရှိခြင်းက သူ့မျိုးချစ်စိတ်ကို ထင်ရှားစေသည်။
 
ကျောင်းတွင် ကျောင်းသားများကို သမဂ္ဂဖွဲ့စည်းစေပြီး၊ ထိုစဉ်က ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသော [[ဦးနု|ကိုနု]]၊ [[ဗိုလ်ချုပ်အောင်ဆန်း|ကိုအောင်ဆန်း]]၊ မစ္စတာရာရှစ် [[(ဦးရာရှစ်)]] စသည်တို့နှင့် အဆက်အသွယ်ပြုလုပ်ပေးခဲ့သည်။ ၁၉၃၇-ခုနှစ်တွင် ဒုတိယအကြိမ်ကျောင်းသားကွန်ဖရင့် [[မန္တလေးမြို့]]တွင် ကျင်းပရာ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့အလာတွင် ဆရာကြီးဦးရာဇတ် အမှူးပြုသော အမျိုးသားကျောင်းဆရာများက လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံ ကြိုဆိုခဲ့လေသည်၊
 
ဆရာကြီးသည် မြန်မာအမျိုးသားတို့ကို ချစ်ခင်သူဖြစ်သည့်အတိုင်း ဗမာ-မွတ်ဆလင် ဟူသောအမည်ကို စတင်၍ အသုံးပြုခဲ့လေသည်။