ဂျင်ဂစ်ခန်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၇ -
=== မိခင်၏ သင်ကြားမှု ===
 
ထိုအချိန်တွင် မွန်ဂို လူမျိုးစုများမှာ တခါတရံ ကြိုတင် စေ့စပ်သည့် လက်ထပ် ပွဲများကြောင့် ခဏတာ မဟာမိတ် ဖြစ်သည်များမှ လွဲ၍ ဘယ်သောအခါမှ စုစုစည်းစည်း မရှိကြပေ။ တီမူးဂျင်သည် [[မွန်ဂိုးလီးယား]]၏မွန်ဂိုးလီးယား၏ နိုင်ငံရေးဥတုကို လေ့လာရင်း၊ လူမျိုးစုများကြား စစ်ပွဲများ၊ လူမျိုးစုချင်း ခိုးဝှက် ဓါးပြ တိုက်ခိုက်မှုများ၊ မသမာမှုများနှင့် အဆက်မပြတ် အပြန်အလှန် ဖြစ်ပွားနေကြသော လက်စားချေ မှုများအကြားတွင် ကြီးပြင်းလာရသည်။
 
ထိုကဲ့သို့ ဖြစ်ချင်တိုင်း ဖြစ်နေကြသော မွန်ဂိုးလီးယား မြက်ခင်း လွင်ပြင် ဒေသကြီးမှာ တောင်ပိုင်းမှ [[တရုတ်]]မင်းဆက်များ၏ ဩဇာ လွှမ်းမိုး၍ ဝင်ရောက် စွက်ဖက်ရန် ကြိုးစားနေမှု များလည်း ရှိနေသည်။ တီမူးဂျင်၏ အမေ ဟိုလန်က မွန်ဂိုးလီးယားနိုင်ငံရေး အခြေအနေများနှင့်စပ်လျင်း၍ များစွာ သင်ကြား ပေးခဲ့ရာ အဓိအားဖြင့် မဟာမိတ် ဖွဲ့ခြင်း၏ အရေးပါမှုကို နားလည်အောင် သင်ကြားပေးခဲ့သည်။