ပျဉ်းမနားမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၁ -
'''ပျဉ်းမနားမြို့'''သည် [[ရမည်းသင်းခရိုင်]]၊ ပျဉ်းမနားနယ်နှင့် ပျဉ်းမနားမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပျဉ်းမနားနယ်တွင် ပျဉ်းမနားမြို့နယ်နှင့် [[လယ်ဝေးမြို့]]နယ် တို့ ပါဝင်သည်။ ပျဉ်းမနားမြို့သည် [[ငလိုက်ချောင်း]]၏ တောင်ဘက်ကမ်း၊ [[ပဲခူးရိုးမ]]၏ မြောက်ဘက် တောင်စွယ်ပေါ်တွင် တည်ရှိသည်။ ရန်ကုန်-မန္တလေး [[မော်တော်ကားလမ်း]]သည်လည်း ပျဉ်းမနားမြို့ကို ဖြတ်သန်းသွားသည်။ [[မီးရထားလမ်း]]အားဖြင့် ပျဉ်းမနားမြို့သည် [[ရန်ကုန်မြို့]]မှ ၂၂၆မိုင် ကွာဝေး၍ [[မန္တလေးမြို့]]မှ ၁၆၁ မိုင်ကွာဝေးသည်။ ခရိုင်ရုံးစိုက်ရာ [[ရမည်းသင်းမြို့]]နှင့်မူ ၄၉ မိုင်ကွာဝေးသည်။
 
ပျဉ်းမနားမြို့ကို မြန်မာဘုရင်များလက်ထက်ကပင် တည်ထောင်ခဲ့သည်။ ထိုစဉ်က နယ်ကျန် ၊ နယ်ချန် သို့မဟုတ် နင်းကြမ်း ဟု ခေါ်ဝေါ်ခဲ့သည်။ မြန်မာမင်းများလက်ထက် စစ်ချီတက်ရာတွင်လည်းကောင်း၊ ဆိုင်ရာနယ်စားများ အခွန်ဘဏ္ဍာတော် ကောက်ခံရာတွင်လည်းကောင်း ယခုလက်ရှိ ပျဉ်းမနားမြို့သည် တောတောင်စိမ့်စမ်း အလွန်ထူထပ်သောကြောင့် ချန်၍ ထားခဲ့သဖြင့် နယ်ကျန်၊ သို့မဟုတ် နယ်ချန် ဟု ခေါ်ဆိုခဲ့သည်ဟု ဆိုသည်။ နင်းကြမ်း ဟု ခေါ်တွင်ခဲ့ခြင်းမှာ ထိုစဉ်က လူအများရောင်းဝယ်ဖောက်ကားရာစျေးသည်လူအများရောင်းဝယ်ဖောက်ကားရာဈေးသည် ပျဉ်းမနားမြို့မြောက်ဘက် ငလိုက်ချောင်း (ရှေးအခေါ်လက်လိုက်ချောင်း) တစ်ဘက်ကမ်းရှိ ရွာကောက်ရပ် ဖြစ်သဖြင့် စျေးသွားသူတို့ဈေးသွားသူတို့ ချောင်းဖြတ်ကူးရာတွင် လွယ်ကူစေရန် ဝါးကြမ်းခင်း၍ နင်းသွားရသောကြောင့် နင်းကြမ်း ဟု အမည်တွင်ရကြောင်း ဆိုကြသည်။
 
ယင်းသို့ နယ်ချန်၊ နင်းကြမ်း မှ ပျဉ်းမနား ဟု ဖြစ်လာရခြင်းမှာ [[အင်္ဂလိပ်]] အစိုးရ အုပ်စိုးစဉ်အခါက အစိုးရကိစ္စ စာပေးစာယူပြုရာတွင် [[နင်းကြမ်း]] နှင့် [[မြင်းခြံမြို့]] နှစ်မြို့ကို အင်္ဂလိပ်စာလုံးပေါင်းဖြင့် မကြာခဏ မှားသောကြောင့် အလုပ်များ ဖင့်နွှဲနှောင့်နှေးခြင်း မရှိစေရန် နင်းကြမ်းအမည်မှ မြို့နှင့်အနီးဆုံး ယခုလက်ရှိ ပျဉ်းမနားမြို့မှ ၅မိုင်ခန့် ကွာဝေးသော လမ်းပျဉ်းမနားရွာ၊ သို့မဟုတ် ပျဉ်းမနားရွာဟောင်းအမည်ကို အစားထိုး၍ အမည်ပြောင်းလိုက်သည် ဟု ဆိုသည်။ ပျဉ်းမနားမြို့၏ အကျယ်အဝန်းမှာ နှစ်မိုင်ပတ်လည်ခန့် ရှိသည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းသည် မြို့ကို အရှေ့နှင့် အနောက် နှစ်ပိုင်းခွဲထားသည်။ အိမ်ခြေ ငါးထောင်ရှိ၍ ၁၉၅၃ခုနှစ် [[သန်းခေါင်စာရင်း]]အရ [[လူဦးရေ]] နှစ်သောင်းကျော်ရှိသည်။ [[ဘုန်းကြီးကျောင်း]]ပေါင်း ၆၀ ကျော်ရှိ၍ [[ဗုဒ္ဓဘာသာဝင်]] [[မြန်မာလူမျိုး]]များ အများဆုံး ဖြစ်သည်။ ဒုတိယအများဆုံးမှာ [[မွတ်ဆလင်]]များ ဖြစ်၍ တတိယ အများဆုံးမှာ [[တရုတ်လူမျိုး]]များ ဖြစ်ကြသည်။ မြို့နယ်လူထုသည် အစိုးရ အမှုထမ်းများ အဖြစ်လည်းကောင်း၊ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ အသက်မွေးကြသည်။ [[စပါး]]၊ [[ပြောင်း]]၊ [[နှမ်း]]၊ [[ပဲအမျိုးမျိုး]]၊ [[ကြံ]] စသည်တို့ကို စိုက်ပျိုးကြသည်။ [[ကျွန်း]]နှင့် [[ပျဉ်းကတိုး]] သစ်ထုတ်လုပ်ငန်းနှင့် ကြံစိုက်ပျိုးရေးလုပ်ငန်း တို့သည် ယခုအခါ ကြီးကျယ်သော လုပ်ငန်းများ ဖြစ်သည်။ [[တောင်ငူမြို့]]အနီးရှိ [[ဇေယျဝတီသကြားစက်]]ဖွင့်လှစ်ပြီးနောက်တွင် ပျဉ်းမနား နယ်တစ်ဝိုက်တွင် ကြံစိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်ကြ၍ ကြံအမြောက်အမြား တင်ပို့ရောင်းချသော မြို့ ဖြစ်သည်။ ပျဉ်းမနားမြို့ အရှေ့ဘက် ၅မိုင်အကွာ ပေါင်းလောင်းမြစ်အနီးတွင် ပြည်တော်သာ စီမံကိန်းအရ ဆောက်လုပ်ထားသော နိုင်ငံတော် သကြားစက်ကြီး ရှိသည်။ တစ်နေ့လျှင် ကြံတန်ချိန် ၁၅၀၀ ကြိတ်ဝါးနိုင်သည်။