ဗီဆူးဗီးယပ်မီးတောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.4) (ရိုဘော့က ပေါင်းထည့်နေသည် - ar, ast, az, be, be-x-old, bg, bn, bo, br, bs, ca, cs, cv, cy, da, de, el, eo, es, et, eu, fa, fi, fr, fur, fy, ga, gl, he, hi, hr, hu, hy, id, is, it, ja, jv, ka, k...
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၅ -
ထိုမီးတောင်၏ အောက်ခြေအဝန်းမှာ မိုင် ၃ဝ ခန့်ရှိ၍၊ ကမ်ပါနီးယားလွင်ပြင်တွင် ထီးတည်းတည်ရှိ နေ၏။ အမြင့်မှာ မီးတောင်ပေါက်ကွဲပြီးတိုင်း ပြောင်းလဲသွားတတ်၏။ ၁၉ဝဝ ပြည့်နှစ်တွင် ၄၂၇၅ ပေ မြင့်ရာမှ ၁၉ဝ၆ ခုနှစ်တွင် ပေါက်ကွဲ ပြီးသောအခါ ၃၆၆၈ ပေသာ မြင့်တော့သည်။ ယခုမူ ၃၈၅၈ ပေ မြင့်သည်။ ဗီဆူးဗီးယပ်မီးတောင်တွင် တောင်ထွတ် ၂ ခု ရှိ၏။ ယခု မီးခိုးများ တလူလူ ထွက်လျက်ရှိသော ဗီဆူးဗီးယပ် တောင်ထွတ်ကို ဆုန်မာခေါ် တောင်ထွတ်ဟောင်းက ဝိုင်းခြမ်းသဏ္ဌာန် ရံလျက်ရှိသည်။ အပေါ်ပိုင်းမှ တောင်ထွတ် သည် ပန်းကန်လုံးသဏ္ဌာန် ခွက်ဝင်နေ၍ အစဉ်လိုလိုပင် မီးခိုးများ၊ ပြာများတလူလူလွင့်ထွက်နေပြီးလျှင်၊ တစ်ခါတစ်ရံ ချော်ရည်များလည်း စီးကျနေလေသည်။
 
ဗီဆူးဗီးယပ်မီးတောင်သည် အကြိမ်ပေါင်းများစွာ ပေါက်ကွဲ ခဲ့ဘူး၏။ အေဒီ ၇၉ ခုနှစ်မတိုင်မီက ယင်းကို မီးတောင်ဟု လူတို့မသိကြချေ။ အေဒီ ၆၃ ခုနှစ်မှစ၍ ၁၆ နှစ်လုံးလုံး ပတ်ဝန်းကျင်ဒေသများတွင် ငလျင်လှုပ်ခဲ့ပြီးနောက် ၇၉ ခုနှစ် သြဂုတ်လဩဂုတ်လ ၂၄ ရက်နေ့တွင် မီးတောင်အကြီးအကျယ် ပေါက်ကွဲ ခဲ့ရာ၊ ဟာကျူလေနီယမ်၊ ပွန်ပီယိုင်နှင့် စတာဗီယေးမြို့တို့သည် ပြာနှင့် ချော်များအောက်တွင် နစ်မြုပ် ပျက်စီးကြကုန်၏။ ထိုစဉ်က အဖြစ်အပျက်များကို မျက်မြင်ကိုယ်တွေ့တစ်ဦး
ဖြစ်သူ ရောမလူမျိုး စာရေးဆရာ ပလင်နီ (အငယ်)က မှတ်တမ်းတင်ထားခဲ့သဖြင့် ယခုလူတို့ သိရပေသည်။ ၄၇၂ ခုနှစ်တွင် မီးတောင်ဝမှ ပြာများ အကြီးအကျယ်
လွင့်တက်ပြန်ရာ ကွန်စတန်တီနိုပယ်မြို့တိုင်အောင်ပင် ပြားများ ရောက်သည်ဟု ဆိုကြသည်။ ၁၆၃၁ ခုနှစ်တွင် ချော်ရည်များ နှင့် ရေပူများသည် တောင်ခြေရင်းသို့ စီးဆင်းကျလာသဖြင့် ထိုနေရာတစ်ဝိုက်ရှိ ရွာများမှ လူပေါင်း ၁၈ဝဝဝ ခန့် သေကြေ ပျက်စီးခဲ့လေသည်။ ၁၇၉၄ ခုနှစ်၊ ၁၈၂၂ ခုနှစ်၊ ၁၈၅၅ ခုနှစ်၊
စာကြောင်း ၁၄ -
 
ဗီဆူးဗီးယပ်မီးတောင်ကြီးသည် ယင်းသို့ အကြိမ်ကြိမ် ပေါက်ကွဲ၍ ပတ်ဝန်းကျင်ဒေသများကို ဒုက္ခပေးခဲ့သော်လည်း တောင်ခြေရင်းနှင့် အောက်ဘက်တောင်စောင်းများတွင်
မြေသြဇာကောင်း၍မြေဩဇာကောင်း၍ စပျစ်ခြံလုပ်ငန်းအလွန်ဖြစ်ထွန်းသောကြောင့် လူများ ရွာတည်နေထိုင်ကြသည်။ သို့ရာတွင် မီးတောင်မှ မီးခိုး ထွက်သည်ကို အရိပ်အကဲကြည့်ကာ တထိတ်ထိတ်နှင့် နေကြ ရသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )</ref>
==ကိုးကား==
<references/>