မြစိန်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၄၅ -
 
 
ဒေါ်မြစိန်သည် ကိုလိုနီခေတ် အမျိုးသမီးများ၏ လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်ခဲ့ရာ ၁၉၃၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လာဟိုမြို့၌ ကျင်းပသော အာရှ အမျိုးသမီး ကွန်ဖရင့်သို့ လည်းကောင်း၊ နိုင်ငံပေါင်းချုပ် အသင်းမှ ကြီးမှူး ကျင်းပသော ဂျီနီဗာ အမျိုးသမီး ကွန်ဖရင့်သို့ လည်းကောင်း၊ လန်ဒန်မြို့ မြန်မာနိုင်ငံ အုပ်ချုပ်ရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်းအဝေးသို့ လည်းကောင်း တက်ရောက် ဆွေးနွေးခဲ့သည်။ ပထမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ လန်ဒန် မျက်နှာစုံညီ အစည်းအဝေး (The Round Table Conference) သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂၄ ဦး တက်ရောက်ခဲ့ရာ ဒေါ်မြစိန်သည် တဦးတည်းသော အမျိုးသမီး ကိုယ်စားလှယ် ဖြစ်သည်။ ထိုကွန်ဖရင့်သို့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဦးဘဘေ၊ ဦးချစ်လှိုင်၊ အမ်အေ ဦးမောင်ကြီး၊ သာယာဝတီ ဦးပု တို့လည်း တက်ရောက်သည်။ ကွန်ဖရင့်တွင် ဒေါ်မြစိန်သည် တွဲရေး ခွဲရေးနှင့် ပတ်သက်၍ ဗြိတိသျှ အုပ်ချုပ်ရေး အပေါ် မြန်မာတို့၏ သဘောထားကို ပွင့်ပွင့်လင်းလင်း ရဲဝံ့ဝံ့ တင်ပြခဲ့သည်။ ထိုဖြစ်ရပ်များကို နှစ်ပေါင်း ၄ဝ အကြာ ရန်ကုန် ပညာရေး တက္ကသိုလ် သမိုင်း ဟောပြောပွဲ၌ ပြန်လည် ဟောပြောခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် “မျက်နှာစုံညီ အစည်းအဝေး” The Round Table Conference အမည်ဖြင့် လည်းကောင်း၊ ၁၉၆၉ ခုနှစ်၊ သြဂုတ်လဩဂုတ်လ ၁၁ ရက်နေ့တွင် “တွဲရေး ခွဲရေး ပြဿနာ” အမည်ဖြင့် လည်းကောင်း ဟောပြောခဲ့သည်။