ရုဒေါ့ဖ် ဒီဇယ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀... |
||
စာကြောင်း ၂၈ -
ဒီဇယ်၏ ငယ်စဉ်တောင်ကျေးကလေးဘ၀သည် ပါရီမြို့တော်တွင်ကုန်လွန်ခဲ့သော်လည်း ၁၈၇၀တွင်ဖြစ်ပေါ်ခဲ့သော ပြင်သစ်နှင့်ဂျာမနီစစ်ပွဲကြောင့် သူနှင့်သူ၏မိသားစုသည် [[ပြင်သစ်]] နိုင်ငံမှ ထွက်ခွာခဲ့ရပါသည်။ ထို့နောက်တွင်မူ [[အင်္ဂလန်]]နိုင်ငံရှိ၊ [[လန်ဒန်]] မြို့တော် တွင်သွားရောက်အခြေချနေထိုင်ခဲ့ကြပါသည်။ ၁၈၇၁တွင်စစ်ကြီးပြီးဆုံးခဲ့ပါသည်။ အသက် ၁၂နှစ်အရွယ်ရှိသော ရုဒေါ့(ဖ်) သည် သူ၏ မိခင်၏တိုက်တွန်းချက်အရ ဂျမနီနိုင်ငံ အော့(ဂ်)စဘတ်မြို့သို့ ဦးလေး၊ဒေါ်လေးတို့နှင့်နေထိုင်ရန် ပြန်လာခဲ့ပါသည်။အဲလိစ်၏ အဓိကရည်ရွယ်ချက်မှာ ရုဒေါ့(ဖ်) ကို ဂျာမန်ဘာသာ ပိုမိုတိုးတက်စေရန်ဖြစ်သည်။ [[အင်ဂျင်နီယာ]] တစ်ဦးဖြစ်လိုကြောင်းကို ရုဒေါ့(ဖ်) ၁၄နှစ်သား အရွယ်တွင် ၄င်း၏ မိဘကိုရေးသားခဲ့သောစာတွင်တွေ့ရှိရပါသည်။ အခြေခံပညာကို ၁၈၇၃ခုနှစ်ထိ သင်ယူခဲ့ပြီးနောက်၊ အောက်(ဂ်)စဘတ်စက်မှုသိပ္ပံတွင် အင်ဂျင်နီယာပညာရပ်များကို စတင်လေ့လာဆည်းပူးခဲ့သည်။
နှစ်နှစ်ကြာသောအခါ၊ [[Royal Bavarian Polytechnic of Munich]] မှ [[စကောလားရှစ်]] ပညာသင်စုရရှိခဲ့သည်။ အလုပ်လုပ်ကိုင်စေရန်ဆန္ဒ ပြင်းပြနေသော မိဘတို့၏ အလိုကိုဆန့်ကျင်ကာ ယင်း စကောလားရှစ်ကို လက်ခံခဲ့ပါသည်။ [[တိုက်ဖွိုက်ရောဂါ]]ကို ခံစားခဲ့ရသော ဒီဇယ်သည် ၁၈၇၉တွင် ကျောင်မပြီးပါ။ ဒီဇယ်သည် နောက်နှစ်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ယင်း လုပ်ငန်းအတွေ့အကြုံရရှိရန်အလို့ငှာ Gebrüder Sulzer Maschinenfabrik (Sulzer Brothers Machine Works) [ဆူဇာနှင့်ညီအကိုများစက်မှုလက်မှု]
တစ်နှစ်အကြာတွင် ဒီဇယ်သည် ထိုရေခဲစက်၏ [[ဒါရိုက်တာ]]
၁၈၉၀ နှစ်ဦးပိုင်းကာလတွင် ဒီဇယ်တို့ မိသားစုသည် [[ဘာလင်]]မြို့ သို့ပြောင်းရွှေ့ခဲ့ကြသည်။ ဒီဇယ်သည် ပရော်ဖက်ဆာ လင်ဒေး၏ အမည်ဖြင့် [[မှတ်ပုံတင်]]ထားသော မူပိုင်ခွင်႔များကို သုံးစွဲခွင့် မရှိသည့်အတွက် ရေခဲစက်နှင့်အအေးခန်း လုပ်ငန်းများအပြင် တခြားသောလုပ်ငန်းများသို့လည်း ခြေဆန့်ရန် ကြိုးစားလာခဲ့သည်။ ပထမဦးစွာ ရေနွေးငွေ့၏ သဘောသဘာ၀များနှင့် လောင်စာများ၏ စွမ်းရည်များကို လေ့လာခဲ့သည်။ ထို့နောက်တွင်မူ [[ရေနွေးငွေ့အင်ဂျင်]]ကို [[အမိုနီးယား]] အငွေ့ ဖြင့်စမ်းသပ်မောင်းနှင်ရန် ကြိုးစားခဲ့သည်။ စမ်းသပ်နေစဉ် အတွင်းမှာပင် ထိုအင်ဂျင်မှာ ပေါက်ကွဲ၍ ဒီဇယ်လည်း သေလုမတတ်အနာတရဖြစ်ခဲ့သည်။ လပေါင်းများစွာဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။ ဆေးရုံမှဆင်းလာပြီးနောက် ၁၈၉၃တွင် [[Carnot Cycle]] ကို အခြေခံကာ အင်ဂျင်စက် တမျိုးကို စတင်တီထွင်ခဲ့သည်။ ထို့နောက်ဒီဇယ်သည် Theorie und Konstruktion eines rationellen Wärmemotors zum Ersatz der Dampfmaschine und der heute bekannten Verbrennungsmotoren [Theory and Construction of a Rational Heat-engine to Replace the Steam Engine and Combustion Engines ] ကိုရေးသားထုတ်ဝေခဲ့သည်။ ယင်းသည်ပင် ယနေ့ဒီဇယ်ဆီသုံးအင်ဂျင်များ၏ တီထွင်မှု အစဖြစ်သည်။
==နှောင်းပိုင်းဘ၀==
ဒီဇယ်သည် နောက်ပိုင်းတွင် [[သာမိုဒိုင်းနမစ်]] သီဝရီ ကိုသာမက လောင်စာများ၏ လက်တွေ့တွင်တွေ့ရှိရသော အကန့်အသတ်များပါ နာလည်လာခဲ့သည်။ အလွန်ကောင်းပါသည်ဟုဆိုသော ရေနွေးငွေ့အင်ဂျင်များပင်လျှင် [[လောင်စာ]]မှပေးလိုက်သော [[စွမ်းအင်]]၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းသာ ပြန်လည်ရရှိသည်။ ၉၀ရာခိုင်နှုန်းသော လောင်စာတို့၏ စွမ်းအင်မှာ အလေအလွင့် ဖြစ်သွားသည်။ ထိုအင်ဂျင်များထက် စွမ်းအင်ပိုမိုမြင့်မားသော အင်ဂျင်မျိုးကို တီထွင်နိုင်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။ Carnot Cycle ပေါ်တွင်ခြေခံကာ ကြိုးစားဒီဇိုင်းပြုလုက်ခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူ သူ၏ကိုယ်ပိုင်နည်းလမ်းများဖြင့်လည်း ကြိုးစားလာခဲ့သည်။ နောက်ဆုံးတွင်သူ၏ ကိုယ်ပိုင်ဒီဇိုင်းနှင့် အင်ဂျင်ကိုတီထွင်နိုင်ခဲ့ပြီး မူပိုင်ခွင့်လည်းရယူ နိုင်ခဲ့ပါသည်။ သူ၏ အင်ဂျင်ဒီဇိုင်းမှာ လောင်စာကို ဖိအားသွင်းမှု၏ နောက်ဆုံးအဆင့်တွင် ပေးသွင်း၍ မီးရှို့ခြင်းကို ဖိအားကြောင့်ထွက်ပေါ်လာသော အပူဖြင့်ပြုလုပ်ပါသည်။ Theory and Construction of a Rational Heat-engine to Replace the Steam Engine and Combustion Engines သီအိုရီပေါ်အခြေပြုကာ အလုပ်လုပ်နိုင်သည့်အင်ဂျင်ဒီဇိုင်းကိုသူတီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ထိုအင်ဂျင်ဒီဇိုင်းများကို [[ဒီဇယ်အင်ဂျင်]]ဟုခေါ်၍၊ ၄င်းအင်ဂျင်တို့အတွက် အသုံးပြုရသော လောင်စာဆီကို ဒီဇယ်ဆီဟုခေါ်သည်။ ရုဒေါ့(ဖ်)သည် ယင်းအင်ဂျင်ဒီဇိုင်းနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံ
==ကွယ်လွန်သေဆုံးခြင်း==
|