ရှင်အရဟံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၁၀၁ -
မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် စတင်ထွန်းကားရာ အချိန်သည် အေဒီ (၁) ရာစုမှ အေဒီ (၁၀) ရာစုတိုင် ထွန်းကားခဲ့သည်။ ထိုအချိန်သည် ရာမည (မွန်)ခေတ်အချိန်ဖြစ်ကြောင်း သမိုင်းများအရ သိရသည်။ မွန်လူ မျိုးတို့၏ အောက်မြန်မာပြည် ရာမညတိုင်း တစ်ခုလုံးရှိ တန်ခိုးကြီး စေတီများနှင့် မြို့ဟောင်းများတွင် ဗုဒ္ဓ သာသာနိက အဆောက်အအုံလက်ရာများကို ယနေ့တိုင် တွေ့နိုင်သည်။
 
ပုဂံခေတ် သေလည်ကြောင်မင်း လက်ထက်မှ အနော်ရထာမင်း မတိုင်မီ ကာလအထိ မင်းအဆက်ဆက်နှင့် ရဟန်း သံဃာတော် အဆင့်ဆင့်တို့ ခေတ်ကာလ အဆက်ဆက် ဖြတ်သန်း ဆင်းသက်လာရာမှ အကြောင်း အမျိုးမျိုးကြောင့် သာသနာတော်၌ ဒေသနာကျင့်၀တ်များအတိုင်းဒေသနာကျင့်ဝတ်များအတိုင်း မလိုက်နာ နိုင်ကြဘဲ ချွတ်ယွင်းအားနည်း၍ လာခဲ့သည်။
 
ပုဂံမင်း ၁၂ ဆက်မြောက်၊ သိုက်တိုင်မင်း (အေဒီ ၅၁၆ - ၅၂၃) လက်ထက်မှစ၍ ရဟန်းကောင်း၊ ရဟန်းမြတ်တို့၏ အကျင့်သီလများ ဆိတ်သုဉ်းကွယ်ပျောက်လုနီး ဖြစ်ခဲ့သည်။ သာသနာတော်၏အသက် ပိဋကတ်တော် (ပရိယတ္တိစာပေ) လည်း မရှိသေး၍ သမထီးခေါ် အရည်းကြီးတို့၏ အယူဝါဒများ လွန်စွာ ထွန်းကားလာသည်။
 
ပုဂံမင်းဆက် ၂၀ မြောက်၊ ပုပ္ပါးစောရဟန်းမင်း (အေဒီ ၆၁၃ - ၆၄၀) လက်ထက်တွင် မင်းနှင့်ပြည်သူအားလုံး အရည်းကြီး တို့၏ အယူ၀ါဒကိုအယူဝါဒကို လိုက်နာ ကြတော့သည်။ အရည်းကြီးတို့သည် (ထေရဝါဒ) ရဟန်းများကဲ့သို့ အဝါရောင် သင်္ကန်း (ဝိနည်းနှင့်အညီ သင်္ကန်း) များကို ၀တ်ရုံခြင်းဝတ်ရုံခြင်း မရှိဘဲ၊ အပြာ၊ အနက်၊ အမည်း၊ အညိုရောင် စသည့် (သင်္ကန်း မမည်သည့်) အ၀တ်များကိုအဝတ်များကို ၀တ်ရုံကြသည်။ဝတ်ရုံကြသည်။ ဦးခေါင်းကို (ဗုဒ္ဓအလိုကျ) ဦးပြည်းရိတ်ခြင်း မပြုဘဲ ဆံပင်ကို လက်လေးသစ်၊ လက်တဝါးအထိ ထား၍ ဦးထုပ်များကိုလည်း ဆောင်းကြသည်။ ထိုအခြင်းကို အစွဲပြုရည်သန်၍ စလေ [[ဦးပုည]]က (ရှေးအတီတေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရပျစ်၊ မဲညစ်သည့် စီ၀ရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာ့ ခေါင်ကြီး၊ ရှင်မထီး) ဟူ၍ စပ်ဆိုခဲ့ပါသည်။
 
သူတို့သည် ဆင်စီး၊ မြင်းစီး၍ လက်ဝှေ့လည်း သတ်ကြသည်။ နွားများကို မွေးမြူ၍လည်း ရောင်းစားကြသည်။ ထိုအရည်းကြီး တို့သည် ခြောက်ကျိပ် ရှိကြောင်းနှင့် တပည့် ခြောက်သောင်း ရှိကြောင်းကိုလည်း မှတ်တမ်းများက ဆိုသည်။ သူတို့၏ အယူဝါဒမှာ ဗုဒ္ဓမြတ်စွာ၏ ဒေသနာနှင့် ဆန့်ကျင်ဘက် မိမိ သဘောအတိုင်း ကျမ်းဂန်များကို ရေး၍ လူအများကို လှည့်ဖြား သွေးဆောင်ခြင်း ဖြစ်သည်။ သူတို့၏ အဓိက တရားမှာဂါထာ မန္တရားများကို ရွတ်၍ မန်းမှုတ်ခြင်း ဖြစ်သည်။
 
သူ့အသက်ကို သတ်မိသောသူသည် ပရိတ် (မန္တန်)ကို ရွတ်သော် ကမ္မပထမှ လွတ်၏။ မိဘကို သတ်မိသောသူသည် ဤပရိတ် (မန္တန်)ကို ရွတ်သော် ပြေပျောက်၏။ စသည်တို့ဖြစ်သည်။ သူတို့၏ ရွံရှာစက်ဆုပ်ဖွယ်အကောင်းဆုံး အဓမ္မ၀ါဒမှာမင်း၊အဓမ္မဝါဒမှာမင်း၊ မှူးမတ်၊ ကလန်၊ သံပျင်၊ သူဌေးသူကြွယ်၊ ပြည်သူတို့၏ သားသမီးများကို ထိမ်းမြားမင်္ဂလာ ပြုသောအခါ၌ “ပန်းဦး” လွှတ်သော အယုတ်တရားများ ဖြစ်သည်။
 
မြန်မာသက္ကရာဇ် ၄၀၆ (အေဒီ ၁၀၄၄) တွင် ပုဂံထီးနန်းကို စိုးစံသည့် အနော်ရထာမင်းစော၏ နန်းသက် (၉) နှစ်ကျော် (၁၀) နှစ်ခန့် အလွန်တွင် (သု၀ဏ္ဏဘုမ္မိ) သထုံပြည်မှ ဓမ္မဒဿီအမည်ရှိ ရှင်အရဟံ မထေရ်သည် ပုဂံပြည်သို့ကြွလာ၍ ထေရ၀ါဒထေရဝါဒ သာသနာကို စတင်ပြန့်ပွားစေသည်။ ထိုအချိန်တွင် မွန်လူမျိုးတို့ ကြီးစိုးရာ တောင်ပိုင်းရာမညတစ်ခွင်၍ ဗုဒ္ဓသာသနာ နေရောင်လရောင်ပမာ ထွန်းပသည့် အချိန်ကာလလည်း ဖြစ်လေသည်။ ရှင်အရဟံ မထေရ်မြတ်သည် ရာမညတိုင်း သုဝဏ္ဏဘူမိဟု အမည်ထွင်သော သထုံပြည် ဇာတိဖြစ်ပြီး ထင်ရှားကျော်ကြားသော ကျမ်းဂန်တတ် မွန်လူမျိုး ရဟန္တာ မထေရ်မြတ်တစ်ပါး ဖြစ်ပါသည်။ ရှင်အရဟံ မထေရ်မြတ်သည် သာသနာ ပြုခြင်းအမှုကို လုပ်ဆောင်နိုင်ခြင်း အလို့ငှာ၊ သီတင်းသုံး နေထိုင်သည့် တောင်ပိုင်း ရာမည ပြည်မှသည် ဗုဒ္ဓသာသနာ မထွန်းကားသေးရာ အရည်းကြီး မထီးအယူဝါဒတို့ လွှမ်းမိုးရာ မြောက်ပိုင်းအရပ်သို့ ထွက်ခါလာခဲ့လေသည်။ ထိုအခါ မင်းနှင့် ပြည်သူအားလုံးတို့သည် စစ်မှန်သောထေရ၀ါဒစစ်မှန်သောထေရဝါဒ တရား၌သာ တည်ရုံမျှမက သထုံပြည်မှ ပိဋကတ်သုံးပုံ အစုံသုံးဆယ်နှင့် ဓာတ်တော်၊ မွေတော်များ၊ ရဟန်းသံဃာတော် အစစ်အမှန်များကို ပုဂံပြည်သို့ ပင့်စေသည်။
 
ရှင်အရဟံမထေရ်နှင့် အနော်ရထာမင်းတို့ ပူးပေါင်းလက်တွဲ၍ ပုဂံပြည်တွင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော် သုံးရပ်ကို တည်တံ့ ဖွံ့ဖြိုးစေသည်။ ရှင်အရဟံမထေရ်မြတ်နှင့်အတူ အရှင်ဉာဏ၊ အရှင်အာနန္ဒာ အရှင်သီလဗုဒ္ဓ မထေရ်မြတ်တို့လည်း လက်တွဲ၍ သာသနာပြုကြသည်။ ရှင်အရဟံမထေရ်သည် သာသနာတော်၏ အသက်တခုဖြစ်သော ယခင်က မရှိဖူးသေးသည့် သိမ်များကို ပုဂံနှင့် အနော်ရထာမင်းကြီး စိုးစံရာဒေသတို့တွင် ကျမ်းဂန် ဒေသနာတော်နှင့် လျော်ညီစွာ သမုတ်တော်မူခဲ့သည်။
စာကြောင်း ၁၅၇ -
(၂) ကတ္ထုကံ သိမ်
 
(၃) ၀တ်ကျောက်ဝတ်ကျောက် သိမ်
 
(၄) ရှင်ပင်ကူ သိမ်
စာကြောင်း ၁၇၅ -
(၁) သန်းခေါင်ယံ သိမ် (ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်၊ ပြည်ကျောင်းတိုက်အတွင်းတွင်ရှိသည်)
 
(၂) နေ၀င်သိမ်နေဝင်သိမ် (အောင်မြေသာဇံမြို့နယ်၊ ညောင်ကွဲ (၁၁) လမ်းတွင် ရှိသည်)
 
(၃) နေထွက်သိမ် (ပုသိမ်ကြီးမြို့နယ်၊ အောင်ပင်လယ် ဘိုတက်ကုန်းတွင်ရှိသည်)
စာကြောင်း ၁၈၁ -
(၄) မွန်းတည့်သိမ် (ချမ်းအေးသာဇံ၊ ပြင်ဦးလွင်ကားလမ်း၊ အနောက်ဘက်၊ ကန်ဘောက်ရွာတွင် ရှိသည်) တို့ဖြစ်သည်။
 
ရဟန်းလောင်းတို့ ဥပသမ္ပဒကံ ဆောင်ရာတွင် သမ္ပတ္တိ ငါးပါးအနက် သီမာသမ္ပတ္တိသည် အရေးကြီးသော အချက်တခုအဖြစ် ပါ၀င်သည်။ပါဝင်သည်။ ထို့ကြောင့် ရှင်အရဟံမထေရ်သည် မရှိမဖြစ် သိမ်များကို သာသနာတော် စည်ပင်ပြန့်ပွားစေရန် သမုတ်တော်မူ ခဲ့လေသည်။
 
ပခုက္ကူဆရာတော် ကျမ်းတတ်အကျော် အရှင်နန္ဒ၀ံသအရှင်နန္ဒဝံသ မထေရ်မြတ်ကလည်း ရှင်အရဟံ မထေရ်မြတ်သည် ရဟန္တာ အစစ်ဖြစ်ကြောင်းကို ရွှေစည်းခုံဘုရား သမိုင်းတွင် မိန့်ကြားခဲ့ပါသည်။ အထောက်အထား အစုံအလင်နှင့် ဆိုပါသည်။
 
== ကိုးကား ==
<references/>
- ရှင်အရဟံ မထေရ်မြတ်၏ အတ္ထုပ္ပတ္တိနှင့် ရှင်အရဟံ အုတ်ကျောင်း ပြုပြင်တည်ဆောက်မှု မှတ်တမ်း။ ယဉ်ကျေးမှု ၀န်ကြီးဌာန။ဝန်ကြီးဌာန။
 
- ( စလင်း-မောင်မွှေးကြိုင်)