ပလေးတိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.5) (ရိုဘော့က တည်းဖြတ်နေသည် - tr:Platon
No edit summary
စာကြောင်း ၁ -
==ပလေးတို (ဘီစီ ၄၂၇-၃၄၇)==
{{Merge|ပလေတို}}
ရှေးခေတ်တွင် ပေါ်ပေါက်ခဲ့သမျှသော ယထာဘူတကဝိများအနက်၊ ဂရိလူမျိုး ပလေးတိုသည် အထင်ရှား အကျော်စောဆုံးသော ပညာရှင်ကြီးတဦးဖြစ်၏။ အဖအရစ္စတန် အမိပယ်ရစ်တီအွန်းတို့က ပလေးတိုကို ခရစ်မပေါ်မီ ၄၂၇ ခုနှစ်ခန့်က ဂရိနိုင်ငံအက်သင်းမြို့တွင်[[ဂရိနိုင်ငံ]] [[အေသင်မြို့]]တွင် ဖွားမြင်သည်။ အချို့ကလည်း အေဂျီးနားကျွန်းတွင် ဖွားမြင်သည်ဟု ဆိုကြသည်။ သူ၏ အမည်ရင်းမှာ အယ်ရစ္စတိုကလီး ဖြစ်သည်။ ပလေးတိုဟူသော အမည်မှာ ခင်မင်ရင်းနှီးသော မိတ်ဆွေများက ကျီစယ် ခေါ်ရာမှ တွင်ခြင်းဖြစ်သည်။ ယင်းအမည်ကို ဂရိဘာသာစကားဖြစ်၍ ကျယ်ပြန့်သော ပခုံးဟု အနက်ရသည်။ မိဖမျိုးရိုး သည်သူကောင်းမျိုးဖြစ်သည့်အပြင်၊ ဂရိသမိုင်းတွင် အလွန်ထင်ရှားသော နိုင်ငံပြုသုခမိန်တစ်ဦး ဖြစ်သည့် ဆိုလွန်၏ အဆက်အနွယ်ဖြစ်သည်။
 
ပလေးတိုသည် ဂရိတို့၏ သင်ရိုးသင်စဉ် ပညာရပ် အဖုံဖုံ တို့ကို လေ့လာသင်ကြားပြီးနောက်၊ အသက် ၂၀ အရွယ်တွင် ဂရိပညာရှင်ကြီး ဆိုကရေးတီး၏ တပည့်အဖြစ် ခံယူခဲ့ရာ၊ ဆိုကရေးတီး၏ တပည့်ရင်းကြီး ဖြစ်လာသည်။