"ပလေးတိုး" ၏ တည်းဖြတ်မှု မူကွဲများ

၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၉ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
ပလေးတိုသည် ဂရိတို့၏ သင်ရိုးသင်စဉ် ပညာရပ် အဖုံဖုံ တို့ကို လေ့လာသင်ကြားပြီးနောက်၊ အသက် ၂၀ အရွယ်တွင် ဂရိပညာရှင်ကြီး ဆိုကရေးတီး၏ တပည့်အဖြစ် ခံယူခဲ့ရာ၊ ဆိုကရေးတီး၏ တပည့်ရင်းကြီး ဖြစ်လာသည်။
 
ဘီစီ ၃၉၉ ခုနှစ်တွင် ဆိုကရေးတီး သေဒဏ်အပေးခံရသောအခါ ပလေးတိုသည် အလွန်စိတ်နာကြည်းလှသဖြင့် အက်သင်းမြို့တော်မှအေသင်မြို့တော်မှ ထွက်ခွာခဲ့ကာ စစ္စလီကျွန်း၊[[စစ္စလီကျွန်း]]၊ အီတလီနိုင်ငံ၊[[အီတလီနိုင်ငံ]]၊ အီဂျစ်နိုင်ငံနှင့်[[အီဂျစ်နိုင်ငံ]] နှင့် အာဖရိကတိုက် မြောက်ပိုင်းဒေသများ၌ ၁၂ နှစ် လုံးလုံးခရီးလှည့်လည်သွားလာလျက် ပညာဗဟုသုတ ရှာမှီးနေခဲ့လေသည်။ ယင်းသို့ လှည့်လည်သွားလာနေစဉ် ဆိုင်ရားကျူဘုရင် ဒိုင်အိုနိုးဆပ်၏ မလိုမုန်းထားခြင်းကို ခံရသဖြင့် ထိုဘုရင်၏ ငွေဝယ်ကျွန်းအဖြစ် ရောင်းစားခြင်း ခံရရှာသည်။ သို့သော် ကံကောင်းထောက်မ၍ မိတ်ဆွေတစ်ဦးက ပလေးတို အား ကျွန်ဘဝမှ ကယ်တင်သဖြင့် ဘီစီ ၃၈၇ ခုနှစ်တွင် အက်သင်းမြို့တော်သို့ ပြန်လည်ရောက်ရှိသည်။ အက်သင်းမြို့တော်သို့ ပြန်ရောက်သောအခါ ပလေးတိုသည် အကယ်ဒမီဟုခေါ်သော ကျောင်းတစ်ကျောင်းကို မြို့မှ တစ်မိုင်ခန့်ကွာဝေးသော အရပ်တွင် စတင်တည်ထောင်ပြီးနောက်၊ သူ၏ တပည့်များဖြစ်သော အက်သင်း မြို့သားလူငယ်များအား မိမိလေ့လာမှတ်သားခဲ့သည့် ပညာဗဟုသုတများကို သင်ကြား ပို့ချ နေထိုင်ယင်း၊ အသက် ၈၀ အရွယ်တွင် အနိစ္စရောက်သွားလေသည်။ စင်စစ်အားဖြင့် ထိုအကယ်ဒမီ ကျောင်းတော်သည် ဂရိနိုင်ငံ၏ ပညာရှာမှီးရာ ဗဟိုဌာနတခုဖြစ်လာခဲ့သည်သာမက ဥရောပသမိုင်းတွင် ပထမဆုံးတည်ထောင်ခဲ့သော တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်လေသည်။
 
ပလေးတို၏ စာပေလက်ရာဟူ၍ တစ်စုံတစ်ခုမျှ ပျောက်ပျက်သွားခြင်း မရှိသော်လည်း၊ တွေ့ရှိသမျှ လက်ရာများသည် သူ၏လက်ရာ အစစ်ဟုတ် မဟုတ်ကိုကား သံသယဖြစ်နေကြသည်။ သူရေးသားထားသော စာပေများမှာ များသောအားဖြင့် စုံတွဲအပြန်အလှန် စကားပြေါဆိုပုံမျိုးဖြစ်သည်။ ဆရာဖြစ်သူ ဆိုကရေးတီး နှင့်ယထာဘူတပညာဆိုင်ရာ အတွေးအခေါ်တို့ကို ဆွေးနွေးနေဟန် ရေးသားကာ၊ မိမိ၏ ယထာဘူတ ပညာဆိုင်ရာ သဘောတရားများကိုလည်း ဆိုကရေးတီး၏နှုတ်မှ မြွက်ကြားဟန်မျိုးဖြင့် ဖော်ပြခဲ့လေသည်။
၁၉၃၀

တည်းဖြတ်မှုများ