နီပေါနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2+) (ရိုဘော့က တည်းဖြတ်နေသည် - ml:നേപ്പാൾ
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{Inuse}}
{{Infobox နိုင်ငံ
| နိုင်ငံအမည်အပြည့် = နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ
Line ၅၃ ⟶ ၅၄:
}}
'''နီပေါနိုင်ငံ'''၏ တရားဝင်အမည်မှာ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဖြစ်ပြီး တောင်အာရှရှိ ကုန်းတွင်းပိုင်း နိုင်ငံတစ်ခုဖြစ်သည်။ နီပေါနိုင်ငံသည် [[ဟိမဝန္တာ တောင်တန်း]]ဒေသတွင် တည်ရှိပြီး မြောက်ဘက်တွင် [[တရုတ်နိုင်ငံ]]နှင့် နယ်မြေခြင်း ထိစပ်လျက်ရှိကာ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တွင်မူ [[အိန္ဒိယနိုင်ငံ]]က ဝန်းရံထားသည်။ နီပေါနိုင်ငံသည် ၁၄၇,၁၈၁ စတုရန်း ကီလိုမီတာ (၅၆,၈၂၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် ဧရိယာအားဖြင့် နံပါတ် ၉၃ ဖြစ်သည်။ လူဦးရေမှာ သန်း ၃၀ ခန့်ရှိသည်။<ref>{{cite web| url = https://www.cia.gov/library/publications/the-world-factbook/rankorder/2147rank.html | title = The World Factbook : Rank order population | publisher = CIA}}</ref> နံပါတ် ၄၁ မြောက် လူဦးရေ အထူအထပ်ဆုံး နိုင်ငံဖြစ်သည်။ မြို့တော် [[ခတ္တမန္ဒုမြို့]]သည် နီပေါနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည်။
 
ကမ္ဘာပေါ်ရှိအမြင့်ဆုံးသော တောင်ကြီး ၁၀ လုံးအနက် ၅ လုံးသည် နီပေါနိုင်ငံတွင် တည်ရှိသည်။ ထိုတောင်တို့တွင် ဧဝရတ်တောင်နှင့် ကန်ချင်ဂျွန်းဂါးတောင်တို့ ပါဝင်သည်။ ၁၈၅၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား (ယခုအခါ ဆာဘွဲ့ရရှိခဲ့သူ) ဒက်ဒမန်ဟစ်လာရီနှင့် နီပေါလူမျိုး တင်ဇင်နော်ကေးတို့သည် ဧဝရတ်တောင်ထွတ်ကို ​ရောက်အောင်တက်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့၌ကား အင်္ဂလိပ်လူမျိုး ဒေါက်တာဒချားအက်ဗန်သည် ကန်ချင်ဂျွန်းဂါးတောင်ထွတ်ကို ရောက်အောင်တက်ခဲ့သည်။
 
တောင်ပိုင်း၌ ကျယ်ပြန့်၍ မြေဩဇာကောင်းမွန်ထက်သန်သော လွင်ပြင်ကြီး ရှိသဖြင့် နီပေါနိုင်ငံသည် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ ဆန်စပါး၊ လက်ဖက်၊ ကြံ၊ ဆေးနှင့် ဝါများကို စိုက်ပျိုးကြ၏။ အနည်းငယ်မြောက်ဘက်ကျသော အရပ်ဒေသတို့၌မူ မုယောစပါး၊ ပြောင်း၊ ဂျုံစသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးကြသည်။ နီပေါနိုင်ငံမြောက်ပိုင်းရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များရှားပါလှသော်လည်း သိုးကို အတော်အသင့် မွေးမြူကြသည်။ ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များ ရှားပါးလှသော်လည်း သိုးကို အတော်အသင့်မွေးမြူကြသည်။
 
== ကိုးကား ==