မင်းကွန်းတိပိဋကဆရာတော်: တည်းဖြတ်မှု မူကွဲများ

"မင်းကွန်း တိပိ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၆:၃၃၊ ၁၈ ဧပြီ ၂၀၁၂ ရက်နေ့က မူ

မင်းကွန်း တိပိဋကဓရ ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ သည် မြန်မာနိုင်ငံတွင် တိပိဋကဓရ ဘွဲ့ကို ပထမဆုံးရရှိခဲ့သော မှတ်ဉာဏ် အကောင်းဆုံး ဆရာတော်ကြီးတစ်ပါးဖြစ်ခဲ့သည်။

မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ

ဆရာတော်ကြီး၏ ငယ်ဘဝ

ဆရာတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့ ခရစ်သက္ကရာဇ် နို၀င်ဘာလ ၁ရက် ၁၉၁၁ ခုနှစ်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ကျည်ပင်ရွာ၌ ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်နာမည် မောင်ခင်ဖြစ်သည်။ မောင်ခင် ၄ နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူ ဦးဆုံ ကွယ်လွန်ခဲ့သည်။ ၅ နှစ်သားအရွယ်မှစတင်၍ အခြေခံ ဗုဒ္ဓဘာသာ စာပေများကို ရွာဦးဘုန်းကြီးကျောင်းတွင် စတင်သင်ယူလေ့လာခဲ့သည်။ မန္တလေးမြို့၌ ထင်ရှားသော နန်းဦး ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးသာသနာ့ မှာ မောင်ခင်၏ လက်ဦးဆရာဖြစ်သည်။ အဘိုးဖြစ်သူ ဦးချိုင် မှလည်း ဗုဒ္ဓဘာသာနှင့်ပက်သက်သော ရှိခိုးခြင်း၊ ဆုတောင်းခြင်း၊ ဟောပြောချက်များကို သင်ကြားပေးခဲ့သည်။ အသက် ၇ နှစ်အရွယ်တွင် မြင်းခြံ မင်းကျောင်းတိုက် ဆရာတော် ဦးသောဘိတ ထံ၌ သာမဏေ ဝတ်ခဲ့ပြီး ထိုအသက်အရွယ်မှ စတင်၍ မှတ်ဉာဏ်စွမ်းရည်ထက်မြတ်မှု လက္ခဏာများ ပြလေတော့သည်။ သူသည် ဝတ္ထု ၊ မဂ္ဂဇင်း၊ ဂျာနယ် အစရှိသည်များကိုပင် ထိုအရွယ်ကတည်းက ဖတ်နေပြီဖြစ်သည်။ ဆရာတော် ဦးသောဘိတသည် မောင်ခင်အား ပါဠိတွင် ထူးချွန်ပြောင်မြောက်သော အဓိပ္ပါယ်ဖြစ်သည့် ရှင်ဝိစိတ္တသာရ ဘွဲ့တော်ကို မှည့်ခေါ်ပေးခဲ့သည်။ မိခင် ဒေါ်ဆင်မှလည်း သံယာတစ်ပါးဖြစ်မြောက်လာအောင် အထူပင် ချီးမြှောက်ခဲ့သည်။


ခရစ်သက္ကရာဇ် ၁၉၃၀ ခုနှစ်တွင် ရှင်ဝိစိတ္တသာရ သည် စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ်ရှိ ဓမ္ဓနန္ဒ ကျောင်းသို့ ပြောင်းရွှေ့ကာ ဆက်လက်သင်ယူခဲ့သည်။ ထိုအချိန်မှစ၍ ပျံလွန်တော်မူသည်အထိ မင်းကွန်းတွင်သာ အခြေပြုနေထိုင်ခဲ့သဖြင့် မင်းကွန်းဆရာတော်ကြီးဟု လူသိများခဲ့ခြင်းဖြစ်သည်။ ရှင်ဝိစိတ္တသာရသည် အထူးသဖြင့် သီလရှင်ဆရာလေး ဒေါ်ဓမ္ဓစာရီ၏ ပူဇော်ထောက်ပံ့မှု ကို ရရှိခဲ့ပြီး ထိုနှစ်မှာပင် ရှင်သာမဏေ ဘ၀မှ ဦးပဇ္ဇင်း အဖြစ်သို့ ရောက်ရှိခဲ့သည်။


ပညာသင်ကြားမှုနှင့် ရရှိသောဘွဲ့များ

အသက် ၁၃ နှစ်တွင် မြင်းခြံ သံဃသမဂ္ဂီ အဖွဲ့မှ စစ်ဆေးသော ဝိနယ စာမေးပွဲကိုဖြေဆို အောင်မြင်ပြီး မြင်းခြံ ဘာသာရေး အသိုင်းအဝိုင်းတွင် ထင်ရှားကျောဇောလာခဲ့သည်။ နောက်တစ်နှစ်တွင်လည်း ပရိယတ္တိ စာမေးပွဲကိုလည်း အာဂုံဆောင် ဖြေဆိုနိုင်ခဲ့သည်။ ၁၅ နှစ်သားတွင် ပထမငယ်တန်း၊ ၁၇ နှစ်သားတွင် ပထမလတ်တန်း နှင့် အသက်၂၀ အရွယ်တွင် ပထမကြီးတန်းတို့ကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၃၃ခုနှစ် တွင် အစိုးရ ပထမကြီးတန်းကို ပထမကျော် ဟူသော် ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့သည်။ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၉၃၄ခုနှစ်တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ၁၉၃၄ ခုနှစ်တွင်ပင် တွင် မဟာသံဃသမဂ္ဂီ အဖွဲ့မှ ဘိဝံသ ဘွဲ့ကို ချီးမြှင့်ခဲ့ပြီးနောက် ဘွဲ့တော်မှာ ဦးဝိစိတ္တသာရာဘိဝံသ ဟူ၍ဖြစ်သည်။ ဆရာတော်သည် ၁၉၅၀ ခုနှစ်မှ ၁၉၅၃ ခုနှစ်အတွင်း တိပိဋကဓရ စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီးနောက် ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် နိုင်ငံတော်မှ တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။

ဆဋ္ဌသင်္ဂါယနာ

ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းဝင်