မင်းကွန်းတိပိဋကဆရာတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၂ -
ဦးနု အစိုးရလက်ထက် ခရစ်သက္ကရာဇ် ၁၉၅၄ ခုနှစ်မှ ၁၉၅၆ ခုနှစ်အတွင်း ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏ လှိုဏ်ဂူတော်ကြီးတွင် ပြုလုပ်ခဲ့သော ဆဋ္ဌသင်္ဂါယနာ တင်ပွဲ၌ မဟာစည် ဆရာတော်ကြီး ဦးသောဘနမှ
မေးခွန်းမေးမြန်းသူအဖြစ်ဆောင်ရွက်ခဲ့ပြီး မင်းကွန်းဆရာတော်ဘုရားကြီး မှ ဖြေကြားသူအဖြစ်ဆောင်ရွက်ခဲ့ရာတွင် မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ မည်သည့်စာအုပ် မည်သည့်စာမျက်နှာ နံပါတ် စာကြောင်းရေ ဘယ်လောက်မှ ဟူ၍ တိကျစွာ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။
 
==နောက်ပိုင်းလုပ်ဆောင်ချက်များ==
ဝန်ကြီးချုပ်ဦးနုနှင့် ဗုဒ္ဓသာသန ကောင်စီ၏ တောင်းဆိုလျှောက်ထားမှုကြောင့် ၁၉၅၅ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း မဟာဗုဒ္ဓဝင်ကျမ်းကိုလည်း ပြုစုခဲ့သည်။ မဟာဗုဒ္ဓဝင်ကျမ်းသည် ဆရာတော်၏ စာပေဆိုင်ရာ လုပ်ငန်းစဉ်များတွင် ထင်ရှားသောအောင်မြင်မှုတစ်ခုဖြစ်သည်။ ၁၉၇၉ ခုနှစ် တွင် ဗိုလ်ချုပ်ကြီးနေဝင်း နှင့် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မှ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့ကို ဆပ်ကပ်ခဲ့သည်။ ၁၉၈၀ မှစ၍ နိုင်ငံတော် သံဃနာယကအဖွဲ့၏ အကျိုးတောင်ဆောင်ချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်။
ဆရာတော်သည် ၁၉၉၃ ခုနစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီ ၄၀ အချိန် တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
 
==ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းဝင်==
မင်းကွန်း ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ အား ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ထားသော ၁၉၈၅ ခုနှစ်ထုတ် ဂင်းနစ်စာအုပ်၌ မှတ်ဉာဏ်အကောင်းဆုံး လူသားအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။
 
 
==ကိုးကား==