ပိုပေါ့: တည်းဖြတ်မှု မူကွဲများ

"=ပိုပေါ့(၁၉၂၅-၁၉..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
=ပိုပေါ့(၁၉၂၅-၁၉၉၈)=
ကမ္ဘောဒီးယားနိုင်ငံခေတ်သစ်သမိုင်းတွင်[[ကမ္ဘောဒီးယားနိုင်ငံ]]ခေတ်သစ်သမိုင်းတွင် အမည်ဆိုးဖြင့် ကျော်ကြားလှသည့် ကွန်မြူနစ်ခမာနီခေါင်းဆောင်ကွန်မြူနစ်[[ခမာနီ]]ခေါင်းဆောင် အဖြစ် ပိုပေါ့ အားသိရှိကြသည်။ ၄င်းအုပ်ချုပ်သည့် ၁၉၇၆-၁၉၇၉ခုနှစ်များအတွင်းတွင် ခမာနီတို့၏ နှိပ်စက်သတ်ဖြတ်မှုများကြောင့် [[လူသတ်ကွင်း]](Killing Field) ဟုကျော်ကြားသည့် ခမာနိုင်ငံတွင် ခမာလူမျိုးအများစု နှင့် တရုတ်၊ဟိန္ဒူ၊ဗီယက်နမ်နှင့် လာအိုလူမျိုးများအပါအဝင် ခန့်မှန်းခြေအားဖြင့် နိုင်ငံတွင်းရှိ လူဦးရေ ၁.၆သန်းမျှ သုတ်သင်ခြင်းခံခဲ့ရသည်။
 
==ငယ်ဘဝ==
အမည်ရင်း ဆလို့တ်ဆာ ဟုခေါ်သော ပိုပေါ့အား ၁၉ရက်၊ မေ၊ ၁၉၂၅ခုနှစ်တွင် ချမ်းသာကြွယ်ဝသည့်ပြည့်စုံသည့် တရုတ်နွယ်ဖွားမိသားစု မှ ဖွားမြင်သည်။ မွေးချင်းကိုးဦးအနက်မှ ၈ ဦးမြှောက်ဖြစ်သည်။ ပရက်ခ် ဆဗူးဗ် ဒေသတွင် မွေးဖွားနေထိုင်ကြီးပြင်းခဲ့သည်။ ၁၀နှစ်သားအရွယ်တွင် မွေးရပ်မှခွာကာ ဖနောင်ပင်မြို့သို့လာရောက်ခဲ့ပြီး[[ဖနွမ်းပင်မြို့|ဖနောင်ပင်မြို့]]သို့လာရောက်ခဲ့ပြီး မြို့တော်ရှိ ကတ်သလစ် သာဿနာပြုကျောင်းတစ်ကျောင်းတွင် ပညာသင်ခဲ့သည်။ အစ်မတစ်ဦးဖြစ်သည့် ရုန်အန်မှာ ဘုရင်ဆီဆိုဝပ် မိုနီဗောင်၏ ကိုယ်လုပ်တော်တစ်ဦးဖြစ်သောကြောင့်လည်း အတော်အသင့်နေရာရခဲ့သည်။ နန်းတော်တွင်းသို့လည်း ဝင်ထွက်သွားလာနိုင်ခွင့်ရခဲ့သည်။ စံပြအထက်တန်းကျောင်းသို့ ဝင်ရောက်ခွင့်ရသော်လည်း ကျောင်းစာဖက်တွင် မလိုက်နိုင်သဖြင့် နည်းပညာကျောင်းဖြစ်သည့် ရူဆေး ကီအိုသို့ ဝင်ရောက်ခဲ့သည်။
 
ထိုကျောင်းတွင် ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်လာပြီးနောက် ပညာတော်သင်အဖြစ် ပါရီမြို့သို့စေလွှတ်ခံရသည်။[[ပါရီမြို့]]သို့စေလွှတ်ခံရသည်။ ပါရီမြို့ရှိ ပြင်သစ်လျှပ်စစ်နှင့် နည်းပညာကျောင်းတွင် ကျောင်းသားဖြစ်လာပြီးနောက် ၁၉၄၉မှ ၁၉၅၃ထိ ပညာသင်ကြားခဲ့သည်။ သို့သော် ဆလို့တ်ဆာ စိတ်ပါဝင်စားသည်မှာ ပညာရေးမဟုတ်ဘဲ လက်ဝဲနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ရန်ဖြစ်ပြီး [[ပြင်သစ်ကွန်မြူနစ်ပါတီ]](PCF)ဝင်တစ်ဦး ဖြစ်လာသည်။ ယူဂိုဆလဗ်ပြည်ထောင်စုသို့သွားရောက်ကာ[[ယူဂိုစလားဗီးယားနိုင်ငံ|ယူဂိုဆလားဗီးယားပြည်ထောင်စု]]သို့သွားရောက်ကာ လုပ်အားပေးခြင်းကိုလည်း ပြုလုပ်ခဲ့သေးသည်။ ခမာကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် မာ့ခ်ဝါဒီလျှို့ဝှက်အဖွဲ့တွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ ကျောင်းစာတွင် အားနည်းလွန်းလာသဖြင့် စာသင်နှစ် သုံးနှစ်ဆက်တိုက် စာမေးပွဲကျသဖြင့် ကျောင်းမှ ထုတ်ပယ်ခံရပြီး ကမ္ဘောဒီးယားသို့ပြန်လည် စေလွှတ်ခံရသည်အထိပင် ဖြစ်သည်။ ခမာ မာ့ခ်ဝါဒီကျောင်းသားများအနက် ပထမဆုံးအိမ်ပြန်ပို့ခံရသူလည်း ဖြစ်သည်။
 
==ပြည်တွင်းလှုပ်ရှားမှုများ==
တိုင်းပြည်သို့ပြန်ရောက်လာသည့်နောက်တွင်လည်း ဆလို့တ်ဆာသည် မြေအောက်လှုပ်ရှားမှုများတွင် တစိုက်မတ်မတ်ပါဝင်ခဲ့သည်။ နိုင်ငံအတွင်းရှိ ဘုရင့်အစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့များအတွင်း လက်ဝဲဝါဒပြန့်ပွားရေးအတွက် ခရီးများ လျှို့ဝှက်ထွက်ကာ အဆက်အပြတ်လှုပ်ရှားခဲ့သည်။ ဗီယက်နမ်နိုင်ငံရှိ[[ဗီယက်နမ်နိုင်ငံ]]ရှိ ကွန်မြူနစ်အဖွဲ့အစည်းများနှင့်လည်း လက်တွဲနိုင်ရန် အားထုပ်ခဲ့သည်။ စိတ်ဓါတ်ပြင်းထန်သော ဆလို့တ်ဆာသည် တဖြည်းဖြည်းနှင့် ခမာကွန်မြူနစ်များတွင် ဦးဆောင်သည့်သူများအနက်မှ တစ်ဦးဖြစ်လာသည်။ ၁၉၅၄ခုနှစ်နောက်ပိုင်းတွင် ဗီယက်နမ်ရှိ ဗီယက်မင်း(မြောက်ဗီယက်နမ်ကွန်မြူနစ်)အစိုးရ ပေါ်ပေါက်လာသည့်နောက်တွင် ခမာကွန်မြူနစ်အဖွဲ့အချို့ ဗီယက်မင်းတို့နှင့် သွားရောက်ပူးပေါင်းခဲ့သေးသည်။
 
၁၉၅၄ခုနှစ်တွင် ဂျီနီဗာညီလာခံ ဆုံးဖြတ်ချက်များအရ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် လက်ဝဲ-လက်ယာအင်အားစုများသည် နိုင်ငံ့အာဏာရယူရေးအတွက် အပြင်းအထန်ပြိုင်ဆိုင်လာကြသည်။ ရဲများ စစ်သားများကပင် အဆိုပါ ပြိုင်ဆိုင်မှုတွင် ပါဝင်လာကြသဖြင့် ဘုရင် [[နိုရိုဒွန် သီဟာနုအနေဖြင့်လည်းသီဟာနု]]အနေဖြင့်လည်း နိုင်ငံပြိုကွဲသည်နိုင်သည့်အချက်အား စိုးရိမ်ကြီးစွာဖြင့် နိုင်ငံရေးပါတီများအား ပြောဆိုပြစ်တင်မှုများပြုလုပ်ခဲ့ရသည်။ ၁၉၅၅ခုနှစ်ရွေးကောက်ပွဲအပြီးတွင် လက်ဝဲဝါဒီများအနေဖြင့် တော်လှန်ရေးနည်းဖြင့်သာ တိုင်းပြည်အာဏာကို ရယူနိုင်တော့မည်ဟု သဘောတူညီပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လာကြသည်။ စိတ်ဓါတ်ပြင်းထန်သော ဆလို့တ်ဆာသည် တဖြည်းဖြည်းနှင့် ခမာကွန်မြူနစ်အဖွဲ့များ၊ ပါတီများတွင် ဦးဆောင်သည့်သူများအနက်မှ တစ်ဦးဖြစ်လာသည်။
 
[[Category:ကမ္ဘောဒီးယားနိုင်ငံ]]
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:ကွန်မြူနစ်ဝါဒ]]
[[Category:နိုင်ငံရေး]]