အမ်စတာဒမ်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - zu:I-Amsterdami
စာကြောင်း ၁၈၇ -
=== မီးနီရပ်ကွက် ===
===အားကစား===
==အမ္မစတာဒမ်မြို့==
အမ္မစတာဒမ်မြို့သည် နယ်သာလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်၍ မြို့တော်လည်းဖြစ်သည်။ နယ်သာလန်အစိုးရ ၏ ရုံးစိုက်ရာသည် ဟိတ်မြို့ဖြစ်သော်လည်း အမ္မစတာဒမ်သည်
ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းတို့ဖြင့် အလွန်ကြီးကျယ် စည်ကားလှသည်။ ထို့ပြင် အမ္မစတာဒမ်မြို့၏ ကျော်ကြားမှုမှာ အီတလီနိုင်ငံ ဗင်းနစ်မြို့ကဲ့သို့ မြို့ခင်းမြို့ကွက်၏အလှအပကို တိုးစေပြီးလျှင် ကူးသန်းသွားလာရေးအတွက် ကြီးစွာသော အထောက်အပံ့ကိုဖြစ်စေသော တူးမြောင်းများ ကွေ့ကောက်ယှက်
ဖြာလျက် ရှိခြင်းကြောင့်လည်း ဖြစ်ပေသည်။
 
မြို့၏တည်နေရာသည် ဟော်လန်နယ်အတွင်း၌ ရှိ၍ အမ္မစတယ်မြစ်နှင့် အိုင်းမြစ်နှစ်ခုတို့ ပေါင်းဆုံရာအရပ်၌ ဖြစ် သည်။ ဇွိုင်ဒါဇေးမှငါးမိုင်ခန့်ကွာသည်။ အမ္မစတာဒမ်မြို့၏
သင်္ဘောဆိပ်ကမ်းသည် ဇွိုင်းဒါဇေး၏ လက်တက်တစ်ခုဖြစ် သော အိုင်းမြစ်ပေါ်တွင်ရှိ၍ မြောက်ပင်လယ်နှင့်လည်း တူး မြောင်းတစ်ခုအားဖြင့် ဆက်သွယ်ထားသည်။ ထို့ပြင် ဇွိုင်ဒါဇေး ၏အဝင်ဝရှိ ဟယ်လဒါမြို့နှင့်လည်း တူးမြောင်းအားဖြင့်အဆက် အသွယ်ရှိလေသည်။
 
မြို့၏တည်နေပုံသည် ဆန်းစလ၏ ပုံသဏ္ဌာန်ဖြစ်၍ အလယ်တွင် ဒမ်ဟုခေါ်သော ရင်ပြင်ကျယ်ရှိသည်။ ထိုရင်ပြင် ကျယ်မှ လမ်းမကြီးငယ်နှင့် မြစ်ချောင်းအသွယ်သွယ်တို့သည် ယှက်ဖြာ၍ထွက်ကြသည်။ ကမ်းပါးတစ်ဖက်တစ်ချက်တွင် မြင့် မားသောသစ်ပင်ကြီးများနှင့် တိုက်တာအိမ်ခြေများရှိသော တူး
မြောင်းများသည် အမ္မစတာဒမ်မြို့ကို ကျွန်းငယ်ပေါင်း ၉ဝ ခန့် အဖြစ်ရောက်ရှိအောင် ပိုင်းခြားထားလေသည်။ တူးမြောင်းကမ်း ဘေးမှ အဆောက်အအုံများကို ဗင်းနစ်မြို့၏အဆောက်အအုံများ ကဲ့သို့ တူးမြောင်း၏အောက်ခြေ သဲမြေထဲ၌ စိုက်ထူထားသော တိုင်များ ထောက်များပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။
ယင်းအဆောက်အအုံများတွင် ၁၇ ရာစုခေတ်က ဆောက်လုပ်ခဲ့ သော လှပခန့်ညားသည့် အဆောက်အအုံများ အများအပြား ပါဝင်၍ အမ္မစတာဒမ်မြို့သည် ဥရောပနိုင်ငံတွင် သာယာလှပ သော မြို့တစ်မြို့ဖြစ်ပေသည်။
 
 
တစ်ဆယ့်ခြောက်ရာစုတွင် အန့်တွပ်မြို့၏အခြေအနေ ဆုတ်ယုတ်လာသဖြင့်လည်းကောင်း၊ ရှဲ့မြစ်ကို ပိတ်လိုက်သဖြင့် လည်းကောင်း၊ ဖလင်းမစ်နယ်များမှ နယ်ပြောင်းသူများ ဝင် ရောက်လာသဖြင့်လည်းကောင်း အမ္မစတာဒမ်မြို့သည် တိုးတက် ဖွံ့ဖြိုးလာသည်။ ၁၆ဝ၂ ခုနှစ်တွင် ကမ္ဘာ့အရှေ့ပိုင်း၌ တန်ခိုး
ထွားခဲ့သော ဒပ်ချအရှေ့အိန္ဒိယကုမ္ပဏီကြီးကို အမ္မစတာဒမ်မြို့၌ ပင် စတင်တည်ထောင်ခဲ့သည်။ အမ္မစတာဒမ်မြို့၏ အထွန်းကား ဆုံးအချိန်သည် ၁၇ ရာစုနှစ်ဖြစ်၍ ရေသစ်မြေသစ်ရှာအဖွဲ့များ ၏ သင်္ဘောကြီးငယ်များ အဝင်အထွက်များပြားကာ ဖွံ့ဖြိုး စည်ကားခဲ့သော သင်္ဘောဆိပ်မြို့ကြီးလည်းဖြစ်သည်။ မြောက်
ပင်လယ်ဘက်သို့လည်းကောင်း တောင်ဘက် ရိုင်းမြစ်ဝှမ်းဒေသ သို့လည်းကောင်း၊ ကုန်စည်များတင်ပို့ရေး၌လည်း အမ္မစတာဒမ် သည် အချက်အချာဖြစ်ခဲ့သည်။ နောင်အခါ ရော့တဒမ်မြို့သည် သင်္ဘောဆိပ်မြို့အဖြစ် တိုးတက်စည်ကားလာသည့် တိုင်အောင် အမ္မစတာဒမ်သည် စက်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်းတို့ဖြင့် စည်ကားမြဲ စည်ကားလျက်ပင်ရှိသည်။
 
အမ္မစတာဒမ်မြို့၏ ကြီးကျယ်သောလုပ်ငန်းများအနက် စိန်သွေးလုပ်ငန်းသည် တစ်ရပ်အပါအဝင်ဖြစ်သည်။ ပင်လယ် ရပ်ခြား၌ ဒပ်ချတို့၏ကိုလိုနီများ ဖွံ့ဖြိုးစဉ်က အမ္မစတာဒမ်၌ စိန်သွေးလုပ်ငန်းသည် ယခင်လောက် မကြီးကျယ်တော့ပေ။ အခြားကြီးကျယ်သော လုပ်ငန်းကြီးများမှာ ဆေးလိပ်လုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ လင်နင်ထည်နှင့် ပိုးထည်လုပ်ငန်း၊ လက်ဝတ် ရတနာလုပ်ငန်း၊ အခြားကုန်ချောပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများဖြစ်သည်။ သို့သော် အမ္မစတာ
ဒမ်မြို့သည် စက်မှုမြို့တစ်မြို့အဖြစ်ထက် ကုန်သွယ်မြို့တစ်မြို့ အဖြစ် ပို၍ကြီးကျယ်ထင်ရှားလေသည်။
 
အမ္မစတာဒမ်မြို့သည် ကမ္ဘာ၌ထင်ရှားသော အနုပညာ မြို့တော်တစ်ခုလည်းဖြစ်သည်။ ထိုမြို့၏ ပြတိုက်များ၌ အဖိုး ထိုက် အဖိုးတန် အနုပညာလက်ရာများရှိလေရာ၊ ယင်းတို့ကို စစ်ဘေးစစ်ဒဏ်ကြားမှပင် မပျက်စီးမဆုံးရှုံးရလေအောင် ထိန်း သိမ်းစောင့်ရှောက်ထားခဲ့သည်။ အထူးသဖြင့် ကမ္ဘာကျော်ပန်းချီ ဝိဇ္ဇာကြီး ရင်းဗရန့်၏ လက်ရာမွန်များကို ကျနစွာထိန်းသိမ်း ထားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ပြတိုက်များတွင်ထားခဲ့ သော အဖိုးတန်အနုပညာပစ္စည်းများကို ဂူများထဲသို့ ပြောင်းရွှေ့
သိမ်းဆည်းထားခဲ့သဖြင့် စစ်ဘေးစစ်ဒဏ်မှ ကင်းလွတ်ခဲ့ကြ သည်။
 
ဒုတိယကမ္ဘာစစ်အတွင်းက အမ္မစတာဒမ်မြို့သည် စစ် ၏ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းအကျဉ်းမျှသာ ခံခဲ့ရ သော်လည်း မြို့သူမြို့သားများအနေဖြင့် စစ်၏ဒဏ်ကို အလူး အလဲခံခဲ့ကြရသည်။ လေးနှစ်ခန့်ကာလပတ်လုံး ရန်သူတပ်များ ၏လက်အောက်၌ အလွန်ဆင်းရဲဒုက္ခကြီးစွာဖြင့် နေထိုင်ခဲ့ကြရ ၍ အငတ်ငတ်အပြတ်ပြတ် စားသောက်ခဲ့ရပြီးလျှင် ဆင်းရဲ ငတ်ပြတ်လွန်းသဖြင့် ရာနှင့်ထောင်နှင့်ချီ၍သေဆုံးကြသူများကို ပင် မမြှုပ်နှံနိုင်အောင် ဖြစ်ခဲ့ကြရလေသည်။ ၁၉၄၅ ခုနှစ်တွင်မှ
သာ မဟာမိတ်တပ်များက အမ္မစတာဒမ်မြို့ကို ပြန်လည်သိမ်း ပိုက်နိုင်ခဲ့လေသည်။
 
မြို့၌ရှိ အဓိကရအဆောက်အအုံများမှာ နန်းတော်ကြီး၊ ဒပ်ချမင်းများ အစဉ်အဆက် ဘိသိက်ခံခဲ့ကြသော နယူးချပ်ခေါ် ဘုရားရှိခိုးကျောင်းကြီးတို့ဖြစ်သည်။ အမ္မစတာဒမ်၌ တက္ကသိုလ် ကြီးနှစ်ခုရှိသည်။ ယင်းတို့အပြင် အနုပညာလက်ရာမွန်များထား ရှိသော ရစ္စပြတိုက်ကြီးလည်းရှိသည်။ ရုက္ခဗေဒဥယျာဉ်ကြီး သည် ထင်ရှားကျော်ကြားလှ၍ အမ္မစတာဒမ်မြို့သည် တျူးလစ် ပန်းနှင်ဥတက်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာ၌ အချက် အခြာမြို့တစ်မြို့ဖြစ်သည်။ ယင်းမြို့ကြီး၏ ရပ်ကွက်တစ်ခုတွင်
လမ်းများကို ပန်းနာမည်များဖြင့် မှည့်ခေါ်ထားလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
 
== ရည်ညွှန်းချက်များ ==