"ပိုပေါ့" ၏ တည်းဖြတ်မှု မူကွဲများ

၇၄၆၀ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၇ နှစ်
 
==ပြည်တွင်းလှုပ်ရှားမှုများ==
တိုင်းပြည်သို့ပြန်ရောက်လာသည့်နောက်တွင်လည်း ဆလို့တ်ဆာသည် မြေအောက်လှုပ်ရှားမှုများတွင် တစိုက်မတ်မတ်ပါဝင်ခဲ့သည်။ နိုင်ငံအတွင်းရှိ ဘုရင့်အစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့များအတွင်း လက်ဝဲဝါဒပြန့်ပွားရေးအတွက် ဗီယက်နမ်နယ်မြေများထဲအထိ ခရီးများ လျှို့ဝှက်ထွက်ကာ အဆက်အပြတ်လှုပ်ရှားခဲ့သည်။ [[ဗီယက်နမ်နိုင်ငံ]]ရှိ ကွန်မြူနစ်အဖွဲ့အစည်းများနှင့်လည်း လက်တွဲနိုင်ရန် အားထုပ်ခဲ့သည်။အားထုတ်ခဲ့သည်။ တစ်ဖက်မှလည်း ခမာကွန်မြူနစ်တို့အား ဗီယက်နမ်ကွန်မြူနစ်များထက် အရည်အသွေးပိုင်းသာလွန်စေရန် ရည်ရွယ်၍ ၁၉၅၄ခုနှစ်နောက်ပိုင်းတွင်ကြိုးစားခဲ့သည်။၁၉၅၄ခုနှစ်နောက်ပိုင်းတွင် ဗီယက်နမ်ရှိ ဗီယက်မင်း(မြောက်ဗီယက်နမ်ကွန်မြူနစ်)အစိုးရ ပေါ်ပေါက်လာသည့်နောက်တွင် ခမာကွန်မြူနစ်အဖွဲ့အချို့ ဗီယက်မင်းတို့နှင့် သွားရောက်ပူးပေါင်းခဲ့သေးသည်။
 
၁၉၅၄ခုနှစ်တွင် ဂျီနီဗာညီလာခံ ဆုံးဖြတ်ချက်များအရ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် လက်ဝဲ-လက်ယာအင်အားစုများသည် နိုင်ငံ့အာဏာရယူရေးအတွက် အပြင်းအထန်ပြိုင်ဆိုင်လာကြသည်။ ရဲများ စစ်သားများကပင် အဆိုပါ ပြိုင်ဆိုင်မှုတွင် ပါဝင်လာကြသဖြင့် ဘုရင်အပြင်းအထန်ပြိုင်ဆိုင်လာကြသည်။ဘုရင် [[နိုရိုဒွန် သီဟာနု]]အနေဖြင့်လည်း နိုင်ငံပြိုကွဲသည်နိုင်သည့်အချက်အား စိုးရိမ်ကြီးစွာဖြင့်ရဲများ စစ်သားများအသုံးပြု၍ နိုင်ငံရေးပါတီများအား ပြောဆိုပြစ်တင်မှုများပြုလုပ်ခဲ့ရသည်။နှိပ်ကွပ်မှုများပြုလုပ်ခဲ့ရသည်။ ၁၉၅၅ခုနှစ်ရွေးကောက်ပွဲအပြီးတွင် လက်ဝဲဝါဒီများအနေဖြင့် တော်လှန်ရေးနည်းဖြင့်သာ တိုင်းပြည်အာဏာကို ရယူနိုင်တော့မည်ဟု သဘောတူညီပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လာကြသည်။ စိတ်ဓါတ်ပြင်းထန်သော ဆလို့တ်ဆာသည် တဖြည်းဖြည်းနှင့် ခမာကွန်မြူနစ်အဖွဲ့များ၊ ပါတီများတွင် ဦးဆောင်သည့်သူများအနက်မှ တစ်ဦးဖြစ်လာသည်။
 
၁၄၊ ဇူလိုင်၊ ၁၉၅၆ခုနှစ်တွင် ပုံနရီနှင့်လက်ထပ်ပြီး ဆလို့တ်ဆာသည် ချာမရွန်တွင် ပြင်သစ်စာပေသင်ကြားခဲ့ပြီး ပုံနရီမှာ ဆိုဆီဝပ်ကျောင်းတွင် ဆရာမပြန်လုပ်ခဲ့သည်။
 
==လက်နက်ကိုင် တော်လှန်ရေးကာလ==
၁၉၆၂ခုနှစ်၊ ဇန်နဝါရီလ တွင် အစိုးရသည် ပါလီမန်ရွေးကောက်ပွဲဝင်မည့် လက်ဝဲအတိုက်အခံသမားများကို အရှိန်မြှင့်ဖမ်းဆီး နှိပ်ကွပ်လာသောကြောင့် ကွန်မြူနစ်များအတွက် လက်နက်ကိုင်တော်လှန်လိုစိတ် ပိုမိုမြှင့်တက်လာသည်။ ဆာ သည် ၁၉၆၃၊ ဇူလိုင်လတွင် ဖမ်းဆီးသတ်ဖြတ်ခံရသော ပါတီအတွင်းရေးမှုးကိုယ်စား ပါတီကို ဦးစီးလာခဲ့ပြီး ၁၉၆၃ခုနှစ် ပါတီအစည်းအဝေးတွင် ပါတီဗဟို ကော်မီတီ၏ တရားဝင် အတွင်းရေးမှုးအနေဖြင့် ပါတီကို ဦးဆောင်လာသည်။ ဘုရင်သီဟာနုဖမ်းဆီးမည့် ဘေးမှ ရှောင်တိမ်းကာ ဗီယက်နမ်နယ်စပ်ဒေသသို့ သွားရောက်ပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် တောင်ဗီယက်နမ်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် ဗီယက်နမ်ကွန်မြူနစ်များနှင့် ဆက်သွယ်သည်။ ၁၉၆၄ခုနှစ်အစောပိုင်းတွင် ခမာကွန်မြူနစ်များသည် ဗီယက်နမ်တို့ထံမှ အကူအညီများရရှိလာပြီး ကိုယ်ပိုင်နယ်စပ်အခြေစိုက်စခန်းများဖြင့် အတည်တကျဖြစ်လာခဲ့သည်။ သို့သော် လက်နက်ကိုင်တော်လှန်ရေးအထိ အားပေးထောက်ပံ့ခြင်း မရှိနိုင်ခဲ့ပေ။
 
ဆလို့တ်ဆာသည် ကမ္ဘောဒီးယားသို့ လျှို့ဝှက်ပြန်လာပြီး အဖွဲ့အစည်းများကို ပြန်လည်စုစည်း၍ ကမ်ပူးချား ကွန်မြူနစ် ပါတီ (CPK) ကို အသစ်ဖွဲ့စည်းထူထောင်သည်။ ထိုနောက် တော်လှန်ရေးအတွက် လိုအပ်သော ပြင်ဆင်မှုများလုပ်ကိုက်ရန် ဒေသအလိုက် အဖွဲ့ခွဲများ ဖွဲ့သည်။ ၁၉၆၇နှစ်ဦးတွင် ဆာ သည် မြောက်ဗီယက်နမ်တို့၏ ထောက်ခံမှုမပေးနိုင်သည့် အခြေအနေကြားမှ တစ်နိုင်ငံလုံးတွင် တော်လှန်အုံကြွရန်အတွက် စတင်ကာ အကြီးအကျယ်စီစဉ်လာသည်။ ၁၈၊ ဇန်နဝါရီ၊ ၁၉၆၈ တွင် အနောက်ပိုင်း ဘတ်တမ်ဘန်းရှိ စစ်အခြေစိုက်စခန်းတစ်ခုကို အင်အားသုံးကာ ဝင်ရောက်စီးနင်းသိမ်းယူသည်။ စစ်တပ်မှ ပြန်လည်တိုက်ထုတ်ခဲ့သော်လည်း ခမာနီတို့မှ လက်နက်များကို သယ်ယူသွားနိုင်ခဲ့သည်။
 
၁၉၆၉တွင် လက်ဝဲအဖွဲ့အစည်းများအားလုံး၏ ခေါင်းဆောင်နေရာကို ရယူကာ ဝါဒဖြန့်ချိရေးစနစ်များကို ပြောင်းလဲခဲ့သည်။ ၁၉၇၀တွင် ဘုရင်သီဟာနုပြည်ပခရီးထွက်စဉ်တွင် အစိုးရအဖွဲ့က ဘုရင်သီဟာနုအား အကြီးအကဲအဖြစ်မှ ဖယ်ရှားလိုက်သည်။ တရုတ်ပြည်တွင် တိမ်းရှောင်နေသည့် သီဟာနုသည် ဗီယက်နမ်ကွန်မြူနစ်အစိုးရနှင့် ညှိနှိုင်းကာ ဗီယက်နမ်တပ်ဖွဲ့များသည် ကမ္ဘောဒီးယားနိုင်ငံတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်လာပြီး နိုင်ငံအရှေ့ဖက်ခြမ်းအား သိမ်းယူထားလိုက်သည်။ သို့ဖြင့် အစိုးရမှာ ပြည်တွင်းကွန်မြူနစ်၊ အိမ်နီးချင်း ဗီယက်နမ်ကွန်မြူနစ်နှင့် အဝေးရောက်ဘုရင် သီဟာနု စသဖြင့် ရန်သူပတ်လည်ဝိုင်းသွားခဲ့သည်။ ဆလို့တ် ဆာလည်း တရုတ်နိုင်ငံသို့ ရောက်ရှိသွားသော်လည်း ဗီယက်နမ်နှင့် တရုတ်အစိုးရများက သီဟာနုအား အသိမပေးခဲ့သလို တွေ့ဆုံရန် စီစဉ်မပေးခဲ့ကြပေ။ ဘုရင်သီဟာနုသည် တရုတ်နိုင်ငံမှ ရေဒီယိုမိန့်ခွန်းဖြင့် ခမာပြည်သူများအနေဖြင့် လက်ဝဲအင်အားစုများကို ထောက်ခံပြီး အစိုးရအား ဆန့်ကျင်ရန် လှုံဆော်ပေးသည်။ ၁၉၇၀တွင် ဆလို့တ်ဆာလည်း နိုင်ငံတွင်းပြန်လည်ရောက်ရှိလာပြီး မဟာမိတ်ဗီယက်နမ်တို့နှင့် များစွာ သဘောထားကွဲလွဲသော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်သည်။
 
 
 
 
၁၉၅၄ခုနှစ်တွင် ဂျီနီဗာညီလာခံ ဆုံးဖြတ်ချက်များအရ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် လက်ဝဲ-လက်ယာအင်အားစုများသည် နိုင်ငံ့အာဏာရယူရေးအတွက် အပြင်းအထန်ပြိုင်ဆိုင်လာကြသည်။ ရဲများ စစ်သားများကပင် အဆိုပါ ပြိုင်ဆိုင်မှုတွင် ပါဝင်လာကြသဖြင့် ဘုရင် [[နိုရိုဒွန် သီဟာနု]]အနေဖြင့်လည်း နိုင်ငံပြိုကွဲသည်နိုင်သည့်အချက်အား စိုးရိမ်ကြီးစွာဖြင့် နိုင်ငံရေးပါတီများအား ပြောဆိုပြစ်တင်မှုများပြုလုပ်ခဲ့ရသည်။ ၁၉၅၅ခုနှစ်ရွေးကောက်ပွဲအပြီးတွင် လက်ဝဲဝါဒီများအနေဖြင့် တော်လှန်ရေးနည်းဖြင့်သာ တိုင်းပြည်အာဏာကို ရယူနိုင်တော့မည်ဟု သဘောတူညီပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လာကြသည်။ စိတ်ဓါတ်ပြင်းထန်သော ဆလို့တ်ဆာသည် တဖြည်းဖြည်းနှင့် ခမာကွန်မြူနစ်အဖွဲ့များ၊ ပါတီများတွင် ဦးဆောင်သည့်သူများအနက်မှ တစ်ဦးဖြစ်လာသည်။
 
[[Category:ကမ္ဘောဒီးယားနိုင်ငံ]]
၁၁၈၇

တည်းဖြတ်မှုများ