မော်ရိုကိုနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄၉ -
 
မော်ရိုကိုနိုင်ငံသည် အာဖရိကတိုက် အနောက် မြောက်ဖက်တွင် တည်ရှိ၍ စူလတန်ဘုရင်အုပ်စိုးသော နိုင်ငံဖြစ်၏၊ များမကြာမီ နှစ်များကမှ အချုပ်အခြာအာဏာကို ပြန်လည်ရရှိခဲ့လေသည်။ မော်ရိုကို နိုင်ငံကို အာရဗီဘာသာဖြင့် အယ်လမာဂရစ်အယ်လတ်ကဆားဟူ၍ ခေါ်ကာ အနောက်အစွန်းဖျားဟု အဓိပ္ပါယ်ရသည်။ မော်ရိုကိုနိုင်ငံသည် ဥရောပတိုက်နှင့် အလွန်နီးကပ်သည်။မော်ရိုကိုနိုင်ငံ၏ မြောက်ဖက်
ထိပ်ဖျားသည် စပိန်နိုင်ငံနှင့် ၉ မိုင် မျှသာ ရေလက်ကြားဖြင့် ခြားလျက်ရှိပေသည်။ နယ်နိမိတ်အားဖြင့်သော်ကား မော်ရိုကိုနိုင်ငံသည် မြောက်ဖက်တွင် မြေထဲပင်လယ်ဖြင့်လည်းကောင်း၊[[မြေထဲပင်လယ်]]ဖြင့်လည်းကောင်း၊ အရှေ့နှင့် တောင်ဖက်တွင် အယ်လဂျီးရီးယားနိုင်ငံဖြင့် လည်းကောင်း၊ အနောက်တောင်ဖက်တွင် ရီအိုသေအိုးရိုဒေသဖြင့်လည်းကောင်း၊ အနောက်ဖက်တွင် အတ္တလန္တိတ် သမုဒ္ဒရာဖြင့်လည်းကောင်း ပတ်ရံလျက်ရှိ၏။ မော်ရိုကိုနိုင်ငံ၏ မြို့တော်မှာ ရာဗတ်မြို့ဖြစ်၏။ အခြားမြို့ကြီးများကား တေတွန်း၊ တန်ဂျီးယား၊ ကာဆာဗလန်ကာ၊ ဖက်ဇ၊ မက်ကနက်၊ ဆာဖီ၊
ဥဂျဒါအစရှိသည်တို့ဖြစ်၏။ မော်ရိုကို နိုင်ငံသည် အချက်အခြာနေရာတွင် တည်ရှိခြင်းကြောင့် ကမ္ဘာတွင် အရေးပါအရာ ရောက်လေသည်။
 
စာကြောင်း ၆၀ -
ဒေသနှင့် သဲကန္တာရဖြစ်သော အပိုင်းသည် နွေရာသီတွင် မခံမရပ်နိုင်အောင် ပူပြင်းသည်။
 
မြို့ကြီး ပြကြီးများတွင် ခေတ်မှီ တိုးတက်လျက်ရှိသော်လည်း မော်ရိုကိုနိုင်ငံတွင် နေထိုင်သူအများမှာ စရိုက်အားဖြင့် ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်း ဖြစ်သော ဗာဗာလူမျိုးစု ဖြစ်၏။ မြေပြန့်ပိုင်းနှင့် သဲကန္တာရပိုင်းတွင် အာရပ်နှင့် မူးဝါးလူမျိုးတို့ နေထိုင်ကြ
သည်။ ဥရောပတိုက်သားတို့၏ အုပ်ထိန်းခြင်း ခံခဲ့ရသည့် ဒေသဖြစ်သည့် အလျောက် ဥရောပတိုက်သား ဦးရေလည်း အသင့် အတင့်ရှိသည်။ မော်ရိုကိုနိုင်ငံ၏ အယူဝါဒမှာ အစ္စလာမ်အယူဝါဒဖြစ်၏။ မော်ရိုကိုနိုင်ငံရှိ အချို့မြို့များတွင် ဂျူးလူမျိုးများရှိသည်။