သိပ္ပံမောင်ဝ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၆၂ -
ဆိုလိုရင်းကား၊ “မောင်မြသွင်သည် [[သက္ကတ]]၊ [[မာဂဓ]]များကို ကြိုးစားရန် အချိန်ပို၊ ငွေပို လိုသေးခြင်းပင် တည်း၊” စသည်ဖြင့် ‘မောင်မြသွင်’ နှင့် ပတ်သက်၍ ထင်မြင် ဝေဖန်ချက် ရေးသား ထားပေသည်။ သို့ရာတွင် ထိုရတု၏ အစ အဖွင့်၌ မူကား ဦးစိန်တင်အား- “ခုခေတ်၊ ခုခါ၊ ခုသမယာဝယ်၊ မြန်မာစာဘက်၊ သိမ်မွေ့ချင်ကို၊ နှစ်သက်၊ ကြည်နူး၊ စိတ်ရည်စူး၍၊ ဂုဏ်ထူးယူကာ၊ ဘီအေမှာလျှင်၊ မြန်မာဘက်တွင်၊ မောင်စိန်တင်သည်၊ ပွဲဝင်မဆွ၊ ပန်းဦးရ၏။ ။ယင်းမှ တဖန်၊ ကြီးပွားရန်လျှင်၊ [[လန်ဒန်]] ရောက်တက်၊ အိုင်စီအက်စ်မှာ၊ သင်ဆဲသာတည့်။” ဟူ၍ မြန်မာ ပညာရှိ ပုဂံ ဝန်ထောက်မင်း ဦးတင် ကိုယ်တိုင် ချီးကျူး ထားရပါသည်။ စာနယ်ဇင်းများတွင် မြန်မာစာပေအကြောင်း ဆောင်းပါးများ ရေးသားသည်မှာ ပုဒ်ရေ (၇၀)ကျော်ရှိသည်။ တင့်တင့်အမည်ဖြင့် ပြဇာတ်များလည်းရေးသားခဲ့သည်။ သိပ္ပံမောင်ဝအမည်ဖြင့် ဝတ္ထုဆောင်းပါးများ၊ အဝေးရောက်မင်းဦးအောင်ကြီး၊ ထွဋ်ခေါင်ဆရာတော်၊ လယ်တီ ပဏ္ဍိတဦးမောင်ကြီး၊ ဒေါက်တာဘမော် စသော အတ္ထုပ္ပတ္တိဆောင်းပါးများ ရေးသားခဲ့သည်။ ခြင်းလုံး၊ ပန်းချီ၊ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ် အကြောင်း ဆောင်းပါးများအပြင် စာအုပ်ဝေဖန်ရေး စာပေဝေဖန်ရေး ဆောင်းပါးများလည်းရေးခဲ့သည်။
 
[[File:Mgwa2.jpg|thumb|ကန့်ဘလူမြို့မှ ၁၅ မိုင်ခန့် ကွာဝေးသော ဂါးတာကျေးရွာ အနီးရှိ သိပ္ပံမောင်၀ အုတ်ဂူကမ္မည်းကျောက်စာ
 
]]
== ဘဝနိဂုံး ==
မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသည့် နေ့မှ စ၍လည်း နယ်ဘက် အုပ်ချုပ်ရေးတွင် နယ်ပိုင်၊ အရေးပိုင် စသည်ဖြင့် အဆင့်ဆင့် အမြို့မြို့သို့ သွားရောက် လုပ်ကိုင် နေပြီးနောက်