ကားလို့စ် စလင်းမ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က တည်းဖြတ်နေသည် - lt:Carlos Slim
စာကြောင်း ၃၄ -
သူသည် အော်တမန် အင်ပါယာ ခေတ် စစ်သားများစုဆောင်းချိန်တွင် ရောက်ရှိလာခဲ့သည်။ ကားလို့စ် စလင်းမ် ၏အမေ ဖြစ်သူ လင်ဒါ ဟဲလူးကို ဂျို့စ် ဟဲလူး (José Helú) နှင့် ဝဒီဟာ အတ်တာ (Wadiha Atta) တို့မှ ချီဟွာဟွာ နိုင်ငံ ပါရယ်မြို့တွင် မွေးဖွားခဲ့ပြီး ၎င်းမိဘနှစ်ဦးစလုံးမှာ [[လက်ဘနွန်နိုင်ငံ]]မှ မက္ကဆီကို သို့ ၁၉ ရာစု အကုန်တွင် ပြောင်းရွှေ့ရောက်ရှိလာသူများဖြစ်ကြသည်။ မက္ကဆီကိုရောက် လက်ဘနွန် လူ့အဖွဲ့အစည်း၏ အကြောင်း ပထမဆုံးရေးသားထားသော မဂ္ဂဇင်းတစ်ခုကို ၎င်းမိဘနှစ်ဦးမှ ထုတ်ဝေခဲ့ကြသည်။
 
၁၉၁၁ ခုနှစ်တွင် ဂျူလီယန်သည် ကုန်ခြောက်များရောင်းချသော လမ်းပြကြယ် [ La Estrella del Oriente (The Star of the Orient) ] အမည်ရှိ စတိုးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး၊ မက္ကဆီကို မြို့လယ်ခေါင်တွင် အိမ် ခြံ မြေ ပိုင်ဆိုင်နိုင်ရန် အတွက် ပေးချေနိုင်ခဲ့သည်။ ၂၉၃၆၁၉၃၆ ခု ဩဂုတ်လ တွင် ဂျူလီယန် စလင်းမ် နှင့် လင်ဒါ ဟဲလူးတို့ သည် မက္ကဆီကို စီးတီး တွင်လက်ထပ်ခဲ့ကြသည်။ ၎င်းတို့၏သားသမီး ခြောက်ယောက်အနက် ကားလို့စ် သည်အငယ်ဆုံးသား ဖြစ်သည်။ ကားလို့စ်၏ ဖခင် ဂျူလီယန်သည် ၁၉၅၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
 
စလင်းမ်သည် အင်ဂျင်နီယာ အတတ်ပညာကို မက္ကဆီကိုရှိ National Autonomous University တွင် သင်ယူခဲ့သည်။ အသက် ၂၆ နှစ်တွင်ပင် စလင်းမ်သည် ဒေါ်လာ သိန်း လေးဆယ်ခန့် ပိုင်ဆိုင်ပြီးဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် လက်ဘနွန် မက္ကဆီကန် လူမျိုးပင်ဖြစ်သော ဆိုမာယာ ဒိုမစ် ဂျီမာယယ် နှင့် လက်ထပ်ခဲ့သည်။ သားသမီးခြောက်ယောက် ထွန်းကားပြီး နာတာရှည် ကျောက်ကပ်ရောဂါနှင့် ဒိုမစ် မကွယ်လွန်ခင် အချိန်အထိ ၃၂ နှစ်ကြာ ပေါင်းသင်းခဲ့ကြသည်။ သမီးသုံးယောက်အနက် အငယ်ဆုံးသမီးဖြစ်သူ ဂျိုဟာနားသည် စလင်းမ်ပိုင်ဆိုင်သောလုပ်ငန်းများမှ အချို့သော ကုမ္ပဏီလုပ်ငန်းစုများ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အာတူရို အီးလီးယပ်စ် အရတ်ဘ် နှင့် လက်ထပ်ခဲ့သည်။