ခြင်္သေ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့က တည်းဖြတ်နေသည် - gl:León
No edit summary
စာကြောင်း ၂၈ -
 
ခြင်္သေ့သည် ပင်သီရာလီအို မျိုးစိတ်ဖြစ်၍ [[ကြောင်မျိုးရင်း]] ဝင်ဖြစ်သည်။ ယခင်ကအာရှတိုက်တွင်နေထိုင်ခဲ့ကြသည်ဟုခန့်မှန်းရ
သော်လည်း အရေအတွက်လျင်မြန်စွာလာသောကျားတို့ကြောင့်အရေအတွက်လျင်မြန်စွာတိုးပွါးလာသောကျားတို့ကြောင့် အာဖရိကတိုက်ဖက်သို့ပြောင်းရွှေ့သွားကြသည်ဟုယူဆရသည်။ ယခုအခါတွင် အာဖရိကတိုက်တွင်သာတွေ့နိုင်တော့သည်။ ခြင်္သေ့သည်ကျားထက်အရွယ်ငယ်သည်။ အကြီးဆုံးခြင်္သေ့သည်အကြီးဆုံးကျားထက်ငယ်သည်။ အရွယ်ခြင်းတူလျှင်ခြင်္သေ့ကပို၍အားကောင်းသည်။ ခြင်္သေ့သည်တောဘုရင်ဖြစ်သည့်အားလျော်စွာ လွန်စွာဣန္ဒြေကြီးသည်။ ခြင်္သေ့သည်လွင်ပြင်တွင်ကျက်စားရန်သင့်လျော်သောသဘာဝရှိပြီး ကျားမှာမူတောနက်ထဲတွင်ကျက်စားရန်သင့်လျော်သောသဘာဝရှိသည်။ ကျားနှင့်ခြင်္သေ့သည်မျိိုးနွယ်တူသောကြောင့်ကျားနှင့်ခြင်္သေ့သည်မျိုးနွယ်တူသောကြောင့် မျိုးစပ်နိုင်သည်။ အဖကကျား၊ အမိကခြင်္သေ့ဖြစ်လျှင် ကျားခြင်္သေ့ဟုခေါ်ပြီး အဖကခြင်္သေ့၊ အမိကကျားဖြစ်လျှင် ခြင်္သေ့ကျားဟုခေါ်သည်။
== ခြင်္သေ့မျိုး ==
ဟိမဝန္တာတော၌ ခြင်္သေ့မျိုး လေးပါးရှိသည်။
စာကြောင်း ၃၈ -
* ပဏ္ဍု အမည်ရှိသော ခြင်္သေ့သည် သစ်ခေါက်၊ သစ်ပွေးကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်။ သစ်ခေါက်၊ သစ်ခွန်များကို စား၏။ လူ၁၂ယောက်၏ ခွန်အားဗလမျိုး ရှိသည်။ အထက်သို့ မိမိအရပ်အလျား အပြန် တစ်ရာနှစ်ဆယ့်ငါးပြန် ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်ငါးရာ အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် နှစ်ထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် နှစ်သောင်းလေးထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။
 
* တိဏခြင်္သေ့သည် မြသီး၊ မြရွက်၊ ကမ္ဗလာအစိမ်း အဆင်းကဲ့သို့ အလွန်စိမ်းသော ကိုယ်အမွေးအရောင် ရှိ၏။ အမြီးမှင် ဆံဦးစွန်းမှစ၍ အမြီးက ကျောရိုးလည်တိုင်သို့ လှျောက်၍လျှောက် ၍ လက်ဝဲ၊ လကျ်ာလက်ျာ ဖုံးလျက် ဖားဖားဝေဝေ စိမ်းစိမ်းစိုစိုနှင့် ကျက်သရေ ရှိလှသည်။ ခြေနှစ်ဘက်၊ လက်နှစ်ဘက်အတွင်း ရေမျိုလည်ပင်း အောက်မှသည် ရင်အုပ် ဝမ်းပျဉ်း အတွင်းများမှာ ဘော်ငွေအဆင်း ဖွေးဖွေးဖြူသော အမွေးများရှိသည်။ ခြေချောင်းလက်ချောင်း လူကဲ့သို့ ငါးချောင်း၊ ခြေသည်းလက်သည်း ကြောင်ကဲ့သို့ အဖျားချိတ်လျက် အအိမ်ဖုံး၍ အပြင်သို့မထွက် နူးညံ့သော ခြေဘဝါး လက်ဘဝါး ရှိသည်။ တိဏ ခြင်္သေ့မျိုးသည် မြက်သစ်ရွက်ကိုသာ စား၏။ လူခြောက်ဆယ်မှျသောလူခြောက်ဆယ်မျှသော ခွန်အား ရှိသည်။ အထက်သို့ မိမိအရပ်အလျား အပြန် နှစ်ရာ့ငါးဆယ် ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်တစ်ထောင် အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် လေးထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် လေးသောင်းရှစ်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။
[[File:MM80.jpg|thumb|၁၀၀ဝ ကျပ် ဆိုဒ်သေး (၂၀၀၄-ခုနှစ်ထုတ်)မှ ခြင်္သေ့]]
* ကာဠခြင်္သေ့သည် ပိတုန်းတောင် အဆင်းကဲ့သို့ မည်းမည်းမောင်းမောင်းသော အမွေးရှိသည်။ ရေမျိုလည်ပင်း အောက်မှသည် ရင်အုပ် ဝမ်းပျဉ်းအတွင်း ရဲရဲနီသော အမွေးရှိသည်။ ခြေချောင်းလက်ချောင်း ငါးချောင်းစီ ရှိပြီး၊ ခြေသည်းလက်သည်းမှာ မြွေငန်းစွယ်သဏ္ဍာန် အဖျားကောက်လျက် အပြင်သို့ မထွက်ဘဲ နူးညံ့စွာသော ခြေ၊ လက်ဖဝါး ရှိသည်။ ၄င်းခြင်္သေ့သည် သား၊ ငါး၊ အမဲကိုသာ စား၏။ လူတစ်ရာအားနှင့် ညီမျှသည်။ အထက်သို့ မိမိအရပ်အလျား အပြန် သုံးရာခုနှစ်ဆယ့်ငါး ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်တစ်ထောင့်ငါးရာ အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် ခြောက်ထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် ခုနှစ်သောင်းရှစ်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။ ယင်းခြင်္သေ့သည် မိမိဟောက်သော အသံအတွင်း သား၊ အမဲ၊ တိရစ္ဆာန်တို့ကို တဟုန်တည်း လိုက်၍ ဘမ်းကိုက်စားသည်။ ယင်းမှ မိမိနေရာသို့တဖန် အရောက်ပြန်နိုင်စွမ်း ရှိသည်။ စားသောက်ပြီးသော အစာကို နေရာသို့ မဆောင်ယူ၊ ပစ်ထားခဲ့လေ့ ရှိသည်။