မြင်းကျား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ဖယ်ရှားနေသည် - jv:Zébra (deleted)
No edit summary
စာကြောင်း ၁၇ -
}}
 
'''မြင်းကျား''' ဆိုသည်မှာ အာဖရိကမှ မြင်းနှင့်တူသော သတ္တဝါဖြစ်ပြီး သူတို့၏ အဖြူနှင့် အနက် အစင်းများအတွက် အသိများကြသည်။ သူတို့၏ အစင်းကျားပုံသဏ္ဌန်သည် တစ်ကောင်ချင်းစီအတွက် သီးခြား ကွဲပြားခြားနားသော ပုံသဏ္ဌန်ရှိသည်။ သူတို့သည် အုပ်စုဖွဲ့နေတတ်သော သတ္တဝါဖြစ်ပြီး အထီးနှင့် အမများအုပ်စုမှသည် အကောင်ရေများစွာရှိသော အုပ်စုကြီးအထိတွေ့ရတတ်သည်။ မြင်းကျားသည် ပုံမှန်အားဖြင့် ၈ပေ၈ ပေ (၂.၃မီတာ၃ မီတာ) မျှရှည်လျား၍ ပခုံးအထိအမြင့်မှာ ၄ပေမှ၅ပေ၄ ပေမှ ၅ ပေ(၁.၂၅မီတာ၂၅ မီတာ မှ ၁.၅ မီတာ) အထိရှိပြီး ၆၆၀ပေါင်၆၆၀ ပေါင် (၃၀၀ ကီလိုဂရမ်) မျှ အလေးချိန်ရှိတတ်ပြီး အချို့အကောင်များမှာ ၉၀၀ပေါင်၉၀၀ ပေါင်(၄၁၀ကီလိုဂရမ်၄၁၀ ကီလိုဂရမ်) အထိ အလေးချိန်ရှိတတ်သည်။ မြင်းကျားများတွင် အစင်းကျားများသာမက ဦးစွန်းဖုတ်နှင့်တူသော ထောင်နေသော လည်ဆံမွှေးများလည်း ရှိသည်။ လူတို့သည် မြင်းကျားများကို သူတို့၏ အနီးစပ်ဆုံးဆွေမျိုးများဖြစ်သော မြည်းနှင့် မြင်းတို့ကဲ့သို့ လုံးဝယဉ်ပါးအောင် မွေးမြူခြင်းမရှိသေးပေ။မွေးမြူနိုင်ခြင်းမရှိသေးပေ။
 
ပုံမှန်အားဖြင့် လွင်ပြင်မြင်းကျား၊ ဂရေဗီမြင်းကျားနှင့် တောင်မြင်းကျားဟူ၍ မြင်းကျားမျိုးကွဲ ၃ ခုရှိသည်။ လွင်ပြင်မြင်းကျားနှင့် တောင်မြင်းကျားတို့သည် Hippotigris မျိုးစုသေးတွင် ပါဝင်ကြပြီး ဂရေဗီမြင်းကျားမှာ Dolichohippus မျိုးစုသေးတွင် ပါဝင်သော တစ်ခုတည်းသော မျိုးကွဲဖြစ်သည်။ ဂရေဗီမြင်းကျားမှာ မြည်းနှင့် အလားသဏ္ဌန်တူပြီး လွင်ပြင်မြင်းကျားနှင့် တောင်မြင်းကျားတို့မှာ မြင်းနှင့်တူသည်။ သို့သော်လည်း ဒီအင်န်အေ နှင့် မော်လီကျူလာဆိုင်ရာ အချက်အလက်များအရ မြင်းကျားအားလုံးတို့သည် တူညီသော ဘိုးဘေးအစဉ်အဆက်မှ ဆင်းသက်လာကြောင်းပြသနေသည်။ ထိုမျိုးကွဲ ၃မျိုးစလုံးသည် Equus မျိုးစုတွင် အခြားမြင်းနှင့်တူသော သတ္တဝါများနှင့်အတူ ပါဝင်နေသည်။ ကင်ညာရှိ အချို့ဒေသများတွင် လွင်ပြင်မြင်းကျားနှင့် ဂရေဗီမြင်းကျားတို့ကို အတူတကွ တွေ့ရတတ်သည်။