ဝက်ဝံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့က ဖယ်ရှားနေသည် - as:ভালুক
အရေးမကြီးNo edit summary
စာကြောင်း ၁၄ -
}}
 
'''ဝက်ဝံ''' (မျိုးရင်း Ursidae) သည် နို့တိုက်သတ္တဝါဖြစ်ပြီး Carnivora မျိုးစစ်တွင် ပါဝင်သည်။ ဝက်ဝံများကို ခွေးနှင့်တူသော အသားစားသတ္တဝါ (caniforms) အဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ပြီး ပင်နီပက်ဒ် (pinnipeds) အမျိုးအစား ပင်လယ်ဖျံများသည် သူတို့နှင့် အနီးစပ်ဆုံးဆင်တူသော သတ္တဝါဖြစ်သည်။ ဝက်ဝံအမျိုးကွဲပေါင်း ၈ မျိုးမျှသာရှိသော်လည်း နေရာအနှံ့အပြားတွင် နေထိုင်ကြပြီး မြောက်ဖက်ကမ္ဘာခြမ်းရှိ နေရာဒေသအနှံ့အပြားနှင့် တောင်ကမ္ဘာခြမ်းရှိတောင်ဖက်ကမ္ဘာခြမ်းရှိ အချို့နေရာတို့တွင် တွေ့ရသည်။ ဝက်ဝံနှင့်သက်ဆိုင်သော အရာများကို အင်္ဂလိပ်ဘာသာတွင် ursine ဟုခေါ်သည်။ ဝက်ဝံများကို မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ ဥရောပတိုက် နှင့် အာရှတိုက်တို့တွင်တွေ့ရသည်။
 
ဝက်ဝံ၏ ထင်ရှားသော လက္ခဏာများမှာ ကြီးမားသော ခန္ဓာကိုယ်နှင့် တုတ်ခိုင်သော ခြေထောက်များ၊ ရှေ့သို့ချွန်ထွက်နေသော နှာခေါင်း၊ စုတ်ဖွားနေသော အမွှေးများ၊ မတ်တပ်ရပ်၍ လမ်းလျှောက်နိုင်သော ခြေချောင်းများနှင့် အတွင်းသို့ ကုတ်မသွင်းနိုင်သော ခြေသည်းများ၊ တိုသောအမြီးတို့ဖြစ်သည်။ [[ဝင်ရိုးစွန်းဝက်ဝံ]] သို့ ပိုလာဘဲ များမှာ အသားကို အဓိကစားသော သတ္တဝါများဖြစ်သော်လည်း [[ပန်ဒါဝက်ဝံကြီး]]များမှာ ဝါးပင်ကိုသာ အဓိကစားသုံးကြသည်။ အခြားသော အမျိုးကွဲ ၈ မျိုးမှာ အစုံစားသတ္တဝါများဖြစ်ပြီး အပင်များနှင့် တိရိစ္ဆာန်များပါဝင်ပြီး အလွန်ပင်ကွဲပြားခြားနားသော အစားအစာများကို စားသုံးကြသည်။
စာကြောင်း ၂၂ -
ဝက်ဝံများသည် သူတို့၏ အသားနှင့် အရေခွံအတွက် သမိုင်းမတင်မီအချိန်ကာလကပင် အမဲလိုက်ခြင်းခံခဲ့ရသည်။ ယနေ့တိုင်အောင်ပင် သူတို့သည် အနုပညာ၊ ဒဏ္ဍာရီနှင့် လူ့အဖွဲ့အစည်း၏ အခြားသောယဉ်ကျေးမှု ဆိုင်ရာနေရာများတွင် အထင်ကရနေရာတွင် ရှိနေဆဲပင်ဖြစ်သည်။ ခေတ်သစ်အချိန်ကာလများတွင် ဝက်ဝံတို့၏ နေထိုင်ကျက်စားရာ နေရာများ ပျောက်ကွယ်မှုနှင့် အာရှရှိ ဝက်ဝံသည်းခြေဈေးကွက်အပါအဝင် ဝက်ဝံနှင့် ဝက်ဝံမှရသော ပစ္စည်းများကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တို့ကြောင့် ဝက်ဝံတို့ ဆက်လက်ရှင်သန်နေထိုင်ရန် ခြိမ်းခြောက်ခြင်း ခံနေရပြီဖြစ်သည်။
 
အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမ္မဂ္ဂမှ ဝက်ဝံမျိုးစိတ် ၆မျိုးကို၆ မျိုးကို မျိုးတုံးပျောက်ကွယ်ရန် စိုးရိမ်ရသည်ဟု သတ်မှတ်ထားသော်လည်း စိုးရိမ်မှုအနည်းဆုံးအဆင့် သတ်မှတ်ထားသော ဝက်ဝံညိုများသည်ပင်လျှင် အချို့နိုင်ငံများတွင် ဒေသအလိုက် မျိုးတုံးပျောက်ကွယ်မှုအတွက် အန္တရာယ်ရှိနေပြီဖြစ်သည်။ ထိုသို့ခြိမ်းခြောက်ခံနေရသော ဝက်ဝံများအတွက် တရားမဝင် အမဲလိုက်သတ်ဖြတ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာတွင် ရောင်းဝယ်ဖောက်ကားမှု တို့ကို ပိတ်ပင်ထားသော်လည်း ပြုလုပ်နေကြဆဲပင်ဖြစ်သည်။
 
== ဝက်ဝံမျိုးကွဲများ ==