ပိုပေါ့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၂ -
 
ထိုနောက်တွင် ခမာနီတို့သည် ဆလို့တ်ဆာ၏ ဦးဆောင်မှုအောက်တွင် မြေယာပြုပြင်မှုများ၊ လူတန်းစားပြုပြင်မှုများအတွက် စီမံချက်များ ရေးဆွဲရင်း တစ်ဖက်မှလည်း တရုတ်တို့၏လက်နက်ငွေကြေးအကူအညီ၊ ဗီယက်နမ်တပ်များ အကူအညီဖြင့် အစိုးရတပ်များအား ထိုးစစ်များဆင်ခဲ့ကြသည်။ ၁၉၇၂ခုနှစ်တွင် ဗီယက်ကောင်းတပ်များက ခမာအစိုးရနှင့် ဆက်လက်၍ တိုက်ခိုက်ခြင်းမပြုတော့သည့်တိုင် ၁၉၇၃နှစ်လယ်ခန့်တွင် ခမာနီတို့သည် လူဦးရေထက်ဝက်နေထိုင်သည့် နိုင်ငံ၏ သုံးပုံနှစ်ပုံကို ထိန်းချုပ်နိုင်ပြီး ဖနောင်ပိန်မြို့တော် အနီးသို့ပင် ချဉ်းကပ်လာနိုင်သည်။
 
==ခမာနီတိုင်းပြည်ခေတ်==
၁၉၇၃ခုနှစ်၊ ဧပြီလ၊ ၁၇ရက်တွင် ခမာနီတို့သည် မြို့တော် ဖနောင်ပိန်အား သိမ်းပိုက်လိုက်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းကာ တိုင်းပြည်အား "ဒီမိုကရက်တစ် ကမ်ပူးချား" ဟုခေါ်တွင်စေသည်။ ဘုရင်သီဟာနုအား အကျဉ်းချပြီး ဆလို့တ်ဆာသည် မိမိကိုယ်ကို ကွန်မြူနစ်အပေါင်းတို့၏ ပိုပေါ့ ဟုကြေညာသည်။ ပိုပေါ့ဆိုသည်မှာ ပြင်သစ်တို့က တရုတ်ကွန်မြူနစ်ခေါင်းဆောင်များအား ခေါ်သည့်အမည်အတိုကောက်ဖြစ်သည်။ အစိုးရအဖွဲ့အစည်းအဝေးများ ကျင်းပပြီးနောက် သုညခုနှစ်(Year Zero) ကိုစတင်ကြောင်း ကြေညာပြီး ပါတီမူဝါဒများအတိုင်း တိုင်းပြည်အား ပြုပြင်ပြောင်းလဲတော့သည်။
 
ထိုနောက်တွင် ပါတီမူအတိုင်း မြို့ပေါ်လူတန်းစားများအား လူတန်းစား တန်းညှိရေးအတွက် လယ်ယာမြေလုပ်ငန်းခွင်အတွင်းသို့ ပို့သည်။ များစွာသော ပြည်သူများမှာ အမေရိကန်လေယာဉ်များဗုံးကျဲခြင်းမှ ရှောင်တိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် ရွေ့ပြောင်းစေခိုင်းခြင်း ခံရသည်။ မြို့ကြီးများမှာ တစ်စစဖြင့် လူသူကင်းမဲ့သည့် မြို့ကြီးများဖြစ်လာကြသည်။ လယ်မြေလုပ်ငန်းခွင်များတွင် ဘုံစနစ်ဖြင့် နေထိုင်စေသည်။ တစ်နပ်စာအတွက် အစာနှစ်ပန်းကန် (သို့) ပေါင်မုန့်နှစ်ခု ကိုသာရသည်။ ကလေးငယ်များကို ဘုံစနစ်အကြောင်း နားလည်စေရန် အတွက် ဘုံစနစ်ကျောင်းများတွင် စာသင်ကြားစေသည်။ တရုတ်တို့၏ ယဉ်ကျေးမှုတော်လှန်ရေးပုံစံကို ပုံတူကူးချသည်ဟုဆိုကြသည်။
 
နောက်ပိုင်းတွင် ဘာသာရေးကိုးကွယ်မှုများကို တားမြစ်သည်။ "မည်သည့်အရာကိုမျှ ပိုင်ဆိုင်မထားလျှင် မည်သူကမှ မဖျက်ဆီးနိုင်" ဟူသည့် သဘောတရားကို တွင်တွင်ကြွေးကြော်ပြီး အခြားတစ်ဖက်မှလည်း ခမာလူမျိုး သန်းပေါင်းများစွာတို့သည် လက်ယာကွန်မြူနစ်နိုင်ငံထူထောင်နိုင်ရန်အတွက် တက်တက်ကြွကြွ လှုပ်ရှားနေကြကြောင်းကို ရေဒီယိုများမှ ဝါဒဖြန့်ခဲ့သည်။ အရင်းရှင်၊ ပညာတတ်လူတန်းစားကို ဖိဖိစီးစီးနှိပ်ကွပ်တော့သည်။ S-21 ကဲ့သို့နှိပ်စက်သက်ဖြတ်ရေး စခန်းများတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာဝင်များ၊ မွတ်စလင်များအပါအဝင်၊ နိုင်ငံရေးသမား၊ စီပွားရေးလုပ်ငန်းပိုင်ဆိုင်ဖူးသူများနှင့် တရုတ်၊ဗီယက်နမ်၊လာအို အနွယ်များကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ "ကျည်ဆံမဖြုန်းရ" ဟူသည့်အမိန့်ဖြင့် အရှင်လတ်လတ်မီးရှို့သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ ထုတ်တန်းတွင် တွဲလောင်းချည်၍ အရေခွံခွာခြင်း၊ လက်သည်းခွံများအား ပလာယာဖြင့်ခွာခြင်း၊ ဦးခေါင်းအား ဝါးလုံးဖြင့်ရိုက်ခြင်း၊ လည်မျိုတွင် တံစို့ရိုက်သွင်းခြင်း စသဖြင့် လူမဆန်ဆုံးနည်းလမ်းများကိုသုံးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်ကွင်း(Killing Field)အဖြစ် ကျော်ကြားလာသည်။
 
ထိုသို့သတ်ဖြတ်မှုများကြောင့် ဒီမိုကရက်တစ်ကမ်ပူးချားနိုင်ငံ၏ ဘုံစနစ်တည်ရှိစဉ်အတွင်း အစုစုလူဦးရေ ၁.၆သန်းနှင့် အခြားနှိပ်စက်မှုများပါဝင်ထည့်သွင်းလျှင် လူဦးရေ ၂သန်းမျှသော ခမာလူမျိုးများသည် စာရင်းဇယားမဲ့ သေဆုံးခဲ့ရသည်။ (အထက်တန်းအဖြစ်မှ လူသတ်စခန်းအဖြစ်ပြောင်းလဲအသုံးပြုခဲ့သော အဆောက်အအုံအား ယခုအခါတွင် တူးစလန်ပြတိုက်အဖြစ် ဖွင့်လှစ်ပြသထားသည်။)
 
ပိုပေါ့သည် တရုတ်တို့နှင့် ဆက်ဆံရေးအဆင်ပြေသော်လည်း ဆိုဗီယက်၊ ဗီယက်နမ် စသော ကွန်မြူနစ်များနှင့် ပြေလည်ခြင်းမရှိတော့ပေ။ အထူးသဖြင့် ဗီယက်နမ်တို့နှင့် မကြာခဏပင် နယ်စပ်ပြဿနာများ၊ အငြင်းပွားမှုများဖြစ်လာသည်။ ၁၉၇၈တွင် ဗီယက်နမ်တပ်များက ခမာနယ်မြေများအတွင်း အကြီးအကျယ်ထိုးစစ်ဆင်ပြီး ခမာနီများ ဆက်တိုက်ရှုံးနှိမ့်ကာ ပိုပေါ့လည်း ထိုင်းနယ်စပ်သို့ ထွက်ပြေးရသည်။