ယွန်းထည်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
commons |
||
စာကြောင်း ၂ -
'''မြန်မာ့ ယွန်းထည် ပစ္စည်းများ'''
ယွန်းထည်ပစ္စည်းများ ထုတ်လုပ်သည့် လက်မှုပညာကို [[ပန်းယွန်း|Pan yun (ပန်းယွန်း)]] ဟု ခေါ်သည်။ ယွန်းသည် [[မြန်မာပြည်|မြန်မာ့]] သစ်တောများမှ သဘာဝပေါက် သစ်စေးပင် (Melanorrhoea usitatissima) (မီလာနို ဟိုရီးယား ယူဆီတတ်တီစီမ) မှ ခြစ်ထုတ်ထားသော အစေး ဖြစ်သည်။ ၎င်းသည် အဝါဖျော့ရောင်ရှိပြီး လေနှင့် ထိတွေ့ပါက အမည်းရောင်အဖြစ် ပြောင်းသွားသည်။ စုတ်တံဖြင့် သုတ်သောအခါ သို့မဟုတ် အပေါ်မှ အုပ်သောအခါ မာကျောပြောင်လက်ကာ ချောမွတ်သည့် မျက်နှာပြင်တစ်ခု ဖြစ်ပေါ်သည်။ ယွန်းသုတ်ထားသော ပစ္စည်းများမှာ အပူနှင့် စိုထိုင်းမှုဒဏ်ကို ခံနိုင်သည်။
Line ၁၃ ⟶ ၁၁:
== ထုတ်လုပ်ခြင်း နှင့် ပုံစံ ဒီဇိုင်း ==
ယွန်းအိုးများ၊ သေတ္တာများ နှင့် ဗန်းများ၏အောက်ခြေသည် ရစ်ခွေထားသော သို့မဟုတ် ရက်လုပ်ထား သော ဝါးမျှင်ကို မြင်းမွေးဖြင့်ရောထားလေ့ရှိပြီး ထုဆစ်သွန်းလုပ်နိုင်သည့် thayo (သရိုး) ဟုခေါ်သော မြေဖြူပွဲ လျက် ပစ္စည်းကို ရရှိရန် သစ်စေးကို ပြာ သို့မဟုတ် လွှစာ များဖြင့်ရောစပ်ခြင်း ပြုနိုင်သည်။ အရာဝတ္ထုသည် thitsee (သစ်စေး) နှင့် thayo (သရိုး) တို့ဖြင့် တစ်လွှာပြီးတစ်လွှာ ဖုံးအုပ်ခြင်းခံရပြီး ချောမွတ်သော မျက်နှာပြင် ကို ပြုလုပ်ကာ၊ အရောင်တင်ပြီး နောက်ခံအရောင် အနီ သို့မဟုတ် အနက် ပေါ်တွင် အသုံးများသော အရောင် များဖြစ်သည့် အနီ၊ အစိမ်းနှင့် အဝါရောင်များကို သုံးကာ အနုစိတ်သော လက်ရာဒီဇိုင်းများကို ထွင်းထုကြသည်။ Shwezawa (ရွှေဇဝါ) သည် အနက်ရောင် နောက်ခံပေါ်တွင် ပုံစံဒီဇိုင်းများကို ၎င်း၏ ရွှေစက္ကူများ အသုံးပြုရာ တွင် ခြားနားသိသာစေသော ပုံစံဖြစ်သည်။
Line ၂၀ ⟶ ၁၇:
== ယွန်းထည်ပုံစံများ ==
အကွဲပြားဆုံးဖြစ်သော အိုးမှာ ဘုန်းတော်ကြီးများအတွက် အခြေအရင်းတစ်ခုပေါ်တွင် ရစ်တက်နေသောအဖုံးပါ ရှိသည့် hsun ok (ဆွမ်းအုပ်) ဟုခေါ်သော ထမင်းထည့်သောခွက်တစ်ခု ဖြစ်နိုင်သည်။ Lahpet ok (လက်ဖက် အုပ်) ဆိုသည်မှာ အဖုံးပါပြီး ထည့်စရာအကန့်လေးများနှင့် lahpet (လက်ဖက် ) (နှပ်ထားသော လက်ဖက် ရွက်) နှင့် ၎င်း၏တွဲစားရသည့် အတွဲအဖက်များစွာကို ပြင်ဆင်ထည့်ထားသော စောက်မနက်သော ပန်းကန် ဖြစ် သည်။ လက်ကိုင်တစ်ခုတည်းဖြင့် ပတ်ထားသော အစီအရီဆင့်ထားနိုင်သည့် ထမင်းဗူးများ သို့မဟုတ် hsun gyaink(ဆွမ်း ဂျိုင့်) များသည် များသောအားဖြင့် အနီရောင် သို့မဟုတ် အနက်ရောင် ဗြောင်ဖြစ်သည်။ Daun glahn(ဒေါင်းလန်း) များသည် ရိုးရှင်းသော ကျယ်ပြန့်သည့် အခြေစိုက်ဖြစ်ခြင်း သို့မဟုတ် တိရိစ္ဆာန် သို့မဟုတ် ပန်း ဒီဇို်င်းများဖြင့် ကွေးသော ခြေထောက်သုံးချောင်းပါရှိသည့် အစားအစာများတင်ရန် အဖုံးနှင့် စားပွဲအနိမ့်များ ဖြစ်သည်။ အဖုံးတစ်ခုကဲ့သို့ အစုံလိုက်ဖြစ်နေသော ခွက်ပါသည့် ရေဖန်ချိုင့်များ သို့မဟုတ် yeidagaung (ရေတကောင်း) နှင့် ပန်းအိုးများသည် ဘုန်းကြီးကျောင်းများစွာတွင်အသုံးပြုနေဆဲဖြစ်သော ယွန်းထည် ပစ္စည်း များဖြစ်သည်။
အဖုံးပါသော လုံးဝန်းသည့် သေတ္တာအကြီး၊ အသေးများစွာတို့ကို Yun-It(ယွန်း-အစ်) ဟု သိကြပြီး paan (ပန်း) ဟု ခေါ်သည့် Kun-It (ကွမ်း-အစ်) (ကွမ်း သေတ္တာများ) ပါဝင်သည်။ Yun titta (ယွန်း သေတ္တာ) များမှာ ထောင့် မှန်စတုဂံပုံ သေတ္တာများဖြစ်ပြီး peisa (ပေစာ) သို့မဟုတ် ထန်းရွက်ပေါ်တွင်ရေးထားသော လက်ရေးစာမူများ အပါအဝင် အရာများစွာကို သိမ်းဆည်းထားရန်အတွက်ဖြစ်ပြီး ၎င်းတို့ကို sadaik titta (စာတိုက် သေတ္တာ) ဟု ခေါ်သည်။ အောက်ခံ ခုံပါသည့် ပန်းကန်ပြားများ သို့မဟုတ် အောက်ခြေပါသော ဗန်းအသေးများ အဖုံးပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ၎င်းတို့ကို kalat (ကလပ်) ဟုသိကြပြီး Buddha ([[ဗုဒ္ဓ]]ဘုရား) သို့မဟုတ် တော်ဝင် မင်း မျိုးမင်းနွယ်များကို စားကောင်းသောက်ဖွယ်များနှင့် ပန်းများ ဆက်ကပ်သောအခါ အသုံးပြုသည်။ ပြဇာတ် အဖွဲ ့ များနှင့် ဂီတပညာရှင်များသည် ၎င်းတို့၏ အဝတ်အစားများ၊ မျက်နှာဖုံးများ၊ ခေါင်းတွင် ဆင်မြန်းသောအရာများ နှင့် တေးဂီတ တူရိယာများတို့ကို ယွန်းထည်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အချို ့မှာ ယွန်းထည် သေတ္တာကြီး များတွင် ထည့်၍ သယ်ဆောင်သွားကြသည်။ဖရုံသီး ပုံသဏ္ဍာန် ရှိသော သေတ္တာများ သို့မဟုတ် ဇီးကွက် ကဲ့ သို့သော ငှက်များတို့သည် ကံကောင်းစေသည်ဟု ယုံကြည်ကြသည် သို့မဟုတ် hintha (ဟင်္သာ) ( ဇာတ် အ မြင့်ဆုံး ဟိန္ဒူ ငန်း) တို့သည်လည်း အတူတူပင်ဖြစ်သည်။ ပိတ်ကားများနှင့် အနားများစွာပါသော စားပွဲအသေး များကို ခရီးသွား စီးပွားရေးလုပ်ငန်း အတွက် ယနေ့ အထိ ပြုလုပ်နေဆဲဖြစ်သည်။
|