သန်းခေါင်စာရင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
No edit summary
စာကြောင်း ၁၆၆ -
မေးခွန်းပေါင်း ၃ဝဝကျော်မေးမြန်းအချက်အလက်များ စုဆောင်း
လာကြသဖြင့် တစ်နည်းအားဖြင့်စီးပွားရေးစစ်တမ်းဟုပင်
ခေါ်ဆိုလောက်ပေသည်။သန်းခေါင်စာရင်းCensusဟူသည် ...
ခေါ်ဆိုလောက်ပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
 
 
သန်းခေါင်စာရင်းဟူသော ဝေါဟာရမှာ ဆယ်နှစ်တစ်ကြိမ် လူဦးရေ ရေတွက်ခြင်းနှင့် လူဦးရေစာရင်းများ
 
ကောက်ယူခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၁၈၇၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့
 
ညသန်းခေါင်အချိန်တွင် အောက်မြန်မာပြည်၌ ဗြိတိသျှတို့ ပထမအကြိမ် လူဦးရေစာရင်း ကောက်ယူခဲ့ရာမှ
 
ယခုထက်တိုင် သန်းခေါင်စာရင်းဟု အမည်တွင်လာခြင်းဖြစ်သည်။
 
 
ယခုခေတ် သန်းခေါင်စာရင်း၏ အဓိပ္ပါယ်မှာ လူဦးရေ ရေတွက်ခြင်းနှင့် လူတို့နှင့်ပတ်သက်သည့် ကိုယ်ရေး
 
အကြောင်းအရာ စာရင်းအင်းများသာမက လူတို့၏ လူမှုရေး၊ စီးပွားရေး အကြောင်းအရာ အားလုံးကို
 
တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသော စာရင်းကို သန်းခေါင်စာရင်းဟု ခေါ်ပေသည်။
 
သန်းခေါင်စာရင်းများတွင် လူဦးရေ သန်းခေါင်စာရင်း၊ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စိုက်ပျိုးရေး
 
အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှု အကြောင်းအရာ သန်းခေါင်စာရင်း၊ စီးပွားရေး ကုန်သွယ်ရေး
 
သန်းခေါင်စာရင်း စသည်တို့ ပါဝင်ပေသည်။
 
 
သာမန်အားဖြင့် အခြေခံ စာရင်းအင်းများသာ ပါဝင်သော သန်းခေါင်စာရင်းကြီးကို ဆယ်နှစ်တစ်ကြိမ် သို့မဟုတ်
 
ငါးနှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသော်လည်း လူမှုရေး၊ စီပွားရေး အကြောင်းအရာ အရပ်ရပ်၏ အသေးစိတ်
 
စာရင်းအင်းများကို နမူနာနည်းဖြင့် ကောက်ယူခြင်း သို့မဟုတ် အပြည့်အဝ ကောက်ယူခြင်း၊ လစဉ် သို့မဟုတ်
 
နှစ်စဉ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် သို့မဟုတ် သုံးနှစ်တစ်ကြိမ် စသည်ဖြင့် စာရင်းအင်းအမျိုးအစားနှင့်
 
လုပ်ဆောင်သည့် စီမံကိန်း အမျိုးအစားပေါ်မူတည်၍ ဆောင်ရွက်ရပေသည်။ ထို့ကြောင့် သန်းခေါင်စာရင်းများမှာ
 
လူအများထံမှ မေးမြန်းခြင်းအားဖြင့် ရယူသော အချိန်မှန်ကောက်ယူသည့် စာရင်းအင်းများနှင့် အခါအားလျော်စွာ
 
ကောက်ယူသည့် စီးပွားရေး၊ လူမှုရေး စာရင်းအင်းအားလုံး ပါဝင်ပေသည်။
 
 
 
==သန်းခေါင်စာရင်း ကောက်ယူမှု၏ အရေးကြီးပုံနှင့် အသုံးဝင်ပုံ==
 
 
သန်းခေါင်စာရင်းသည် ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး စသည့်
 
အကြောင်းအရာ အားလုံးနှင့် သက်ဆိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် မည်သည့်လုပ်ငန်းကို
 
ဆောင်ရွက်သည်ဖြစ်စေ၊ သန်းခေါင်စာရင်းနှင့် ကင်းကွာမရပေ။ သန်းခေါင်စာရင်းကို အခြေခံရမြဲ ဖြစ်ပေသည်။
 
တိုင်းပြည်၏ လူဦးရေ၊ ပြည်နယ်တိုင်းနှင့် ဒေသအသီးသီးအလိုက် လူဦးရေပျံ့နှံ့မှု၊ အသက်အပိုင်းအခြားအလိုက်
 
ယောကျာ်း၊ မိန်းမဦးရေ၊ ပညာသင်ကြားလျှက်ရှိသူ၊ ပညာတတ်မြောက်သူ၊ အမျိုးမျိုး အစားစားသော
 
လုပ်ငန်းများတွင် လုပ်ကိုင်လျှက်ရှိသူ လူဦးရေ၊ အိမ်ထောင်ရေး အခြေအနေနှင့် ကလေးမွေးဖွားမှု စသည်တို့
 
ပါဝင်သော လူမှုရေး၊ စီးပွားရေး အကြောင်းအချက်များကို တိုင်းပြည်တစ်ဝန်းလုံးအတွက် လည်းကောင်း၊
 
ဒေသအသီးသီးအတွက် လည်းကောင်း၊ ခွဲခြမ်းစိတ်ဖြာ၍ မှန်ကန်စွာ သိရှိလေ့လာနိုင်ရန် သန်းခေါင်စာရင်းများကို
 
ကောက်ယူရပေသည်။ ထို့ပြင် တိုင်းရင်းသား လူမျိုးများအားလုံး၏ စီးပွားရေးကို စီမံကိန်းဖြင့် အကောင်အထည်
 
ဖော်ရေးအတွက် သန်းခေါင်စာရင်းသည် အရေးတကြီး လိုအပ်သော ကိစ္စတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့်
 
သန်းခေါင်စာရင်းသည် ပြည်သူ တစ်ဦးချင်းအတွက် လည်းကောင်း၊ တိုင်းပြည်အတွက် လည်းကောင်း များစွာ
 
အရေးကြီးပေသည်။
 
 
 
==မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူမှု သမိုင်းအကျဉ်း==
 
 
မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူမှု သမိုင်းကြောင်းကို လေ့လာလျှင် အောက်ပါအတိုင်း တွေ့ရပေသည်။
 
(က) မြန်မာဘုရင်ခေတ် သန်းခေါင်စာရင်း ကောက်ယူမှု၊
 
(ခ) ကိုလိုနီခေတ် သန်းခေါင်စာရင်း ကောက်ယူမှု၊
 
(ဂ) မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်း ကောက်ယူမှု၊
 
(ဃ) တော်လှန်ရေးကောင်စီ တက်ရောက်ပြီးနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူမှု။
 
 
 
==(က) မြန်မာဘုရင်ခေတ် သန်းခေါင်စာရင်း ကောက်ယူမှု==
 
 
မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကပင် လူဦးရေနှင့် အိမ်ထောင်စုများ အရေအတွက်ကို ရေတွက်
 
ကောက်ယူခဲ့ခြင်းကို “စစ်တမ်း” ကောက်ယူသည်ဟု ခေါ်ဆိုခဲ့သည်။ စစ်တမ်းသည် အခွန်တော် ကောက်ခံရေး၊
 
စစ်သား စုဆောင်းရေးအတွက် အဓိကထား ဆောင်ရွက်ခြင်းဖြင့် ခန့်မှန်းခြေ လူဦးရေစာရင်းများ ရရှိနိုင်သည်။
 
ထို့ပြင် မြို့ရွာများ၌ အခွန်ကောက်ခံပုံ မရှင်းမလင်းဖြစ်သော အခါ၌ လည်းကောင်း၊ ထမ်းရိုးရွက်ရိုး အစီအစဉ်များ
 
မရှင်းမလင်းသော အခါ၌ လည်းကောင်း၊ နယ်နိမိတ်များ မရှင်းမလင်းသော အခါ၌ လည်းကောင်း၊ မင်းက
 
အခွန်ဘဏ္ဍာ လျော့ပါးသည်ဟု ထင်မြင်သော အခါ၌ လည်းကောင်း စစ်တမ်းများ ကောက်ယူလေ့ ရှိသည်။
 
 
စစ်တမ်းများတွင် ယေဘူယျအားဖြင့် အစဉ်အလိုက် ပါတတ်သည့် အကြောင်းအရာတို့ကား မည်သည့်ခုနှစ်၊
 
မည်သည့်နေ့၌ မည်သူအားစစ်မေးပုံ၊ နယ်မြေသမိုင်း၊ အုပ်ချုပ်သူတို့၏ မျိုးရိုး၊ နယ်မြေ အပိုင်းအခြား၊
 
ယင်းနယ်မြေရှိ မြေအမျိုးအစား၊ ယင်းနယ်ပယ်တွင် စိုက်သောသီးနှံနှင့် အခွန်ကောက်ခံပုံ၊ ပစ္စည်းရောင်းဝယ်ရာ၌
 
အခွန်တော် ပေးရပုံ၊ ထွက်ကုန်အပေါ် အခွန်ကောက်ခံပုံ၊ အရှင်မရှိသော ကျွဲနွားများကို စီရင်ပုံ၊ ဘုရင်က
 
မြို့သူကြီးများအား မည်သို့ အဆောင်အရွက် တာဝန်ပေးထားပုံ၊ ယင်းမြို့သူကြီး ကွယ်လွန်က သင်းဂြိုဟ်ရသည့်
 
ထုံးစံ၊ မြို့စား နယ်စားတို့က ဘုရင်ထံသို့ လက်ဆောင်ပဏ္ဏာ ဆက်ရပုံ စသည်တို့ဖြစ်သည်။
 
 
စစ်တမ်း စတင်ပေါ်ပေါက်သော ကာလကို တိကျစွာ မသိရပေ။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၅၀ဝ) ခန့်က
 
တကောင်းမင်းဆက် သတိုးဇမ္ဗူဒီပ မဟာဓဇရာဇာ မင်းလက်ထက်တွင် လူဦးရေ ရေတွက်မှု လုပ်ငန်းကို
 
စတင်ဆောင်ရွက်သည်ဟု သိရပေသည်။ ၄င်းမင်းလက်ထက်တွင် ဘုရားတစ်ဆူ တည်ထားကိုးကွယ်ရန်အတွက်
 
ယင်းအုပ်စိုးသော နယ်မြေ ဒေသများတွင်ရှိသော တိုင်းသူ ပြည်သားများကို တစ်အိမ်ထောင် အုပ်တစ်ချပ်
 
လှူစေပြီး တိုင်းပြည်၏ အိမ်ထောင်ဦးရေနှင့် လူဦးရေကိုသိအောင် ဆောင်ရွက်ခဲ့သည်ဟု သိရပေသည်။ ပုဂံပြည်
 
အနော်ရထာမင်း (အေဒီ ၁၀၄၄-၇၇) လက်ထက်ကလည်း မြို့ရွာများကို စနစ်တကျ စုစည်း၍ လူအင်အား
 
အရေအတွက် စိစစ်ပြီး ရာပြု၊ ထောင်ပြု၊ သောင်းပြု၊ သိန်းပြု စသည်ဖြင့် ကာကွယ်ရေး အရေးအခင်းများ
 
ပေါ်ပေါက်လျှင် သတ်မှတ်ထားသော လူအင်အား ပို့ဆက်ရသည်ဟု သမိုင်းကျမ်းများက ဆိုသည်။
 
 
မင်းကြီးစွာစော်ကဲ လက်ထက်မှစတင်၍ စစ်တမ်းကောက်ခံသည်ဟု မှတ်သားရသော်လည်း ထိုစစ်တမ်းကို
 
ယခုအခါ ရှာဖွေမတွေ့ရှိဟု သိရသည်။ သာလွန်မင်းတရား (အေဒီ ၁၆၃၇) မြန်မာသက္ကရာဇ် ၉၉၉
 
ညောင်ရမ်းဆက် တွင်လည်းကောင်း၊ ဆင်ဖြူရှင်မင်းလက်ထက် ကောက်ခံသော ၁၁၂၆ ခုနှစ် စစ်တမ်းများ၊
 
၁၁၂၇ ခုနှစ် စစ်တမ်းများ၊ ဘိုးတော်ဘုရား (ဗဒုံမင်း၊ အေဒီ ၁၇၈၂၊ မြန်မာသက္ကရာဇ် ၁၁၄၅) လက်ထက်
 
၁၁၄၅ ခုနှစ် စစ်တမ်းများ၊ ၁၁၄၆ ခုနှစ် စစ်တမ်းများ၊ ၁၁၆၄ ခုနှစ် စစ်တမ်းများကိုသာ တွေ့ရသည်။
 
ကုန်းဘောင်ခေတ် အလောင်းမင်းတရား လက်ထက်မှတစ်ပါး အခြားမင်းများ လက်ထက်တွင် စစ်တမ်းများ
 
ကောက်ခံကြသည်ဟု အဆိုရှိသည်။ သီပေါမင်းလက်ထက်တွင် ၁၂၄၄ ခုနှစ်၊ တပို့တွဲလ၌ ၁၁၄၅ ခုနှစ်
 
စစ်တမ်းမှာ နှစ်တစ်ရာ ရှိပြီဖြစ်၍ စစ်တမ်း ထပ်မံကောက်ယူ ဆက်သွင်းစေသည်ဟု သိရပေသည်။
 
 
 
==(ခ) ကိုလိုနီခေတ် သန်းခေါင်စာရင်း ကောက်ယူမှု==
 
 
မြန်မာ-အင်္ဂလိပ် ပထမ စစ်ပွဲနှင့် ဒုတိယ စစ်ပွဲများ ပြီးဆုံးသွားသောအခါ ရခိုင်တိုင်း၊ တနင်္သာရီတိုင်းနှင့်
 
ပဲခူးတိုင်းတို့သည် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရာ နယ်ချဲ့တို့သည် ၁၈၇၂ ခုနှစ်တွင် ထိုတိုင်းသုံးတိုင်း၌
 
သန်းခေါင်စာရင်း ပထမအကြိမ် ကောက်ယူသည်။ သန်းခေါင်စာရင်း ကောက်ယူမည့်နေ့ကို ၁၈၇၂ ခုနှစ်၊
 
သြဂုတ်လ ၁၅ ရက်၊ မြန်မာသက္ကရာဇ် (၁၂၃၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်) ကြာသာပတေးနေ့ဟု
 
သတ်မှတ်ပြီး ယင်းည သန်းခေါင်ယံ အချိန်တွင် ရန်ကုန်မြို့၏ လူဦးရေစာရင်းကို ကောက်ယူခဲ့သည်။ ထိုသို့
 
သန်းခေါင်အချိန်တွင် လူဦးရေစာရင်း ကောက်ယူမှုကို အစွဲပြု၍ “သန်းခေါင်” စာရင်း ကောက်ယူသည်ဟု
 
ခေါ်ဝေါ်သုံးစွဲကြောင်း သိရပေသည်။
 
 
၁၈၇၂ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ခရိုင်အလိုက် ခွဲခြားကောက်ခံခဲ့ရာ ရခိုင်တိုင်းတွင် စစ်တွေခရိုင်၊
 
ရမ်းဗြဲခရိုင်၊ သံတွဲခရိုင်၊ ရခိုင်မြောက်ပိုင်းခရိုင် ဟူ၍ သတ်မှတ် ကောက်ယူခဲ့ရာ လူဦးရေစုစုပေါင်း
 
လေးသိန်းရှစ်သောင်းကျော်၊ တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကျိုက္ခမီခရိုင်၊ သံလွင်ခရိုင်၊
 
ရွှေကျင်ခရိုင်၊ တောင်ငူခရိုင် ဟူ၍ သတ်မှတ် ကောက်ယူခဲ့ရာ လူဦးရေ ခြောက်သိန်းကျော်၊ ပဲခူးတိုင်းတွင်
 
ရန်ကုန်ခရိုင်၊ ပုသိမ်ခရိုင်၊ မြန်အောင်ခရိုင်၊ ပြည်ခရိုင်၊ သရက်ခရိုင် ဟူ၍ သတ်မှတ် ကောက်ယူခဲ့ရာ လူဦးရေ
 
တစ်သန်းကျော် ရှိခဲ့ကြောင်း သိရသည်။ ဒုတိယ အကြိမ်အဖြစ် ၁၈၈၁ ခုနှစ်တွင် ကောက်ယူခဲ့သည်။
 
 
၁၈၉၁ ခုနှစ်တွင် တတိယအကြိမ် သန်းခေါင်စာရင်းကို ထပ်မံ ကောက်ယူပြန်ရာ ၁၈၈၅ ခုနှစ်၌ ဗြိတိသျှတို့
 
သိမ်းပိုက်ခဲ့သော အထက်မြန်မာပြည်၏ စာရင်းများ ပါဝင်ခဲ့သည်။ သန်းခေါင်စာရင်းများကို ဆယ်နှစ်တစ်ကြိမ်
 
ကောက်ယူခဲ့ရာ ၁၈၈၁ ခုနှစ်တွင် လူဦးရေ သုံးသန်းကျော်၊ ၁၈၉၁ ခုနှစ်တွင် ရှစ်သန်းကျော်၊ ၁၉၁၁ ခုနှစ်တွင်
 
(၁၂) သန်းကျော်၊ ၁၉၂၁ ခုနှစ်တွင် (၁၃) သန်းကျော်၊ ၁၉၃၁ ခုနှစ်တွင် (၁၄) သန်းကျော်နှင့် ၁၉၄၁ ခုနှစ်တွင်
 
(၁၆) သန်းကျော် ရှိခဲ့ကြောင်း သိရပေသည်။
 
 
 
==(ဂ) မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်း ကောက်ယူမှု==
 
 
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး အကြောင်း အချက်အလက်များ
 
ပိုမိုပြည့်စုံစွာ ရရှိရန် သန်းခေါင်စာရင်းများကို ၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း (၂၅၂) မြို့နှင့် ချင်းပြည်နယ်တို့တွင်
 
လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာပြည် ပြည်မ ကျေးရွာအုပ်စုပေါင်း (၂,၁၄၃) အုပ်စုနှင့် ကချင်ပြည်နယ်ရှိ
 
ကျေးရွာအုပ်စု (၁,ဝ၁၆) အုပ်စုတွင်လည်းကောင်း သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ ကျန်ဒေသများတွင်
 
အခြေအနေ အရပ်ရပ်ကြောင့် ဆက်လက်ကောက်ယူခြင်း မပြုနိုင်ခဲ့ပေ။
 
 
 
==(ဃ) တော်လှန်ရေးကောင်စီ တက်ရောက်ပြီးနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူမှု==
 
 
၁၉၇၂ ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်း ဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သန်းခေါင်စာရင်း လုပ်ငန်းများကို
 
ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအား
 
ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အဖြစ် တာဝန်ပေး၍ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ လုပ်ပိုင်ခွင့်
 
အာဏာများကို အပ်နှင်းခဲ့ပေသည်။ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် ဆက်သွယ်ဆောင်ရွက်ရန် ပြည်နယ်၊
 
တိုင်း၊ မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီတို့ အဆင့်ဆင့်အားလည်း
 
သန်းခေါင်စာရင်း ကော်မရှင်အဖြစ် တာဝန်ပေး၍ သန်းခေါင်စာရင်း ကော်မရှင် အဆင့်ဆင့်၏ လုပ်ကိုင်ခွင့်
 
အာဏာများကိုလည်း အပ်နှင်းခဲ့ပေသည်။
 
 
သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ယခင်က အစိုးရဝန်ထမ်းများသာ ကောက်ယူခဲ့သော အစဉ်အလာမှ
 
ယခုအခါ အမျိုးသားရေးလှုပ်ရှားမှုကြီး တစ်ရပ်အဖြစ် ကျောင်းသားလူငယ်များ၊ ပြည်သူများနှင့်
 
တပ်မတော်သားများပါ ပူးပေါင်းပါဝင် ကောက်ယူရမည့် လုပ်ငန်းဖြစ်လာပြီး အသွင်သဏ္ဌာန်ရော အနှစ်သာရပါ
 
ပြောင်းလဲခဲ့သည်။ ကျောင်းသူ၊ ကျောင်းသားများ၏ အင်အားကို အဓိကထား လုပ်ဆောင်ရမည် ဖြစ်သဖြင့်
 
သန်းခေါင်စာရင်း ကောက်ယူမည့် အချိန်ကိုလည်း ကျောင်းသားများ အားလပ်သော နွေရာသီ ကျောင်းပိတ်ရက်
 
အတွင်း ဖြစ်အောင် စီစဉ်ခဲ့သည်။ ဤသို့ကျောင်းသူ၊ ကျောင်းသားများ၏ အင်အားကို အဓိကထားသုံးရန်
 
စီစဉ်ရခြင်းမှာ ကျောင်းသားများအနေဖြင့် အမျိုးသားရေး လုပ်ငန်းကြီး တစ်ရပ်တွင် ကိုယ်တိုင်ကိုယ်ကျ
 
ပါဝင်လုပ်ဆောင်ခွင့် ရရှိစေရန်နှင့် လုပ်သားပြည်သူတို့၏ ဘဝကို လက်တွေ့ လေ့လာရရှိစေရန် ဖြစ်ပေသည်။
 
 
မြန်မာတစ်ပြည်လုံးတွင် ထိုစဉ်က တည်ဆဲ အခြေအနေအရ မြို့နယ်ပေါင်း (၃၁၄)၊ မြို့ (၃၁၅)၊ ရပ်ကွက်ပေါင်း
 
(၃,၃၃၄) နှင့် ကျေးရွာအုပ်စုပေါင်း (၁၃,၃၃၆) ရှိပေသည်။ ဤသို့ မြို့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်
 
တစ်ကွက်လျှင် အိမ်ထောင်စု (၅၀) ပါဝင်မည့် စာရင်းကောက်ကွက်ပေါင်း (၁၃၃,၁၆၀) ကို ဖွဲ့စည်းခဲ့သည်။
 
စာရင်းကောက် အကွက်တစ်ကွက်လျှင် စာရင်းကောက်အဖွဲ့ဝင် သုံးဦးနှုန်းနှင့် အဖွဲ့ငါးဖွဲ့လျှင် စာရင်းစစ်
 
တစ်ဦးနှုန်းဖြင့် စာရင်းကောက် အဖွဲ့ဝင်ပေါင်း (၃၉၉,၄၈၀) နှင့် စာရင်းစစ်ပေါင်း (၂၆,၆၃၁) ဦးကို တာဝန်ပေး
 
ဆောင်ရွက်ခဲ့ပေသည်။ စာရင်းကောက်အဖွဲ့ ခေါင်းဆောင်အဖြစ် အထက်တန်း ကျောင်းသား၊
 
စာရင်းကောက်များအဖြစ် အလယ်တန်း ကျောင်းသား၊ စာရင်းစစ်များအဖြစ် တက္ကသိုလ် ဆရာများနှင့်
 
တက္ကသိုလ် ကျောင်းသားများက ဆောင်ရွက်ခဲ့ပေသည်။
 
 
ယင်းသို့ တာဝန်ပေးမည့် စာရင်းကောက်ယူရေး၊ စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ကျွမ်းကျွမ်းကျင်ကျင်
 
ဆောင်ရွက်နိုင်ရန် လုပ်အားပေး ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများနှင့် ရုံးအဖွဲ့ ဝန်ထမ်းများ
 
အတွက် သင်တန်းအဆင့် သုံးဆင့်နှင့် ဆင့်ပွား သင်တန်းများလည်း ဖွင့်ပေးခဲ့သည်။
 
 
 
==သန်းခေါင်စာရင်း ကောက်ယူရေး ကြိုတင်လှုပ်ရှားမှုနှင့် လှုံ့ဆော်ပညာပေး လုပ်ငန်းများ==
 
 
သန်းခေါင်စာရင်း ကောက်ယူရာ၌ လုပ်ငန်း ကျွမ်းကျင်မှုရှိစေရန် ပါဝင်ဆောင်ရွက်မည့် သူများကို သင်တန်းများ
 
ပေးခဲ့သည့်အပြင် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ဗဟိုသန်းခေါင်စာရင်း ကော်မတီက ဦးဆောင်၍
 
တစ်နိုင်ငံလုံး၌ သန်းခေါင်စာရင်း ကောက်ယူရန် ပြင်ဆင်ရာ၌ ဇန်နဝါရီလ ၅ ရက်မှ ၇ ရက်နေ့ထိ
 
သန်လျင်မြို့နယ်တွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ တာမွေမြို့နယ်တွင် လည်းကောင်း
 
စမ်းသပ် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ကြသည်။ ယင်းမြို့များမှရရှိသည့် သင်ခန်းစာ
 
အတွေ့အကြုံများကို နမူနာယူ၍ တစ်နိုင်ငံလုံးတွင် လိုအပ်သလို အသုံးပြုသွားမည် ဖြစ်ပေသည်။
 
 
၄င်းအပြင် လှုံ့ဆော်ပညာပေး လုပ်ငန်းများကိုလည်း ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ရာ သန်းခေါင်စာရင်းများ
 
ကောက်ယူမည့် အကြောင်းနှင့် ကောက်ယူမည့် အချိန်ကာလများကို ဖော်ပြသော နံရံကပ်ပိုစတာ၊
 
လက်ကမ်းကြော်ငြာများအပြင် ပိုစတာကြီးများကိုလည်း ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စု တစ်ဝှန်းလုံးတွင်
 
စိုက်ထူခြင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းနှစ်အဖြစ် အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်း ထုတ်ဝေခြင်း၊
 
သန်းခေါင်စာရင်းအကြောင်း စာနယ်ဇင်းများတွင် လှုံ့ဆော်ပညာပေး ဆောင်းပါးများ ရေးသားထည့်သွင်းခြင်း၊
 
မြန်မာ့အသံမှလည်း သန်းခေါင်စာရင်းအကြောင်း ဟောပြောချက်များ၊ မြန်မာ့အသံ ကိုယ်စားလှယ်နှင့်
 
မေးမြန်းခန်းများ၊ သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် တေးသီချင်းများ အသံလွှင့်လှုံ့ဆော်ခြင်း၊
 
သတင်းစာများမှလည်း သန်းခေါင်စာရင်းကောက် အဖွဲ့များက မေးမြန်းမည့် မေးခွန်းများ၊ သန်းခေါင်စာရင်း
 
ကောက်ယူရမည့် ရည်ရွယ်ချက်၊ အကျိုးသက်ရောက်မှုနှင့် အစီအစဉ်များ၊ ဥပဒေ ပြဌာန်းချက်များ၊
 
ရှင်းလင်းချက်များကို ထည့်သွင်း ဖော်ပြပေးခြင်းနှင့် စာရင်းများ မကောက်ယူမီ နှစ်လခန့်ကြိုတင်၍ ပြည်သူပိုင်
 
ရုပ်ရှင်ရုံ (၁၈၂) ရုံနှင့် ပုဂ္ဂလိကပိုင်ရုပ်ရှင်ရုံ (၂၄၀) တို့တွင်လည်း ပိုစတာများကို ရုပ်ရှင်ဆလိုက်များဖြင့်
 
ကြေငြာလှုံ့ဆော် ဆောင်ရွက်ခဲ့ပေသည်။
 
 
 
==သန်းခေါင်စာရင်း ကောက်ယူခြင်း==
 
 
သန်းခေါင်စာရင်း ကောက်ယူရန် မှတ်သားထားသော (၁-၄-၇၃) နေ့တွင် တစ်နိုင်ငံလုံးရှိ လူဦးရေစာရင်း
 
ရယူနိုင်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူရေးကို လုပ်သားပြည်သူ လူထု တစ်ရပ်လုံး၏ ပူးပေါင်း
 
ဆောင်ရွက်မှုနှင့်အတူ စတင်ကောက်ယူခဲ့သည်။
 
 
ယင်းသန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံး လူဦးရေမှာ (၂၈) သန်းကျော် (၂၈,၈၈၄,၂၆၇ ဦး)၊ အမျိုးသား
 
(၁၄,၃၅၅,၆၉၃ ဦး)၊ အမျိုးသမီး (၁၄,၅၂၈,၄၇၄ ဦး) ရှိကြောင်း သိရှိရသည်။
 
 
 
==ဒုတိယအကြိမ် ကောက်ယူခြင်း==
 
 
၁၉၈၃ ခုနှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊
 
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသည် ဇန်နဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အတွင်း
 
မင်္ဂလာဒုံမြို့နယ်၊ စမ်းချောင်းမြို့နယ်တို့၌ စမ်းသပ် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သည်။
 
ထိုမှတစ်ဆင့် ၁၉၈၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၅ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့်
 
သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ဒေသဆိုင်ရာ ပါတီ၊ ကောင်စီတို့၏ ဦးဆောင် ကြီးကြပ်မှုဖြင့်
 
အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
 
 
၁၉၈၃ ခု၊ အောက်တိုဘာလ ၂၈ ရက်နေ့ ဗဟိုသန်းခေါင်စာရင်း ကော်မတီ၏ ထုတ်ပြန်ချက်အရ ၃၁-၃-၈၃
 
ရက်နေ့တွင် ပြည်ထောင်စုတစ်ဝှန်းလုံးရှိ လူဦးရေသည် ၃၅,၃၁၃,၉၀၅ (၃၅ ဒဿမ ၃၁) သန်း ရှိကြောင်း
 
သိရသည်။ ယင်းလူဦးရေအရ အမျိုးသား ၁၇,၅၁၃,၅၄၁ ဦးနှင့် အမျိုးသမီး ၁၇,၈၀ဝ,၃၆၄ ဦး ဖြစ်ကြသည်။
 
 
 
မူရင်း - နှောင်းအတိတ် သမိုင်းရိပ်ထင်နေသည့် တံဆိပ်ခေါင်းများ (သိန်းဌေးနိုင်)
 
 
ကိုလိုနီခေတ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းများ
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
 
== ကိုးကား ==