"ပိုပေါ့" ၏ တည်းဖြတ်မှု မူကွဲများ

၈၈၂၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၈ နှစ်
ပိုပေါ့သည် တရုတ်တို့နှင့် ဆက်ဆံရေးအဆင်ပြေသော်လည်း ဆိုဗီယက်၊ ဗီယက်နမ် စသော ကွန်မြူနစ်များနှင့် ပြေလည်ခြင်းမရှိတော့ပေ။ အထူးသဖြင့် ဗီယက်နမ်တို့နှင့် မကြာခဏပင် နယ်စပ်ပြဿနာများ၊ အငြင်းပွားမှုများဖြစ်လာသည်။ ၁၉၇၈တွင် ဗီယက်နမ်တပ်များက ခမာနယ်မြေများအတွင်း အကြီးအကျယ်ထိုးစစ်ဆင်ပြီး ခမာနီများ ဆက်တိုက်ရှုံးနှိမ့်ကာ ပိုပေါ့လည်း ထိုင်းနယ်စပ်သို့ ထွက်ပြေးရသည်။
 
==ကျရှုံးခြင်းနှင့် ဘဝနိဂုံး==
ဗီယက်နမ်တို့က ဟန် ဆမ်ရင် ဦးဆောင်သည့် အစိုးရသစ်ဖွဲ့စည်းပေးသလို ပိုပေါ့ကလည်း ထိုင်းနယ်စပ်တွင် တဖန်ပြန်လည်၍ အင်အားစုစည်းခဲ့သည်။ ထိုင်းအနေဖြင့်လည်း ထိုစဉ်က ဗီယက်နမ်တို့၏ ကျူးကျော်လာနိုင်ခြင်းကို ကာကွယ်ဟန့်တားရန်အတွက် ပိုပေါ့ကို လက်ခံထားပြီး တရုတ်မှလာသည့် အထောက်အပံ့များကို မသိကျိုးကျွံပြုထားလိုက်ကြသည်။
အမေရိကန်နှင့် အခြားနိုင်ငံများကလည်း ဆမ်ရင် အစိုးရကို အသိအမှတ်မပြုဘဲ ပိုပေါ့အစိုးရကိုသာ ဆက်လက်အသိအမှတ်ပြုထားကြပြီး ကမ္ဘာ့ကုလသမဂ္ဂတွင်လည်း အစိုးရသစ်ကို လက်မခံသေးပေ။ ထို့ကြောင့် ခမာနီအစိုးရနှင့် ဖနွမ်းပင်အစိုးရတို့ တစ်ဖက်နှင့်တစ်ဖက် ဆက်လက်၍ တင်းမာနေကြရသည်။ အမေရိကန်တို့အနေဖြင့် ဗီယက်နမ်တပ်များ ကမ္ဘောဒီးယားသို့ ဝင်ရောက်တိုက်ခိုက်ခြင်းကို ကန့်ကွက်သည်။
 
ထိုင်နယ်စပ်တွင် ပိုပေါ့သည် အဖွဲ့အစည်းသုံးခု ပေါင်း၍ ဒီမိုကရက်တစ် ကမ်ပူးချား ညွန့်ပေါင်းအစိုးရ (CGDK) ဟု ဖွဲ့သည်။ အမျိူးသား ဒီမိုကရက်တစ် ကမ်ပူးချားတပ် ကိုလည်း ဖွဲ့စည်းပြန်သည်။ ထိုနောက်မှ အုပ်ချုပ်ရန်အတွက် ကမ်ပူးချားကွန်မြူနစ်ပါတီကိုလည်း ထူထောင်ပြန်သည်။
 
ဖနွမ်မာလီဒေသတွင် အခြေစိုက်ပြီး လှုပ်ရှားနေကြစဉ် ၁၉၈၅ခုနှစ် ဒီဇင်ဘာအရောက်တွင် ဗီယက်နမ်တပ်များ၏ ထိုးစစ်ကိုရင်ဆိုင်ရကာ မရှုမလှရှုံးနှိမ့်ခဲ့ကြသည်။ ထိုနောက် ပိုပေါ့လည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရင်း ခြောက်နှစ်မျှ သတင်းများပျောက်ဆုံးနေသည်။ ကွန်မြူနစ်ပါတီမှ နှုတ်ထွက်၍ လက်ရုံးဖြစ်သူ ဆွန်ဆန် အား အာဏာများ တဖြည်းဖြည်းခြင်း လွဲပြောင်းပေးခဲ့သော်လည်း ထိုင်းအထူးတပ်ဖွဲ့ အမှတ်(၈၃၈)မှ တာဝန်ယူစောင့်ရှောက်ပေး ထားသည်ဟုဆိုကြသည်။ ခမာနိုင်ငံရေးသမားများက သူ့အား တစ်ချိန်တစ်ခါက ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့်ပက်သက်၍ ဝန်ခံပြီးလက်နက်ချလျှင် ခွင့်လွှတ်ပေးမည်ဟု ဆိုသော်လည်း ငြင်းဆန်ခဲ့သည်။ ဆွန်ဆန်မှာ မိသားစုဝင် ၁၁ ယောက်လုံး ပစ်သတ်ခံထားရသူဟုဆိုကြသည်။ ပိုပေါ့ကလည်း ထိုအမိန့်ကို သူမပေးခဲ့ဟု ငြင်းဆန်သည်။
 
၁၉၈၆တွင် ဗီယက်နမ်တပ်များ ကမ္ဘောဒီးယားမှ ရုတ်သိမ်းသွားသည့်အချိန်တွင် ပိုပေါ့သည် ထိုင်းနှင့် နယ်စပ်ကမ္ဘောဒီးယားဖက်ရှိသူ၏ တပ်စခန်းတို့တွင် တလှည့်စီနေထိုင်သည်။ လက်နက်ချရေး၊ ငြိမ်းချမ်းရေးတို့ကို လက်မခံဘဲ လက်ရှိအစိုးရကို ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ရန်၊ တော်လှန်ရန် ကြိုးစားနေခဲ့သေးသည်။ သို့သော်၁၉၉၅တွင် ပိုပေါ့လေဖြတ်ပြီး ခန္ဓာကိုယ်ဘယ်ဘက်ခြမ်း လှုပ်ရှားမရဖြစ်သွားပြီးနောက် ၁၉၉၆တွင် ခမာနီတပ်များ တဖြည်းဖြည်း အားနည်ချိနဲ့လာသည်။ ခေါင်းဆောင်အများစုမှာလည်း မဖြစ်နိုင်တော့သည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ကာ ဘက်ပြောင်းကြသည်။ အစိုးရအနေဖြင့်လည်း ခမာနီတစ်ဖွဲ့လုံးနှင့် ညှိနှိုင်းမရသဖြင့် တစ်ယောက်ချင်းကို ဖဲ့ထုတ်သည့် ဗျူဟာဖြင့် အနိုင်ယူခြင်းဖြစ်သည်။
 
ပိုပေါ့၏လက်ရုံး ဆွန်ဆန်ကို ၁၉၉၇တွင် သူ့ရာထူးအား အပြည့်အဝဆက်ခံရန် တာဝန်ပေးလိုက်ရသည်။ ထိုနောက် မြောက်ပိုင်းရှိ သူ့အမာခံဒေသတို့ ထွက်ပြေးခဲ့သော်လည်း ခမာနီတပ်မှ အရာရှိတစ်ဦးဖြစ်သူ တာမော့ခ်က သူ့ကို အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားလိုက်သည်။ လေဖြတ်သည့် ဒဏ်ကြောင့်လည်း တစ်ကိုယ်တည်းလွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိတော့ပေ။ ဘေးမှ အခြားသူများ တွဲခေါ်မှသာလျှင် သွားလာနိုင်တော့သည့် အခြေအနေသို့လည်း ရောက်နေပြီဖြစ်သည်။
၁၉၉၈ခုနှစ်၊ ဧပြီလ၊ ၁၅ရက်နေ့တွင် ခမာနီတို့က နိုင်ငံတကာစစ်ခုံရုံးတွင် စစ်ဆေးခံမည်ဟု ကြေညာလိုက်သည်။ နောက်တစ်နေ့ညတွင် ပိုပေါ့သည် နေရာ ရွေ့ပြောင်းရန် စီစဉ်နေဆဲမှာပင် ကွယ်လွန်ကြောင်း ဇနီးဖြစ်သူမှ ကြေညာခဲ့သည်။ တာမော့ခ်ကလည်း နှလုံးရောဂါဖြင့် ကွယ်လွန်သည်ဟု အတည်ပြုပြောကြားလိုက်သည်။ အစိုးရဖက်မှ အလောင်းအားစစ်ဆေးရန် တောင်းဆိုနေဆဲမှာပင် ပိုပေါ့အလောင်းအား ခမာနီတပ်စခန်းအန်လုံဗန်တွင် မီးသင်္ဂြိုဟ်လိုက်ကြသည်။
 
 
[[en:Pol Pot]]
 
[[Category:ကမ္ဘောဒီးယားနိုင်ငံ]]
၁၁၈၇

တည်းဖြတ်မှုများ