"ပိုပေါ့" ၏ တည်းဖြတ်မှု မူကွဲများ

၁၇ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၈ နှစ်
ထိုနောက်တွင် ပါတီမူအတိုင်း မြို့ပေါ်လူတန်းစားများအား လူတန်းစား တန်းညှိရေးအတွက် လယ်ယာမြေလုပ်ငန်းခွင်အတွင်းသို့ ပို့သည်။ များစွာသော ပြည်သူများမှာ အမေရိကန်လေယာဉ်များဗုံးကျဲခြင်းမှ ရှောင်တိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် ရွေ့ပြောင်းစေခိုင်းခြင်း ခံရသည်။ မြို့ကြီးများမှာ တစ်စစဖြင့် လူသူကင်းမဲ့သည့် မြို့ကြီးများဖြစ်လာကြသည်။ လယ်မြေလုပ်ငန်းခွင်များတွင် ဘုံစနစ်ဖြင့် နေထိုင်စေသည်။ တစ်နပ်စာအတွက် အစာနှစ်ပန်းကန် (သို့) ပေါင်မုန့်နှစ်ခု ကိုသာရသည်။ ကလေးငယ်များကို ဘုံစနစ်အကြောင်း နားလည်စေရန် အတွက် ဘုံစနစ်ကျောင်းများတွင် စာသင်ကြားစေသည်။ တရုတ်တို့၏ ယဉ်ကျေးမှုတော်လှန်ရေးပုံစံကို ပုံတူကူးချသည်ဟုဆိုကြသည်။
 
နောက်ပိုင်းတွင် ဘာသာရေးကိုးကွယ်မှုများကို တားမြစ်သည်။ "မည်သည့်အရာကိုမျှ ပိုင်ဆိုင်မထားလျှင် မည်သူကမှ မဖျက်ဆီးနိုင်" ဟူသည့် သဘောတရားကို တွင်တွင်ကြွေးကြော်ပြီး အခြားတစ်ဖက်မှလည်း ခမာလူမျိုး သန်းပေါင်းများစွာတို့သည် လက်ယာကွန်မြူနစ်နိုင်ငံထူထောင်နိုင်ရန်အတွက် တက်တက်ကြွကြွ လှုပ်ရှားနေကြကြောင်းကို ရေဒီယိုများမှ ဝါဒဖြန့်ခဲ့သည်။ အရင်းရှင်၊ ပညာတတ်လူတန်းစားကို ဖိဖိစီးစီးနှိပ်ကွပ်တော့သည်။ S-21 ကဲ့သို့နှိပ်စက်သက်ဖြတ်ရေး စခန်းများတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာဝင်များ၊ခရစ်ယာန်များ၊ မွတ်စလင်များအပါအဝင်၊ နိုင်ငံရေးသမား၊ စီပွားရေးလုပ်ငန်းပိုင်ဆိုင်ဖူးသူများနှင့် တရုတ်၊ဗီယက်နမ်၊လာအို အနွယ်များကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ "ကျည်ဆံမဖြုန်းရ" ဟူသည့်အမိန့်ဖြင့် အရှင်လတ်လတ်မီးရှို့သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ ထုတ်တန်းတွင် တွဲလောင်းချည်၍ အရေခွံခွာခြင်း၊ လက်သည်းခွံများအား ပလာယာဖြင့်ခွာခြင်း၊ ဦးခေါင်းအား ဝါးလုံးဖြင့်ရိုက်ခြင်း၊ လည်မျိုတွင် တံစို့ရိုက်သွင်းခြင်း စသဖြင့် လူမဆန်ဆုံးနည်းလမ်းများကိုသုံးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်ကွင်း(Killing Field)အဖြစ် ကျော်ကြားလာသည်။
 
ထိုသို့သတ်ဖြတ်မှုများကြောင့် ဒီမိုကရက်တစ်ကမ်ပူးချားနိုင်ငံ၏ ဘုံစနစ်တည်ရှိစဉ်အတွင်း အစုစုလူဦးရေ ၁.၆သန်းနှင့် အခြားနှိပ်စက်မှုများပါဝင်ထည့်သွင်းလျှင် လူဦးရေ ၂သန်းမျှသော ခမာလူမျိုးများသည် စာရင်းဇယားမဲ့ သေဆုံးခဲ့ရသည်။ (အထက်တန်းအဖြစ်မှ လူသတ်စခန်းအဖြစ်ပြောင်းလဲအသုံးပြုခဲ့သော အဆောက်အအုံအား ယခုအခါတွင် တူးစလန်ပြတိုက်အဖြစ်[[တူးစလန် ပြတိုက်]]အဖြစ် ဖွင့်လှစ်ပြသထားသည်။)
 
ပိုပေါ့သည် တရုတ်တို့နှင့် ဆက်ဆံရေးအဆင်ပြေသော်လည်း ဆိုဗီယက်၊ ဗီယက်နမ် စသော ကွန်မြူနစ်များနှင့် ပြေလည်ခြင်းမရှိတော့ပေ။ အထူးသဖြင့် ဗီယက်နမ်တို့နှင့် မကြာခဏပင် နယ်စပ်ပြဿနာများ၊ အငြင်းပွားမှုများဖြစ်လာသည်။ ၁၉၇၈တွင် ဗီယက်နမ်တပ်များက ခမာနယ်မြေများအတွင်း အကြီးအကျယ်ထိုးစစ်ဆင်ပြီး ခမာနီများ ဆက်တိုက်ရှုံးနှိမ့်ကာ ပိုပေါ့လည်း ထိုင်းနယ်စပ်သို့ ထွက်ပြေးရသည်။
 
==ကျရှုံးခြင်းနှင့် ဘဝနိဂုံး==
၁၁၈၇

တည်းဖြတ်မှုများ