"ငေါင်း" ၏ တည်းဖြတ်မှု မူကွဲများ

၂၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၇ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
("=ငေါင်း (တိရိစ္ဆာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်)
 
=ငေါင်း (တိရိစ္ဆာန်)=
ငေါင်းသတ္တဝါသည် ယုံတမ်းစကား (ဝါ) နာနာဘာဝတို့၏ ရုပ်ဆောင်ချက်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ငုံးလို ကြက်လို သတ္တဝါဖြစ်ပြီး ခြေတစ်ချောင်းသာပါကာ လူနှင့် ဆင်တူသည်ဟု ဆိုသည်။ တောတွင်းတွင် ငေါင်းကိုဖမ်းလိုလျှင် ပိုက်၊ကျော့ စသည်နည်းများဖြင့် ဖမ်းမရပေ။ ငှက်ပျောဖက်ခင်း၍[[ငှက်ပျောဖက်]]ခင်း၍ ထောင်ထားပြီး ချော်လဲသွားမှ ဖမ်းနိုင်သည်ဟု ဆိုကြသည်။ ရှေးမြန်မာ့တိုင်းရင်းဆေးနည်းများတွင် ထိပ်ကပ်နာပျောက်ဆေးဖော်ဆပ်သည့်နေရာတွင် ဒေါင်းရိုး၊ငေါင်းရိုးတို့လည်း အပါအဝင်ဖြစ်သည်ကို တွေ့ရသည်။ တိမ်သလ္လာပေျာက်မျက်စဉ်းဆေးတွင်လည်း ငေါင်းရိုးပါဝင်သည်။
 
==သွင်ပြင်လက္ခဏာ==
ငေါင်းသည် ခြေတစ်ချောင်းထောက်၍ လမ်းလျှောက်တတ်သည်။ ဦးခေါင်းနောက် နောက်စေ့နေရာတွင် အောက်ချင်းငှက်ကဲ့သို့ အချွန်အတက်ကြီးပါရှိသည်။ သစ်ပင်များအထက်သို့ လူတစ်ရပ်ကျော်ခုန်၍ အဆိုပါ အချွန်အတက်ကြီးဖြင့် ပေါက်ကာ ကြာကြာရပ်တည်နေနိုင်သည်။ ခြေတစ်ချောင်းသာရှိသော်လည်း အပြေးအလွန်မြန်သည်။ ဒူးဆစ်ကွေးမရပေ။ သစ်ပင်ကို မှီကာအိပ်စက်တတ်သည်။
 
အချို့အရပ်များတွင် အတောင်မပါဘဲ၊ လက်သာပါကြောင်း ထူးခြားစွာဆိုသည်။ ဖနောင့်ပြောင်းပြန်လှည့်နေသည့်[[ဖနောင့်]]ပြောင်းပြန်လှည့်နေသည့် အနေအထားရှိပြီး လက်မောင်းများ[[လက်မောင်း]]များ သန်မာသည်။ ခန္ဓာကိုယ်ပြားချပ်သည် စသည်ဖြင့် အမျိုးမျိုးကွဲပြားစွာ ဆိုကြပြန်သည်။
 
==အထောက်အထား==
ငေါင်းနှင့်ပက်သက်ပြီး အခိုင်လုံဆုံးသော အထောက်အထားမှာ ကုန်းဘောင်မင်းများလက်ထက်က[[ကုန်းဘောင်မင်းဆက်]] ရွှေတိုက်တွင်[[ရွှေတိုက်]]တွင် ထားရှိသည့် ရွှေနန်းစဉ် လက်သုံးပုရပိုက်ဖြူဖြစ်သည်။ အဆိုပါဆေးရေးပုရပိုက်တွင် လူမျောက်ငရွှေမောင်၊ ကိန္ဒရာအသေခြောက်၊[[ကိန္နရာ]]အသေခြောက်၊ နဂါးဂဠုန်အသေခြောက်၊ ရေသူမ၊[[ရေသူမ]]၊ နဂါးငါးကောင်၊[[နဂါး]]ငါးကောင်၊ ကျွန်းဖိုကျွန်းမပင် စသည်အကြောင်းအရာတို့နှင့် အတူ လူငေါင်းပုံများပါ ပါဝင်သည်။ ဘိုးတော်ဘုရားလက်ထက်က[[ဘိုးတော်ဘုရား]]လက်ထက်က [[တောင်ငူမြို့]] [[မြတ်စောညီနောင် ဘုရားမှဘုရား]]မှ ဖမ်းယူရရှိသည်။ တောင်ငူမြို့ဝန်မှ ဆက်သသည့် အဆိုပါ ငေါင်းတွင် လက်နှစ်ဖက်၊ ခြေတစ်ဖက် ပါဝင်သည်။ လက်နှစ်ဖက်ကို အတောင်များသဖွယ် ဘေးနှစ်ဖက်သို့ ဖြန့်ကားထားသည်။ အမျိုးသမီးမျက်နှာနှင့် ဆင်တူသော မျက်နှာပုံစံရှိသည်။ ဆံပင်တိုပြီး[[ဆံပင်]]တိုပြီး အသံမှာ ငှက်သံကဲ့သို့ ဖြစ်သည်။ အသားမစားဟုဆိုသည်။
အချုပ်အားဖြင့်ဆိုသော် ငေါင်းသည် နာနာဘာဝသလို ငှက်လည်းမဟုတ်ပေ။ လက်နှင့်ခေါင်း သဏ္ဍာန်ပါဝင်ပြီး ထူးဆန်းသည့် သတ္တဝါဆန်းတစ်မျိုးဖြစ်ပြီး အမျိုးတုံးရှားပါးသည်ဟု ဆိုရမည်ဖြစ်သည်။
 
၁၁၈၇

တည်းဖြတ်မှုများ