ဂျပ်စတီနီယံ၊ (ပထမ): တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၂၀ -
== အခြားစွမ်းဆောင်ချက်များ ==
[[File:Justinian coin.jpg |thumb|left|ပထမ ဂျပ်စတီနီယံ ပုံပါ အကြွေစေ့]]
ဂျပ်စတီနီယံသည် အလုပ်ကိုကြိုးစားပြီး အလွန်ထူးချွန်သူဖြစ်သည်။ အုပ်ချုပ်ရေးတွင် အဂတိလိုက်စားမှုများကို ထိရောက်စွာ နှိမ်နှင်းခဲ့သည်။ ရောင်းရေးဝယ်တာ၊ ကုန်စည် ကူးသန်းရေးကို အားပေးသည်။ အဆောက်အဦးများစွာ ဆောက်လုပ်ပေးခဲ့ရာ ခံတပ်ကြီးများ ဆောက်လုပ်ခြင်း ၊ ကွန်စတန်တီနိုပယ်မြို့ကို မွမ်းမံတိုးချဲ့ခြင်းနှင့် နာမည်ကြီး [[
၅၃၂ တွင် ဖြစ်ပွားသည့် နီးကား ဆူပူမှု (the Nika rids) ဆိုလျှင် ဧကရာဇ်ပလ္လင်မှပင် ဆင်းပြေးရတော့မတတ် ကြီးမားခဲ့သည်။ သို့သော် ထိုအရေးအခင်းကို အောင်နိုင်ပြီးနောက် အာဏာတည်မြဲပြီဟု ဆိုနိုင်သည်။ ထိုသို့ အာဏာကြီးရသည်တွင် အလွန်တော်သည့် မိဖုရားဖြစ်သူ [[သီအိုဒိုရာ]](Theodora) ကြောင့်လည်း ဖြစ်သည်။ ၅၄၈ တွင် ကင်ဆာရောဂါဖြင့် မိဖုရားကွယ်လွန်ရာ အလွန်ပင် စိတ်ထိခိုက်ရှာသည်။ သို့သော် ကွယ်လွန်ချိန် ၅၆၅ ထိ တစ်ဦးတည်း အုပ်ချုပ်ရေးမှာလည်း ခိုင်မြဲသည်ဟုဆိုနိုင်သည်။ သို့ဖြင့် ဂျပ်စတီနီယံ ကွယ်လွန်သော် ပြည်သူအများ အထင်အရှားပင် ဝမ်းမြှောက်ကြသည်ကို တွေ့ရသည်။
|