ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၁၆ -
==ဆူးလေဘုရား==
မြန်မာနိုင်ငံရှိ ထင်ရှားသော စေတီပုထိုးတို့တွင်
အနောက်ဘက်သို့ မဟာဗန္ဓုလလမ်းသည်၎င်း၊ တောင်ဘက်မှ မြောက်ဘက်သို့ စေတီတော်၏ဘွဲ့မည်ကို အစွဲပြု၍ ခေါ်တွင်သော ဆူးလေဘုရားလမ်းဟူ၍၎င်း အသီးအသီး ဖြတ်သန်းတည်ရှိသည်။ ဆူလေဘုရား၏ အရှေ့မြောက်ထောင့်၌ မြို့တော်ခန်းမ ရှိ၍၊ အရှေ့တောင်ထောင့်တွင်မူ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားရှိသော ဗန္ဓုလပန်းခြံနှင့် တရားလွှတ်တော်ချုပ် စသည်တို့ တည်ရှိသည်။ ဆူးလေဘုရားသည် ရွှေတိဂုံဘုရားမှ ၉၂၇၅ ပေခန့် ကွာဝေး၍၊ ဗိုလ်တစ်ထောင်ဘုရားမှမူ ၅၁ဝ၂ ပေခန့် ကွာဝေးသည်။
== သမိုင်းကြောင်း ==
ဆူးလေဘုရားသမိုင်းနှင့် စပ်လျဉ်း၍၎င်း၊ ဘွဲ့အမည်နှင့် စပ်လျဉ်း၍၎င်း အယူအဆ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အများနားလည်ယူဆထားကြသော ဘုရားသမိုင်းမှာ [[ရွှေတိဂုံ စေတီတော်]] ဘုရားသမိုင်းများတွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်းဖြစ်၏။ 'တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် မြတ်စွာဘုရားပေးသနားတော်မူလိုက်သော ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီး ထံယူဆောင်လာ၍ စေတီတည်ထားကိုးကွယ်ရန် ဘူမိနက်သံမြေ ဖြစ်သော သိင်္ဂုတ္တရကုန်းကို ရှာဖွေကြသည်။ ရုတ်တစ်ရက် မတွေ့နိုင်သဖြင့် သိကြားမင်း မနေနိုင်သောကြောင့် ဝိသကြုံ နတ်သားကို စေလွှတ်၍ တောရှင်းစေသည်တွင် သိင်္ဂုတ္တရကုန်းမြေကို တွေ့ရှိကြ၏။ သို့သော်လည်း အခြားသော ဘုရားရှင်
သုံးဆူတို့၏ ပရိဘောဂတော်များ တည်ရှိရာတွင် ဆံတော်များကို ဌာပနာ၍ စေတီတည်ရမည်ဖြစ်ရာ ထိုနေရာကို မသိကြ ဖြစ်သဖြင့် ဆူးလေစေတီတည်မည့် ကုန်းနေရာ၌ ဥကလာပ
မင်းနှင့်တကွ လူနတ်အများ စုဝေးကြပြီးလျှင် ဆူးလေနတ်ကြီး အပါအဝင် နတ်ကြီးလေးပါးကို ပင့်ခေါ်၍ မေးသည်တွင်မှ ထိုနေရာကို တွေ့ရှိသောကြောင့် ရွှေတိဂုံစေတီတော်ကို တည်ကြ
၏။ ထို့နောက် နတ်လူအများစုဝေးကြရာ ကုန်းမြေ၌ အထိမ်းအမှတ် စေတီတစ်ဆူတည်၍ စုဝေးစေတီတွင်၏။ ဆူးလေဟူသောအမည်မှာ စုဝေးမှတစ်ဆင့် ကာလရွေ့လျောသဖြင့် ပြောင်း
လဲလာသော အမည်ဖြစ်၏။'ဟုဆိုကြသည်။ သို့သော် ဓမ္မစေတီ မင်းလက်ထက် သက္ကရာဇ် ၈၃၈ ခုနှစ်လောက်တွင် (ခရစ် ၁၄၈၅ ခုနှစ်) ရေးထိုးခဲ့သော ရွှေတိဂုံသမိုင်းကျောက်စာ၌
စုဝေးစေတီအကြောင်း စိုးစဉ်းမျှမပါရှိချေ။ အခြားသမိုင်း အဆိုတစ်ရပ်မှာ ကျိုက္ကစံဘုရားသမိုင်းတွင်ပါသည့် အာဘော်အရ ဤသို့ဖြစ်၏။ 'တတိယသင်္ဂါယနာတင်ပွဲကို ပါဋလိပုတ်ပြည်
၌ကျင်းပပြီးနောက် ဗုဒ္ဓသာသနာသည် သီဟိုဠ်ကျွန်းသို့ ရောက် ရှိလာ၏။ သာသနာသက္ကရာဇ် ၂၃၉ ခုနှစ်ခန့်တွင် ရဟန္တာ ၈ ပါးသည် သီဟိုဠ်ကျွန်းကို ရေတိုက်စားခြင်းဘေးမှ ကာကွယ်
နိုင်သော ပတ္တမြားကိုယူဆောင်ရန် သထုံမြို့သို့ ရောက်ရှိနေသည့်အတွက် သံလျင်မြို့သို့ သွားယူရလေသည်။ ရဟန္တာရှစ်ပါး သည် ထိုပတ္တမြားကိုရရှိသဖြင့် တုံ့ပြန်ကျေးဇူးပြုလို၍ သီဟိုဠ်
ကျွန်းမှ ဆောင်ယူခဲ့သော မြတ်စွာဘုရား၏ ဆံတော်နှင့် ဓာတ်တော်အချို့ကို သံလျင်မင်းဘောဂသေနအား ပေးလေ၏။ ထို့နောက် ထိုရဟန္တာရှစ်ပါး ကြည့်ကြပ်ဦးစီး၍ပင် ထိုဆံတော်
ဓာတ်တော်များကို စေတီတည်ကြ၏။ ရှေးဦးစွာ သိင်္ဂုတ္တရကုန်း၏ အရှေ့မြောက်ယွန်းတွင် ဆံတော် ၆ ဆူနှင့် ဓာတ်တော် အချို့ကိုဌာပနာ၍ ကျိုက္ကစံစေတီတည်၏။ ထို့နောက် ရွှေတိဂုံ
ဘုရား တောင်ဘက်အနီးတွင် ရဟန္တာသိမ်တော်ကြီးတစ်ခုနှင့် ယခုအခါ သိမ်ကြီးဈေးအနီးရှိ သိမ်တော်ကြီး တစ်ခုကို တည်ဆောက်ကြ၏။ ရွှေတိဂုံဘုရားအနီးရှိ သိမ်တော်ကြီးကို ဆောက်
နေဆဲကာလ၌ ရဟန္တာတစ်ပါး ပျံလွန်တော်မူသဖြင့် သံလျင်မင်းသည် စိတ်ငယ်အားလျော့ပြီးလျှင် ဆူးလေစေတီကို တည်ရန် ကိစ္စတွင် အသုတ်အမည်ရှိ မိမိ၏အမတ်ကြီးကို တာဝန်လွှဲ
တော်မူသည်။ အသုတ်အမတ်ကြီးဦးစီး၍ တည်ခြင်းကြောင့် စေတီ၏ ဘွဲ့မည်မှာ ကျိုက်အသုတ်ဟု တွင်သည်။ ထိုစေတီကိုပင် ယခုအခါ ဆူးလေစေတီဟုခေါ်ကြသည်။' ကျိုက်အသုတ်
ဟူသောအမည်ကို မွန်ဘုရင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၌ ဟံသာဝတီမင်း ဆင်ဖြူရှင်အမည်ခံ ဗညားဦးသည် ဒဂုံဆံတော် ရှင်သို့ ဖူးမြင်ပူဇော်ရန်လာသော် 'အသုတ်ဘုရားရှင် ပြာဋိတ်ပြ တော်မူ၏'ဟူ၍၎င်း၊ ဗညားနွဲ့သည် ခမည်းတော်ဗညားဦးကို ပုန်ကန်၍ ဒဂုံသို့ထွက် ပြေးခိုဝင်လာသော် 'ကျိုက်အသုတ် ဘုရားနှင့် ပါရမီဘုရားအကြားတွင် တိုင်ပင်ပွဲရုံး တည်ဆောက်၏။'ဟူ၍၎င်း တွေ့ရ၏။ ထို့နောက်တစ်ဖန် ဟံသာဝတီဘုရင်မ ရှင်စောပုသည် ဒဂုံစေတီတော်ကို ရွှေချပြီးနောက် ကျိုက်အသုတ်စေတီကိုလည်း ထပ်မံ ပြုပြင်ချဲ့ထွင်တော်မူခဲ့သည်ဟု တွေ့ရှိရပြန်သည်။ ကျိုက်အသုတ်စေတီ၏ တည်နေရာကို သမိုင်းအထောက်အထားများနှင့် ချိန်ထိုးကြည့်သောအခါ
ယခုဆူးလေ စေတီပင်လျှင်၊ ရှေးက ကျိုက်အသုတ်စေတီဖြစ်ခဲ့ ကြောင်းကို သိရသည်။ သို့ဖြစ်လေရာ ကျိုက်အသုတ်စေတီမှ အဘယ်ပုံအဘယ်နည်းဖြင့် ဆူးလေစေတီဟူသောအမည်သို့
ပြောင်းလဲလာသည်ကို ဆင်ခြင်ကောက် ယူရမည်ဖြစ်၏။ အချို့က ရွှေတိဂုံသမိုင်းတွင် ဆက်စပ်ဖော်ပြထားသည့် အတိုင်း စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာသည်ဟု ဆို၏။
စေတီတော်၏ တည်နေရာမှာ ထိုခေတ်က မွန်တို့ဒေသဖြစ်သဖြင့် မြန်မာအမည်ဖြင့် စတင်ခေါ်ဝေါ်ခဲ့မည်မဟုတ်ကြောင်း သိသာသည်။
အချို့က 'ဆူးလေ'ဟူသည်မှာ မွန်စကား 'စဲလေဟ်' (မြေး လည်းကောင်း) ဟူသောစကားမှ ဆင်းသက် လာသည် ဟူ၍၎င်း၊ 'ဇူလေ'ဟူသော မွန်စကား (နားနေရန်
၎င်း)မှ ကူးပြောင်းလာသည်ဟု၎င်း အဆိုရှိပြန်သည်။ ထိုစကား ၂ မျိုးလုံး ပင် လက်ခံနိုင်ဘွယ်မရှိချေ။ အချို့ကလည်း ကျိုက် အသုတ်စေတီတော်သည် ရှေးအခါက မင်းပြောင်းမင်းလွှဲ ခေတ် အမျိုးမျိုးနှင့် ကြုံခဲ့ရသဖြင့် ပြုပြင်ဂရုစိုက်မည့်သူမရှိဘဲ ဆူးလေပင်များ ဝန်းရံဖုံးကွယ်နေသည်ကို နောင်အခါတွင် မြန်မာတို့က ထိုဒေသကို ဆူးလေကုန်း၊ ထိုစေတီကို ဆူးလေစေတီဟု ခေါ် တွင်ကြောင်းနှင့် ယူဆကြ၏။ အချို့ကလည်း ပါဠိ စကား စူဠ(ငယ်သော)မှ ဆင်းသက်လာသည်။ ရွှေတိဂုံဘုရားထက်ငယ် သဖြင့် စူဠစေတီဟု မူလက ခေါ်ဝေါ်ခဲ့ဟန်ရှိသည်ဟု ထင်မြင် ကြ၏။ သို့သော် စူဠဟူသော ပါဠိမှာ ဆံတော်အနက်ကိုလည်း ရ၏။ မူလဘွဲ့တော် ကျိုက်အသုတ်တွင်လည်း အသုတ်ဟူသော
မွန်စကားသည် ဆံတော်ကိုပင်ဆို၏။ ထိုကြောင့် စူဠစေတီ (ဆံတော်စေတီ)မှ ဆူးလေစေတီဖြစ်လာသည်ဟု ကောက်ယူ နိုင်ပေသည်။
ဆူးလေဘုရား၏ ပုံသဏ္ဌာန်မှာ ရန်ကုန်မြို့ ဘုရားများ အနက်တစ်မူထူးခြားလှ၏ အောက်ခြေမှစ၍ ချယားသီးပိန္နဲ တိုင် သို့တိုင်အောင်ပင် ရှစ်မြှောင့်ထောင့်ချိုးများသာ ဖြစ်သည်။
ပန်းတင်ခုံ၏ အောက်ခြေသည် ရှေးကရှစ်မြှောင့်ပင်ဖြစ်ခဲ့ဟန် တူသော်လည်း၊ ယခုအခါ အဝိုင်းသဏ္ဌာန်ဖြစ်နေသည်။ ပန်းတင်ခုံ ရှစ်မြှောင့်တွင် တစ်မြှောင့်စီ၌ အရှည် ၂၄ ပေခန့်ရှိသည်။ ပန်းတင်ခုံရှစ်မြှောင့်တွင် တစ်မြှောင့်စီ၌ အရှည် ၂၄ ပေခန့် ရှိသည်။ စေတီတော်၏ ဉာဏ်တော်မှာ ပန်းတင်ခုံမှ စိန်ဖူးတော် သို့တိုင်အောင် ၁၄၄ ပေနှင့် ၉ လက်မခွဲ ရှိသည်။
ဆူးလေစေတီ၏ ရင်ပြင်တော်သည် စေတီအောက်ခြေရင်းမှ ရင်ပြင် အစွန်းပတ်လည်သို့ တိုင်အောင် ပေ ၂ဝ ခန့်ကျယ် သည်။ စေတီတော်၏ စိန်ဖူးတော်သစ်နှင့် ငှက်မြတ်နားတော်
တင်ပွဲကို ၁၃ဝ၉ ခုနှစ်တွင် ကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့ သည်။ ထိုအသစ်မွန်းမံထားသော စိန်ဖူးတော်နှင့် အလေးချိန် နှစ်ပိဿာ ၅ဝ ခန့်ရှိသော ရွှေအစစ်ငှက်မြတ်နားတို့တွင် စီချယ်
ထားသော စိန်ကျောက် နီလာ ပတ္တမြားစသည့် ရတနာကျောက်မျက် ရတနာများသည်ပင် ယခုခေတ်တန်ဘိုးနှင့် ၆ သိန်းကျော် ခန့် တန်သည်။ ရွှေဆည်းလည်း အဟောင်းအသစ် ၂၅၄ လုံး
မှာလည်း ခေတ်တန်ဖိုးနှင့် ၄ သောင်းကျော်တန်၏။ ၁၉၄၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စေတီတော်၏ကြေးစလောင်း နှင့် ၁၂ ပေအကွာမှစ၍ ကိုယ်လုံးပြည့် ရွှေပြားသင်္ကန်းကပ်လှူ
ခဲ့သည်၊ လျှပ်စစ်မီးချောင်း ရောင်စုံများမှာလည်း ညဉ့်အခါတွင် ရှုမငြီးဘွယ် ထိန်ထိန်ဝင်းနေလေ့ရှိသည်။ စေတီတော်ရှိ ရှေးက သစ်သားဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အအုံများကို ယခုအခါ အုတ်ဖြင့် ဆောက်လုပ်ထားသည်။ မုခ်ဦးတန်ဆောင်းများ လည်း လေးမျက်နှာလုံးတွင် ရှိ၏။ ယင်ပြင်ပတ်လည်တွင် ရှေးက သံတံတိုင်းများ ထားရှိခဲ့သော်လည်း၊ ယခုအခါ အုတ် ဖြင့် ဆိုင်ခန်းများ ဆောက်လုပ်ထားရှိလေသည်။ ဆူးလေစေတီ၏ ယင်ပြင်တွင် ကျောက်ပြားများ ခင်းထားသည်။ ဆူးလေဘုရားတွင် အသစ်စိုက်ထူထားရှိသော ဘုရားသမိုင်းကျောက်စာတိုင်တစ်ခုရှိ၏။ ယင်းမှာ ရွှေတိဂုံစေတီသမိုင်းနှင့် ဆက်စပ်နေ သော စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာ ပုံကိုသာ ရေးထိုး ထား၏။
ဆူးလေဘုရားတွင် ထင်ရှားသော မဟာဗောဓိနှင့် ဆူးလေနတ်ကြီးရုပ်တုတို့ရှိ၏။ ဆူးလေနတ်ကြီးမှာ စင်စစ်သော်ကား စေတီတော်စောင့်နတ်မျှသာ ဖြစ်၏။ အချို့ကမူ ရွှေတိဂုံစေတီကို
တည်ရန် မြေနေရာရှာစဉ်က ဆူးလေနတ်ကြီးအပါအဝင် နတ်ကြီးလေးပါးက ညွှန်ပြခဲ့သည်ဟူသော အကြောင်းနှင့်ဆက်စပ်၍ ထိုစဉ်က ဆူးလေနတ်ကြီးကို ယခုထုလုပ်ထားရှိသော ဆူးလေ နတ်ကြီးအမှတ်နှင့် ရောနှောယုံကြည်နေကြသည်။ သမိုင်း အစောင်စောင်တွင် ထိုနတ်ကြီးလေးပါး၏ အမည်ကိုဖေါ်ပြကြရာ တစ်ခုနှင့် တစ်ခုမညီညွှတ်ကြချေ။ မွန်သမိုင်းများတွင်လည်း ဆူးလေနတ်ကြီးအကြောင်းကို လုံးဝမတွေ့ရချေ။ မည်သို့ ပင်ဖြစ်စေကာမူ ဆူးလေနတ်ကြီးသည် လောကီရေးများတွင် စောင်မကူညီနိုင်သည်ဟု အယူရှိကာ အထူးပူဇော်ပသ နေကြသည်။ စစ်မဖြစ်မီခေတ်က 'ပဲခူးမယ်ကြော့ကိုရယင်၊ ပုဆိုးနှစ်ထည်နဲ့ ကန်တော့ပါ့မယ်၊ အောင်မယ်မင်း ဆူးလေ နတ်ကြီးရဲ့ မတော်မူလိုက်ပါ'ဟူသော တေးတစ်ပုဒ်ပင်လျှင် ခေတ် စားခဲ့ဘူးသည်။ ဆူးလေနတ်ကြီး၏ ရုပ်တုမှာ နှုတ်ခမ်းမွေးနှင့် အဘိုးအိုအရွယ် လူစင်စစ်ကဲ့သို့ပင် ထုလုပ်ထားသည်။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးသည့်နောက်တွင် ဆူးလေနတ်ကြီးရုပ်တုသည် ယခုကဲ့သို့ ရင်ပြင်တော်ပေါ်၌ မရှိသေးချေ။ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်း၏ အနောက်
မြောက်ထောင့် ယခုဗလီကြီး ရှိရာနေရာ၌ နေရသည်ဟု မှော်ဘီဆရာသိန်း၏ ရန်ကုန်မြို့ဟောင်း ဆောင်းပါးတွင် ဖော်ပြထား၏။ ၁၉၁ဝ ခုနှစ်တွင်ကား နတ်ရုပ်တု ရှိနေသေးသည်ဟုလည်း သိရ၏။ ထို့နောက်ပိုင်းတွင်မှ ဆူးလေရင်ပြင်ပေါ်သို့ ရောက်ရှိ လာ၍၊ ထင်ရှားလာသည်ဟု ယူဆရပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
== ကိုးကား ==
|