သောမတ်စ် ဂျက်ဖာဆင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - ilo:Thomas Jefferson
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - xmf:თომას ჯეფერსონი; cosmetic changes
စာကြောင်း ၄၇ -
 
== ဘဝအစ ==
[[ဗာဂျီးနီးယားပြည်နယ်]]၊ အဲလဗီမားခရိုင် ရှတ်ဝဲလ်တွင် ၁၇၄၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်မှာ အောင်မြင်ကျော်ကြားသည့် မြေတိုင်းဆရာ၊ စိုက်ပျိုးရေးသမား မြို့ပြအင်ဂျင် နီယာ ပီတာဂျက်ဖာဆန်ဖြစ်သည်။ ပီတာဂျက်ဖာဆန်သည်
အနောက်ဘက် နယ်စပ်ဒေသတွင် ယာမြေပေါင်း မြောက်မြား စွာပိုင်သူဖြစ်ရာ သားဖြစ်သူ သောမတ်စ်သည် ငယ်စဉ်ကပင်
ကျေးလက် တောရွာလုပ်ငန်းများနှင့် လက်ပွန်းတတီး ဗဟုသုတ ရခဲ့လေသည်။ ၎င်းကွယ်လွန်လျှင် ဂျက်ဖာဆင်အတွက် ကြီးမားသည့် အမွေပမာဏကို ချန်ပေးထားခဲ့သည်။
စာကြောင်း ၆၂ -
ဂျက်ဖာဆန်သည် ဗာဂျင်းနီးယား ဥပဒေပြု အောက်လွှတ် တော်သို့ ၁၇၆၉ ခုနှစ်တွင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေး ကောက် တင်မြောက်ခြင်းခံရသည်။
 
၁၇၇၄ တွင် ထုတ်ဝေသော '''ဗြိတိသျှကိုလိုနီ အမေရိကရှိ လူတို့၏ရပိုင်ခွင့်'''မှာ ဂျက်ဖာဆင်၏ ပထမဆုံးဆောင်းပါး ဖြစ်သကဲ့သို့ အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ ထိုဆောင်းပါး လက်ရာကြောင့် နောက်တစ်နှစ်တွင် ကျင်းပသည့် ဒုတိယအကြိမ် ကွန်တီနယ်တယ် ကွန်ဂရတ်တက်ရောက်ရန် ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ ၁၇၇၆ တွင် ဗြိတိသျှအစိုးရ တော်လှန် ပြီးနောက် လွတ်လပ်ရေး ကြေငြာစာတမ်း ရေးဆွဲရာတွင် ဦးဆောင်ပါဝင်သည်။ သို့သော် အမှန်တွင် ဂျက်ဖာဆင်အား ကော်မတီတစ်ခုလုံးက တစ်ဦးတည်းရေးရန် လွှဲအပ်သည်။ အမေရိကန် လွတ်လပ်ရေး ကြေငြာစာတမ်းကြီးကို စီကုံး ရေးသားရာတွင် ထူးချွန်စွာ ဆောင်ရွက်စီမံနိုင်မှုကြောင့် ကျော်ကြားလာခဲ့လေသည်။ သောမတ်စ်ဂျက်ဖာဆန်သည် ပြည်သူ တို့၏အကျိုးကို လိုလားသော စိတ်ဓာတ်ခံရှိသူဖြစ်သောကြောင့် ဒီမိုကရေစီဝါဒကို နှစ်ခြိုက်၏။ ဉာဏ်ပညာ ထက်သန်ခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း၊ ကြောက်ရွံ့မှု ကင်းမဲ့ခြင်း စသည်တို့ကြောင့် သူ့ကိုလူထုက များစွာ ကိုးစားကြလေသည်။
 
လွတ်လပ်ရေးရပြီးနောက် ဗာဂျီးနီးယားပြည်နယ် ဘုရင်ခံအဖြစ် ၁၇၇၉ မှ ၁၇၈၁ အထိ တာဝန်ထမ်းဆောင်သည်။ ထိုနောက် နိုင်ငံရေးလောကမှ ခေတ္တခဏ အနားယူပြီး '''ဗာဂျီးနီးယားပြည်နယ်မှတ်စု''' အမည်ရှိ ကျမ်းတစ်စောင်ကို ပြုစုရေးသားခဲ့သည်။ ထိုကျမ်းပါ အရေးကြီးသည့် အချက်တစ်ချက်မှာ ကျွန်စနစ်ကို မနှစ်မြို့ကြောင်း ထင်ထင်ရှားရှား ဖေါ်ပြထားခြင်းဖြစ်သည်။ ၁၇၈၂ တွင် ဇနီးသည် ကွယ်လွန်ပြီးနောက် နိုင်ငံရေးလောကသို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ဂျက်ဖာဆင်မှာ ၃၉ နှစ် အရွယ်သာ ရှိသေးသော်လည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ပေ။
စာကြောင်း ၁၀၄ -
အထက်ပါ အချက်များကို ကြည့်လျှင် ထောမတ်စ် ဂျက်ဖာဆင်သည် အလွန်ပင် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိပြီး၊ ခေတ်ရှေ့ပြေးသူလည်း ဖြစ်ကြောင်း သိနိုင်သည်။
 
== အနားယူပြီး ဘဝ ==
 
သမ္မတအဖြစ်မှ အနားယူပြီးသည့် အခါတွင် သူ၏ နေရပ်ဖြစ်သော ရှားလော့စဗီး၌ ဗာဂျင်း နီးယားတက္ကသိုလ်ကျောင်းကြီးတစ်ကျောင်း တည်ဆောင်ရန် လုံးပန်း ဆောင်ရွက်လေသည်။ တက္ကသိုလ်၏ အဆောက်အအုံ ကြီးများကို သူကိုယ်တိုင် စနစ်ပုံရေးဆွဲ၍ တည်ဆောက်ရာတွင်ကြပ်မတ် ကြည့်ရှုခဲ့လေသည်။ တောမတ်ဂျက်ဖာဆန်၏ အမည် သည် အမေရိကန်နိုင်ငံရေးလောကတွင်သာမဟုတ် ဗိသုကာ လောကတွင်လည်း ဥဒါန်းတွင်ရစ်ပေသည်။ ဂျက်ဖာဆန်သည် ပထဝီဝင်၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ပါဏဗေဒတို့ကိုလည်း ဝါသနာ အလျောက် လိုက်စားခဲ့သည်။ လယ်ယာစိုက်ပျိုးခြင်း၊ သစ်ပင် စိုက်ခြင်းတို့အပြင် ဆေးပညာ၊ ခွဲစိတ်ကုသခြင်းပညာနှင့် သင်္ချာ ဘာသာရပ်များတွင်လည်း အထူးပင် ဝါသနာထုံသူ ဖြစ်၏။ ထိုမျှသာမကသေး အယူဝါဒဆိုင်ရာဖက်တွင်လည်း မလစ်ဟင်း ခဲ့ချေ။ စာပေနှင့် ဝေါဟာရများကိုလည်း ဂရုစိုက်သည်။ အမေရိကန် ယထာဘူတပညာ အသင်းကြီးတွင် ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့လေသည်။
 
== မိသားစုဘဝနှင့် ဘဝနိဂုံး ==
စာကြောင်း ၁၄၀ -
<references/>
{{အမေရိကန် သမ္မတများ}}
 
 
 
 
 
[[Category:အမေရိကန် သမ္မတများ]]
Line ၂၄၈ ⟶ ၂၄၄:
[[vi:Thomas Jefferson]]
[[war:Thomas Jefferson]]
[[xmf:თომას ჯეფერსონი]]
[[yi:טאמעס זשעפערסאן]]
[[yo:Thomas Jefferson]]