ရုရှားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - map-bms:Rusia
စာကြောင်း ၁၁၁ -
 
 
ရုရှားနိုင်ငံ၏ လူဦးရေသည် ၁၄၉.၉ သန်းခန့်ရှိသည်။ အများစုသည် မြို့ပေါ်တွင် နေသည်ကိုတွေ့ရသည်။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးနောက် ရုရှားနိုင်ငံ၏ လူဦးရေ ၅ သန်းလျော့သွားလေသည်။ ယခုအချိန်တွင် လူဦးရေတိုးတက်မှုနှုန်းမှာ သုံညနားသုညနား နီးနီးပင်ဖြစ်သည်။ ၂၀၀၈ ခုနှစ်၌ လူဦးရေသည် ၀.၀၈၅ % အထိသာ ရှိသာ ရှိတော့သည်။
ရှရှားနိုင်ငံ၏ အကျယ်အဝန်းမှာ သန်းပေါင်း ၁၇ စတုရန်းကီလိုမီတာရှိသည်။ မိုင်အားဖြင့် သန်းပေါင်း ၆.၅ စတုရန်မိုင် ရှိသည်။ ဤသည်မှာ ကမ္ဘာ့ဧရိယာ အကြီးဆုံး နိုင်ငံတစ်ခုဖြစ်အောင် ပြုလုပ်လိုက်သော မြေဧရိယာပင်ဖြစ်တော့သည်။ လူဦးရေ ထူထပ်မှုမှာတော့ ၁ စတုရန်းကီလိုမီတာကို ၉ ယောက်နှုန်းခန့်ဖြင့် နေထိုင်သည်ဟု သိရသည်။ မိုင်အားဖြင့် ဆိုလျှင် ၁ မိုင် ၂၂ ယောက်နှုန်းခန့်ဖြစ်သည်။ ဤပမာဏသည် ကမ္ဘာပေါ်တွင် လူနေအကျဲဆုံး ပမာဏပင်ဖြစ်တော့သည်။ အရှေ့ဥရောပပေါ်ရှိ နေရာ၊ မော်စကိုမြို့ ပတ်ဝန်းကျင်၊ စိန့် ပီတာစဘတ်မြို့တို့အနီး တွင်မူ လူဦးရေ ပိုမိုထူထပ်သည်။