ကချင်ပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၃ -
နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ကချင်ခေါင်းဆောင်များမှ “ခင်ဗျားတို့ ဗမာတွေက၊ နေရာတိုင်းမှာ အရင်တတ်ကျွမ်းနားလည်တဲ့အတွက်၊ ငါတို့က ဘာမှမသိသေးတဲ့ ဂျိမ်းဖော့ (ကချင်)တွေ ညီအစ်ကိုရင်းပမာ ပံ့ပိုးပေးကြပါ။” ဟု ဆိုကာ ကချင်ခေါင်းပေါင်း ပေါင်း၊ ကချင်လွယ်အိတ်နဲ့ ဓါးလွယ် လွယ်ပေးကာ၊ ကချင်အမျိုးသမီး ၆ဦးဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြသည်။
 
အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ပြည်ထောင်စု ပုံစံဖြင့် လုံး၀လွတ်လပ်ရေးပေးရန်လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၁၉၄၇ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။
 
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ စည်းဝေးလုပ်ရန်အတွက် နေရပ်ဌာနေ အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ဖိတ်ကြားလိုက်သည်။
 
၁၉၄၇ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစေု၀းကာခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေးချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈)ဦးနှင့် ဗန်းမော်မှ ခေါင်းဆောင် (၄)ဦးသွားရောက်ခဲ့သည်။
 
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၉ရက် နံနက် ၁၁း၀၀နာရီ၁၁နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြားဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များများအားလုံး ပင်လုံညီလာခံ စတင်လာခဲ့သည်။
 
ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်းဒေသများ အတွက် နယ်တွင်း အုုပ်ချုပ်ရေးတွင်အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း၊ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။
 
အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း “မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ‘ကချင်ပြည်နယ်’ ဟုခေါ်ဆိုရမည်။” ဟု ရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။
 
ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့လောင်ဂျီတွဒ် ၉၆ ံနှင့် ၉၈ ံ ၄၇’ ကြား၊ မြောက်လတ်တီတွဒ် ၂၃ ံ ၃၇’ နှင့် ၂၈ ံ ၃၂’ ကြားရှိပြီး ဧရိယာ စတုရန်း ၃၃၉၀၃ ခန့် ရှိသည်။ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ်ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သည်။
 
== လူမျိုး ==
ကချင်တိုင်းရင်းသားတို့သည် တိဘက်မြန်မာ အုပ်စုဝင်များ ဖြစ်သည်။ ဂျိန်းဖော့၊ အဇီး(ဇိုင်ဝါး)၊ လရှီး(လာချန်)၊ လီဆူး၊ ရဝမ် နှင့် မရူ(လော်ပေါ်) မျိုးနွယ် ၆ မျိုးကို စုပေါင်း၍ ကချင်ဟုခေါ်သည်။ ကချင်ပြည်နယ်တွင် ရှမ်းကြီး၊ ရှမ်းတရုတ်၊ ရှမ်းမြန်မာ၊ ဂဒူး စသောမျိုးနွယ်(၄)မျိုးပါဝင်သော ရှမ်းများနှင့် ချင်း၊ ပလောင်၊ နာဂ၊ ဂေါ်ရခါးတို့ပါ နေထိုင်ကြသည်။