ရဝမ်လူမျိုး: တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၁၀ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
(Undo revision 108378 by Researcher (talk))
အရေးမကြီးNo edit summary
 
ရဝမ်လူမျိုးတို့ကို ကချင်နှင့် ရှမ်းတို့က [[နုံလူမျိုး]]၊ သို့မဟုတ် ခနုံဟူ၍ ခေါ်လေသည်။ ရဝမ်ဟူသည်မှာ ဖြူစင်သော အဝတ်ကို ဝတ်သည့် လူမျိုးဟူ၍ အဓိပ္ပါယ် ရသည်။ [[မရူလူမျိုး]]တို့က ယင်းတို့ကို နိုင်ဗောင်းဟု
ခေါ်၏။ တရုတ်တို့ကမူ ကျူးဇီဟု ခေါ်လေသည်။ ကျူးဇီမှာ ဧရာဝတီမြစ်ကမ်း၌ နေသူများဟု အနက်ရ၏။ ရဝမ်လူမျိုးတို့သည် ကိုယ်ကာယ ကြီးထွားတုတ်ခိုင်၍၊ အသားလတ်၏။ မေးရိုးကြီး၏။ နှာတံပေါ်၏။ ယောကျ်ားရောမိန်းမပါယောက်ျားရောမိန်းမပါ အဝတ်ဖြူဝတ်ကြသည်။ နုံလူမျိုးအကြီးအကဲများသည် ကြိမ်ဖြင့် ရက်၍၊ ဝက်စွယ်ဖြင့် တန်ဆာဆင်ထားသော ဦးထုပ်များကို ဆောင်းလေ့ရှိ၏။ လှံရှည်ကြီးများနှင့် ဓားလွယ်များကို ကိုင်ဆောင်ကြသည်။
 
နုံလူမျိုးများသည် အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိအောင် ဝိရိယကောင်း၏။ဝီရိယကောင်း၏။ တောင်ယာခုတ်၊ စပါးထောင်း၊ ရက်ကန်းရက်နှင့် တစ်နေကုန် အလုပ်လုပ်လေ့ရှိသည်။ အဝတ်အစားအတွက် အဇီးအီးခေါ် ဂုံလျှော်ပင်တစ်မျိုးမှ ခြည်မျှင်ထုတ်၍ချည်မျှင်ထုတ်၍ ရက်လုပ်ယူကြ၏။ စားသုံးရန်အတွက် တောင်ယာတွင် စပါးစိုက်ပျိုးရုံ သာမက၊ တောင်စောင်းတွင် လှေကားထစ်သဖွယ် အဆင့်ဆင့် မြေကို ထွင်၍၊ အာလူး၊ မြေပဲ၊ မုန်ညင်း၊
နှမ်းစသည်တို့ကို စိုက်ပျိုးလေ့ရှိကြသည်။ ရှေးအခါက နုံလူမျိုးတို့သည် သံလွင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြ၏။ မူလကပင် ထိုဒေသ၌ အိုးအိမ်အခြေစိုက်၍၊ အတည်အမြဲ နေထိုင်ရန် ရည်သန်ရင်း ရှိဟန်တူသည်။ သို့ရာတွင် [[လီဆူးလူမျိုး]]တို့ကြောင့် တဖြည်းဖြည်း အနောက်ဘက်သို့ ရွှေ့လာရာမှ၊ ယခုနေထိုင်သော နေရာတို့ကို ရောက်ရှိ လာခြင်းဖြစ်သည်ဟု ယူဆရန် ရှိလေသည်။ ယခုအခါ၌မူ လီဆူးတို့
နှင့်ပင် ရောနှောနေထိုင်လျက်ရှိလေသည်။ အောက်ပိုင်းနမ့် တမိုင်၊ မတ်ဝမ်နှင့် အကျန်မြစ်ဝှမ်းတို့၌ နုံလူမျိုးနှင့် လီဆူးတို့၏ ရွာပေါင်း ၁၇၅ ရွာခန့်ရှိ၍၊ ရဝမ် အိမ်ခြေပေါင်း ၂ဝဝဝ ခန့်နှင့် လီဆူး အိမ်ခြေပေါင်း ၆ဝဝ ခန့်ရှိလေသည်။ စုစုပေါင်း လူဦးရေမှာ ၁၅ဝဝဝ ခန့်ဟု ခန့်မှန်းရသည်။
၂၄၃၈

တည်းဖြတ်မှုများ