ဆိုရှယ်လစ်ဝါဒ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.3) (ရိုဘော့က တည်းဖြတ်နေသည် - fa:سوسیالیسم
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - fy:Sosjalisme; cosmetic changes
စာကြောင်း ၉ -
 
 
== ဆိုရှယ်လစ်ဝါဒ ==
ဤလူ့ဘောင်အဖွဲ့အစည်း၌ လူတို့အချင်းချင်း ပေါင်းသင်း
ဆက်ဆံနေထိုင်ရေးတို့တွင် မကောင်းမှုများ ဖြစ်ပေါ်လျက်ရှိကြ
စာကြောင်း ၈၄ -
 
 
== ဆိုရှယ်လစ်ဝါဒအယူအဆ ==
ယေဘုယျအားဖြင့် ဆိုရှယ်လစ်ဝါဒသည် အချက်နှစ်ခုပေါ်တွင် အခြေစိုက်သော စီးပွားရေးဝါဒ။
 
စာကြောင်း ၉၁ -
(ခ) ထိုလူ့ဘောင်၏ အဖွဲ့ဝင်တို့သည် မိမိတို့ ဘုံပစ္စည်းဖြစ်သော ထိုကုန်ထုတ်ကရိယာ အရင်းအနှီးများကို စနစ်တကျ စီမံကိန်းချ၍ စုပေါင်းဆောင်ရွက်အပ်သော လုပ်အားတို့ဖြင့် အလုပ်လုပ်ခြင်း။<ref>http://mmfreethinker.wordpress.com/2010/02/17/socialism-1/</ref>
 
== ရှေ့ပြေး ဆိုရှယ်လစ်များ ==
=== ဆီမွန် (Claude Henri Simon 176-1825) ပြင်သစ် ===
ဝါဒလိုရင်းအနှစ်ချုပ် - အရင်းရှင်နှင့် ကာယ၊ ဉာဏ အလုပ်သမားများ၊ ဘောဂဗေဒပညာရှင်များ၊ အတတ်ပညာသည်များ ငြိမ်းချမ်းစွာ စုပေါင်း၍ စီမံကိန်းစနစ်ဖြင့် အများအကျိုးကို ဆောင်ရွက်သော ရွှေပြည်တော် တည်ဆောက်ရေး။
 
=== ရှားလ် ဖူရီယေ (Charles Fourier 1772-1837) ပြင်သစ် ===
 
ဝါဒလိုရင်းအနှစ်ချုပ် - စီးပွားရေးကို အခြေခံသော ဘုံလူ့အဖွဲ့အစည်းကြီးကို ဖွဲ့စည်းရမည်။ မိသားစုများ စုပေါင်းပါဝင်သော ထိုအဖွဲ့အစည်းတွင် လူတိုင်းသည် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးအတွက် လုပ်ငန်းများတွင် ကိုယ်တတ်ကျွမ်ရာကို မခိုမကပ်ဘဲ စုပေါင်းလုပ်ကိုင် ကြရမည်။ ဤပစ္စည်းများကို မှန်ကန်စွာ ဖြန့်ဝေရမည်။ မိသားစုများကို အဆောက်အဦကြီးများတွင် မိသားစုပိုင် အခန်းများနှင့် ထားမည်။ မိသားစုသည် ယင်းတို့ပိုင်အခန်းတွင် မနေချင်ပါက အများနှင့် ရောနှော၍ ဘုံစားသောက်ခန်းတွင် စားသောက်၍ ဘုံခန်းတွင် အိပ်နိုင်သည်။ ထိုအခန်းများတွင် လိုအပ်သောလူ့အသုံးအဆောင်ပစ္စည်းများ ထားပေးမည်။ ကလေးများကို ဘုံစနစ်နှင့် ထိမ်းမည်။ အရွယ်ရောက်ပါက ကြိုက်နှစ်သက်ရာ လက်မှုပညာ သင်စေမည်။ ဤဘုံလူ့အဖွဲ့အစည်းအတွက် လိုအပ်သော ကုန်ကျစရိတ်များကို အစိုးရက မဟုတ်ဘဲ အဖွဲ့အစည်းဝင်များကသာ စေတနာအလျောက် စုပေါင်းထည့်ဝင်ရမည်။
စာကြောင်း ၁၀၁ -
သူ၏ ဤဘုံအဖွဲ့အစည်းကို ဖားလော်န်းစတဲရ် (Phalanesteres) ဟု ခေါ်သည်။
 
=== အေတီယင် ကာဘေး (Étienne Cabet 1788-1865) ပြင်သစ် ===
ဝါဒလိုရင်းအနှစ်ချုပ် - ဘုံဝါဒဆန်သော လူ့အဖွဲ့အစည်းတခုကို တည်ထောင်ရေးနှင့် ထိုလူ့အဖွဲ့အစည်းနှင့် ပတ်သက်သော အဓိက သော့ချက်လုပ်ငန်းဟူသမျှကို နိုင်ငံတော်ကသာလျှင် ချုပ်ကိုင် စီမံရေး။ အစိုးရအမှုထမ်းတို့ကို အများဆန္ဒအရ တင်မြှောက်/ဖြုတ်ချရမည်။ ပုဂ္ဂလိက ပိုင်ဆိုင်မှု မရှိစေရ။ စိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ဆောင်၊ အဖွဲ့ဝင်များထဲက စက်မှုလက်မှု လုပ်ငန်းကို လုပ်လိုက လုပ်။
 
စာကြောင်း ၁၀၈ -
သို့သော် သူ့နောက်လိုက်များက အီတလီနှင့် ပြင်သစ်တွင် မြေအောက် အကြမ်းဖက်မှုများ အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။
 
=== စစ်စမွန်ဒီ (Sismondi 1773-1842) ပြင်သစ် ===
ဝါဒလိုရင်းအနှစ်ချုပ် - လက်မှု အရင်းရှင်များ၊ လက်မှုပညာသည်နှင့် အလုပ်သမားများ၊ တောင်သူလယ်သမားများကို လက်မှုနှင့် မြေယာ ကုန်ထုတ် အရင်းအနှီးများနှင့် စနစ်တကျ ပေါင်းစပ်၍ လိုအပ်သော လူသုံးကုန်ပစ္စည်းများကိုလည်း စီမံကိန်းဖြင့် စနစ်တကျ တိုင်းထွာ တွက်ချက်ထုတ်လုပ်ပြီး လူတန်းစားအသီးသီးတို့ စပ်ကြားတွင် သမာသမတ် ခွဲဝေ စားသုံးစေသော လူမှုဆက်ဆံရေး နယ်ပယ်တစ်ရပ်ကို ထူထောင်ရေး။
 
=== ရောဘတ်အိုဝင် (Robert Owen 1771-1858) ဗြိတိသျှ ===
ဝါဒလိုရင်းအနှစ်ချုပ် - အလုပ်သမား သမဂ္ဂများ၊ သမဝါယမ အဖွဲ့များကို အင်အားစုကြီး တရပ်အဖြစ် ပေါင်းစပ်ပြီး စက်မှုလုပ်ငန်းရပ်များကို သမဝါယမဆန်သော ဆိုရှယ်လစ်နည်းဖြင့် စုပေါင်းလုပ်ကိုင် စားသုံးရေးကို အခြေခံဆောင်ရွက်ရန်။ ထိုမှ တစတစနှင့် တတိုင်းပြည်လုံးကို ဘုံ လူ့အဖွဲ့အစည်းအဖြစ် သို့ အဆင့်ဆင့် ပြောင်းလဲ တိုးတက်သွားစေရန်။
 
သို့သော် အခြားအရှင်းရှင်တို့၏ ဝိုင်းဝန်းပိတ်ဆို့မှု၊ အာဏာပိုင်တို့၏ နှိပ်ကွပ်မှု၊ နောက်လိုက်များ၏ သဘောကွဲလွဲမှုများကြောင့် စီမံဆောင်ရွက်မှုများ ပျက်ပြားခဲ့သည်။
 
=== ပရိုဒွန် (Joseph Proudhon 1809-1865) ပြင်သစ် ===
ဝါဒလိုရင်းအနှစ်ချုပ် - ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှု (စက်ရုံအလုပ်ရုံနှင့် လယ်မြေများအပါအဝင်) နှင့် ကုန်ပစ္စည်းထုတ်လုပ်မှုကို ဆန့်ကျင်သည်။ ကုန်ထုတ်အရင်းနှီးမှန်သမျှ အများပိုင်ပြုရမည်ဟု မဆိုလို။ ကြီးကျယ်သော ကုန်ထုတ်လုပ်ငန်းများကို လယ်သမား အငယ်စားများ၊ အသေးစား လက်မှုပညာသည်များ ပါဝင်သော ကုန်ထုတ်အဖွဲ့များလက်သို့ လွှဲအပ်၍ ယင်းတို့က ဆက်လက် လုပ်ကိုင်သွားစေရန်။
 
=== လူးဝစ် ဘလန့် (Louis Blanc 1813-1882) စပိန် ===
ဝါဒလိုရင်းအနှစ်ချုပ် - အစိုးရက ဦးစီးသော အများပိုင် စက်ရုံ၊ အလုပ်ရုံများကို အလုပ်သမားများက စုပေါင်း လုပ်ကိုင်ရေး။ အစိုးရက အလုပ်သမားအစည်းအရုံးများကို အရင်းရှင်များနှင့် အပြိုင်အဆိုင် ကုန်ထုတ်လုပ်ငန်း လုပ်နိုင်ရန် ကူညီမတည်ပေရေးကို လိုလားသည်။ အစိုးရက အလုပ်ရုံ၊ စက်ရုံများ တည်ထောင်ပေးရန်နှင့် အလုပ်သမားများက စုပေါင်းလုပ်ကိုင်ရန်။<ref>http://mmfreethinker.wordpress.com/2010/02/18/socialism-2/</ref>
 
== မာ့က်စ် ရှေ့ပြေးများ ==
=== ဝီလျံ သွန်ပဆင် (William Thompsom 1785-1833) ===
ဝါဒလိုရင်းအနှစ်ချုပ် - ကုန်ပစ္စည်းဖြစ်ရေးအတွက် အလုပ်သမားက ပေးရသော လုပ်အားကို အထူးဖော်ပြသည်။ လုပ်အားသည်သာ တန်ဖိုး၏ ရေသောက်မြစ်။ အလုပ်သမားများ၏ လုပ်အားကြောင်း ပေါ်ထွက်လာသည့် အစွန်းထွက် တန်ဖိုးကို အရင်းရှင်တို့က ဝါးမြိုလိုက်ခြင်းကို ကန့်ကွက်သည်။
 
=== ဂျွန်ဂရေး (John Gray 1799-1850) ===
ဝါဒလိုရင်းအနှစ်ချုပ် - ကုန်ထုတ်လုပ်မှုလုပ်ငန်းကို လူအများက ဝိုင်းဝန်းလုပ်ဆောင်၍သာရသည်ဟု ယုံကြည်သည်။ အလုပ်သမား သမဂ္ဂများသည် လုပ်ခပိုရရေး၊ လူမှုရေး အခြေအနေတိုးတက်ရေးတို့အတွက် အရင်းရှင်စနစ်၏ ဘောင်အတွင်းမှနေ၍ တောင်းဆိုတိုက်ပွဲဝင်နေရရုံမျှနှင့် ပြီးမြောက်မည်မဟုတ်၊ ကိုယ်တိုင် လုပ်ကိုင်မှသာ အကျိုးခံစားရမည်ဟု ယုံကြည်သည်။
 
== ဆိုရှယ်လစ် ၅ မျိုး ==
ကွန်မြူနစ်ဝါဒ (Communism)
 
စာကြောင်း ၁၄၂ -
အကျဉ်းချုံး၍ ထပ်ခွဲလျှင် -
 
=== အစိုးရဦးစီးသော ဆိုရှယ်လစ်စနစ် ===
(၁) ဆိုရှယ်ဒီမိုကရက်ဝါဒ၊ (၂) ကွန်မြူနစ်ဝါဒ
 
=== အစိုးရဦးစီးမှု မပါသော ဆိုရှယ်လစ်စနစ် ===
(၁) အစိုးရမဲ့ဝါဒ၊ (၂) အလုပ်သမား သမဂ္ဂဝါဒ၊ (၃) သမဝါယမ ဆိုရှယ်လစ်ဝါဒ။
 
== မာ့က်စ်ဝါဒ၏ ရေသောက်မြစ်သုံးရပ် ==
ကွန်မြူနစ်ဝါဒကို မာ့က်စ်ဝါဒဟုလည်းခေါ်သည်။ ကားလ်မာ့က်စ် (Karl Marx 1818-1883)။ မာ့က်စ်ဝါဒ၏ ရေသောက်မြစ်သုံးရပ်မှာ (၁) ဂျာမန်ဖီလိုဆိုဖီ၊ (၂) အင်္ဂလိပ် နိုင်ငံရေးဘောဂဗေဒ၊ (၃) ပြင်သစ်တို့၏ ဆိုရှယ်လစ်အယူအဆ။
 
=== ဂျာမန်ဖီလိုဆိုဖီ ===
ဟေဂယ်လ် (Friedrich Hegel) နှင့် ဖွိုင်ယဲရ်ဘာ့ဟ် (Ludwing Feuerbach) တို့၏ အတွေးအခေါ်ကို ယူသည်။ မာ့က်စ်က ဟေဂယ်လ်၏ ဒွန္ဒသဘောတရား (Dialectica) ကို ခံယူသည်။ အထူးသဖြင့် ဆန့်ကျင်မှုဖြစ်ပွား၍ ပြောင်းလဲ တိုးတက်သည် (The Concept of Contradiction) ဟူသော အယူအဆကို ခံယူသည်။ သို့သော် ဝိညာဉ်တော်ဝါဒ (Absolute World-spirit) ကို စွန့်ပယ်သည်။ ဖွိုင်းယဲဘာ့ဟ်ထံမှ ရုပ်ဝါဒ (Materialism) နှင့် ပတ်သက်သော အယူအဆကို မာ့က်စ်က ခံယူသည်။ သို့သော် သမိုင်းအမြင်ကိုမူ ပယ်သည်။
 
=== အင်္ဂလိပ်ရေသောက်မြစ် ===
အဒမ်စမစ် (Adamsmith 1723-1790) နှင့် ဒေးဗစ်ရီကာဒို (Davidrecardo 1772-1823)။ မာ့က်စ်က စမစ်နှင့် ရီကာဒိုတို့၏ အလုပ်နှင့် တန်ဖိုးသဘောတရားကို လေ့လာပြီးနောက် အရင်းရှင်စနစ်၏ အစွန်းထွက်တန်ဖိုးသဘောတရားကို ရှာဖွေနိုင်ခဲ့သည်။ သို့သော် စမစ်နှင့် ရီကာဒိုတို့၏ သမိုင်းအမြင်ကို ဆန့်ကျင်သည်။
 
=== ပြင်သစ်ရေသောက်မြစ် ===
စိန့်ဆီမွန် (Claude Henri Simon 176-1825) နှင့် ရှားလ်ဖူရီယေ (Charles Fourier 1772-1837)။ ထိုနှစ်ဦး၏ အယူအဆများအနက် ဆိုရှစ်လစ် (ဝါ) ကွန်မြူနစ်အယူအဆများထဲမှ ဆိုရှယ်လစ်အတွေးအခေါ်နှင့် အစီအမံများကို ခံယူခဲ့သည်။<ref>http://mmfreethinker.wordpress.com/2010/02/20/socialism-3/</ref>
== ကိုးကား ==
<references/>
 
စာကြောင်း ၁၉၇ -
[[fo:Sosialisma]]
[[fr:Socialisme]]
[[fy:Sosjalisme]]
[[ga:An sóisialachas]]
[[gd:Sòisealachd]]