၁၉၉၀: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၄၇ -
 
== မေလ ==
(၂) ရက်။
::*မြန်မာပြည်ရှိ အကျဉ်းထောင် များ၌ နိုင်ငံရေး အကျဉ်းသား များကို ညှဉ်းပမ်း နှိပ်စက်သည့် ကိစ္စနှင့် ပတ်သက်၍ အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးမှ အစီရင်ခံစာ တစောင် ထုတ်ပြန်သည်။ ထို အစီရင်ခံစာတွင် "တပ်မတော်သည် အချုပ်အချယ် မဲ့သော အာဏာဖြင့် ပြည်သူများကို ထင်သလို ဖမ်းဆီးပြီး ခုံရုံးတင် စစ်ဆေးမှု မပြုဘဲ လနှင့် ချီ၍ အကျဉ်းချ ထားခြင်း ပြင်ပနှင့် ဆက်သွယ်ခွင့် မပေးခြင်း၊ ညှဉ်းပမ်း နှိပ်စက်၍ စစ်ဆေး မေးမြန်းခြင်း တို့ကို ပြုလုပ်လျက် ရှိသည်" ဟူ၍ ပါရှိသည်။
 
(၂၄)-(၂၆) ရက်။
::*မြို့နယ်ပေါင်း ၁၂၃ ခုတွင် စစ်အုပ်ချုပ်ရေး ဥပဒေကို ရုပ်သိမ်း လိုက်သည်။ မေလ ၂၇ ရက် ရွေးကောက်ပွဲ နေ့တွင် သတင်း ယူနိုင်ရန် အတွက် နိုင်ငံခြား သတင်းထောက် များကို ဖိတ်ခေါ်မည်ဟု ကြေညာသည်။
 
(၂၇) ရက်။
::*[[ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၀|ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ]]ကို ကျင်းပခဲ့ရာ၊ [[အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်]]သည် မဲဆန္ဒနယ် ၄၄၇ နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၉၂ နယ်၌ အနိုင် ရရှိခဲ့သည်။ အဖွဲ့ချုပ်သည် တနိုင်ငံလုံးတွင် မဲဆန္ဒနယ် ၄၈၅ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိသောကြောင့် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။
::*၁၉၆၀ နှစ်နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပြုလုပ်ခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒ ပေးနိုင်သူ ၈၀ ရာခိုင်နှုန်း နီးပါး မဲပေး ကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲ အရေအတွက် ၇၅ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင် ရလိုက်သည်။
(၂၈) ရက်။
::*အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင် ရရှိကြောင်း နိုင်ငံတော် ငြိမ်/ပိက ကြေညာသော်လည်း အာဏာ လွှဲပြောင်းရေးနှင့် ပတ်သက်၍ တိတိကျကျ မကြေညာ သေးပေ။
(၃၀) ရက်။
::*ဗိုလ်ချုပ်ကြီး စောမောင်က "နိုင်ငံတော် ငြိမ်/ပိ အနေနှင့် တရား ဥပဒေနှင့် အညီ အာဏာ လွှဲပေးမည်။ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှု များကို အာဏာ လွှဲပေးရေးကို နှောင့်ယှက် နိုင်သည်" ဟု ပြောကြားသည်။
(၃၁) ရက်။
::*အမေရိကန် ပြည်ထောင်စု ပြောရေး ဆိုခွင့် ရှိသူက နိုင်ငံတော် ငြိမ်/ပိသည် ရွေးကောက်ပွဲ ရလဒ်များကို မလိုက်နာလျှင် မိမိ အစိုးရ အနေနှင့် စစ်အစိုးရကို ကမာ္ဘ့ အသိုင်းအဝိုင်းမှ ပယ်ရန် အစီအစဉ်များ လုပ်ဆောင် မည်ဟု ပြောကြားသည်။
 
== ဇွန်လ ==
"https://my.wikipedia.org/wiki/၁၉၉၀" မှ ရယူရန်