အင်ဂျင်နီယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - vec:Ingegnere
No edit summary
စာကြောင်း ၁ -
[[File:Dampfturbine_Montage01.jpg | thumb | 300px | [[တာဘိုင်]] တစ်ခု တည်ဆောက်စဉ်]]
အင်ဂျင်နီယာ (engineer) ဆိုသည်မှာ [[အင်ဂျင်နီယာ နည်းပညာ]] (engineering) တစ်ခုခုဖြင့် အသက်မွေးဝမ်းကြောင်းပြုသူကို ဆိုသည်။ အင်ဂျင်နီယာများသည် [[သင်္ချာ]] နှင့် [[သိပ္ပံ]] အသိပညာ များကိုသုံး၍ နည်းပညာ အခက်အခဲများကို ကျော်လွှားကာ ကုန်ကျစရိတ် သက်သာပြီး အန္တရာယ် ကင်းသော ဖြေရှင်းချက်များကို ဖော်ထွင်းကာ လက်တွေ့ ပြဿနာများကို ဖော်ထွင်းသည်။ ထို့ကြောင့် အင်ဂျင်နီယာများ၏ အလုပ်သည့်အလုပ်သည် လူ့အဖွဲအစည်း နှင့် စီးပွားဖြစ် ထုတ်ကုန်လုပ်ငန်းတို့ကို ဆက်စပ်ပေးသူဖြစ်သည်။ အချို့သူများသည် အင်ဂျင်နီယာ ကို [[အနုပညာ]]နှင့် သင်္ချာပညာကို ပေါင်းစပ်ပေးသူဟုလည်း မြင်ကြသည်။
 
== လူ့အဖွဲ့အစည်းတွင် ==
 
အင်ဂျင်နီယာများသည် စက်ဒီဇိုင်း၊ သုသေသန နှင့် စက်ထုပ်လုပ်ခြင်းများသာမက ကုန်ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်း နှင့်စမ်းသပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများတွင်ပါ ပါတွင်သည်။ အင်ဂျင်နီယာများသည် မည့်သည့်အတွက်ကြောင့်မည်သည့်အတွက်ကြောင့် စက်ပျက်သည်များကို၎င်း၊ ကုန်ထုတ်လုပ်ခြင်းများတွင် အရည်အသွေးမှီရန် ကြီးကြပ်ကွက်ကွဲခြင်းများတွင်၎င်း၊ စက်အသစ်များကို စမ်းသပ်ခြင်းတွင်၎င်း အဓိက ပါဝင်ကြသည်။ အင်ဂျင်နီယာများသည် လုပ်ငန်းတစ်ခုအတွက် မည်မျှကြာမည်၊ မည်မျှ ကုန်ကျမည်ကိုလည်းမည်မျှကုန်ကျမည်ကိုလည်း တွက်ချက်ပေးကြသည်။ အချို့သည် အုပ်ချုပ်ရေးနှင့် အရောင်းဌာနများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်ကြသည်။ အရောင်းဌာနတွင် အင်ဂျင်နီယာများသည် ဝယ်ယူသူတို့အတွက် [[နည်းပညာ]]၊ ကြိုတင်ခန့်မှန်းခြင်း၊ တပ်ဆင်ခြင်း နှင့် အသုံးပြုခြင်းတို့တွင် ပါဝင် ဆွေးနွေးသည်။
 
== မြို့ပြအင်ဂျင်နီယာ ==
စာကြောင်း ၁၃ -
လုပ်ငန်းခွင်တခုအား စီမံကိန်းချရန်နှင့် ဒီဇိုင်းလုပ်ရန်အတွက် အင်ဂျင်နီယာသည် လုပ်ငန်းခွင်နေရာကို လက်တွေ့လေ့လာဖို့လိုသည် (ဥပမာ- လုပ်ငန်း ဆောက်လုပ်မည့်နေရာ၏ မြေအမျိုးအစား၊ ဆောက်လုပ်မည့် လုပ်ငန်းအတွက် လိုအပ်သော အရင်းအမြစ်၊ အသုံးပြုမည့် ပစ္စည်းများ ရရှိနိုင်မည့် နေရာ၊ စသည်..)။ ယင်းလေ့လာချက်များအပေါ် မူတည်ပြီး စီမံကိန်းကို မှန်ကန်လျင်မြန်စွာ အတည်ပြု ဆုံးဖြတ်ချက် ချရမည်။ သို့မှသာ လုပ်ငန်း လိုအပ်ချက်များနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအတွက် အကောင်းဆုံး ပြင်ဆင် ဆောင်ရွက်နိုင်ပေမည်။ ထို့အပြင် အရေးပါသော အခြားလိုအပ်ချက်တစ်ခုမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တို့၏ ညွှန်ကြားချက်ကို လိုက်နာရန်ဖြစ်ပြီး စီမံကိန်း ခွင့်ပြုချက် ရယူထားရမည်။ ၄င်းအပြင် စီမံကိန်း ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်မှုနှင့် လုပ်ငန်းခွင် ရည်မှန်းချက်၊ ပြီးစီးမှု အခြေအနေများအား ဂရုပြု မှတ်တမ်းတင်ရမည်။
 
စီမံကိန်း လုပ်ငန်းခွင်များအား အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် မြို့ပြအင်ဂျင်နီယာများသည် မြို့ပြ အင်ဂျင်နီယာမြို့ပြအင်ဂျင်နီယာ ဘာသာခွဲများဖြစ်သည့် ဒီဇိုင်းအင်ဂျင်နီယာများ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ ရေအရင်းအမြစ် ဆိုင်ရာ အင်ဂျင်နီယာများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အင်ဂျင်နီယာများ၊ ဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာများ ကဏ္ဍအလိုက် စုဖွဲ့ပြီး ဆောင်ရွက်သကဲ့သို့၊ အခြား သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ အင်ဂျင်နီယာများ၊ ပညာရှင်များနှင့်လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရပါသည်။
 
မြို့ပြလုပ်ငန်းခွင်သည် လူထုအတွက် သက်သာချောင်ချိစေရန်နှင့် ဘေးအန္တရာယ် ကင်းဝေးစေရန် အလုံးစုံတာဝန်ယူမှု ရှိရမည်။ မြို့ပြအင်ဂျင်နီယာများ၏ လက်ဆွဲထားသည့် လုပ်ငန်းခွင် ဆောင်ပုဒ်မှာ အန္တရာယ် ကင်းရှင်းရေးသည် ပထမ (safety first) ဖြစ်သည်။ မြို့ပြလုပ်ငန်းခွင်တိုင်းတွင် လိုအပ်သော ကြိုတင် ကာကွယ်မှုများနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိရမည် (လူနေအဆောက်အဦး ဆောက်လုပ်ရေးအတွက် လိုအပ်သော စည်းကမ်းများ၊ လမ်းဖောက်လုပ်ရေးတွင် လိုအပ်သော စည်းကမ်းများ၊ ဆည်လုပ်ငန်းအတွက် လိုအပ်သော စည်းကမ်းများ စသည်....)။