ရာရှစ်၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ဦးရာရှစ်သည် အိန္ဒိယ အမျိုးသား တဦး ဖြစ်သည်။ မြန်မာ တိုင်းရင်းသား အဖြစ် ခံယူ ထားသူ ဖြစ်၏။ အိန္ဒိယ အမျိုးသား တဦးအား တကသ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်းသည် သမဂ္ဂ၌ လူမျိုးရေး ခွဲခြားမှု မရှိခြင်း၊ ခေါင်းဆောင် နိုင်သူကို ခေါင်းဆောင် နေရာ၌ ပေးအပ်ခြင်းကို ပြသခြင်း ဖြစ်သည်။
 
[[File:YarShip.jpg|thumb|ဦးနုနှင့် ဦးရာရှစ်]]
 
ဦးရာရှစ်၏ မွေး သက္ကရာဇ်မှာ ၁၉၁၂ ခုနိုဝင်ဘာလ ၅ ရက်နေ့တွင် အဖ Mr. M. A. Sakur၊ အမိ Ahmadi Begum တို့က အိန္ဒိယနိုင်ငံ Alahabad မြို့မှာ မွေးဖွား ခဲ့သည်။ ရန်ကုန်မြို့ Randaria အထက်တန်း ကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာ သိပ္ပံ ဘွဲ့နှင့် ဥပဒေ ဘွဲ့များကို ရရှိသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး အတွင်းရေးမှူး ဖြစ်၏။ ၁၉၃၅ - ၃၆ ခုတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်၍ ၁၉၃၆ - ၃၇ ခုတွင် တကသ ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။