မင်းခေါင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၉ -
| မိဘအမည် = ဦးသောကြာ + ဒေါ်ကြော့
| နိုင်ငံသား = [[File:Flag of Myanmar.png |25px ]]
| လူမျိုး = မြန်မာမြန်မာd
| ကိုးကွယ်သည့်ဘာသာ = ဗုဒ္ဓဘာသာ
| မွေးဖွားရာဒေသ = ကြို့ပင်ကောက်မြို့
စာကြောင်း ၂၂ -
}}
== ကိုယ်ရေးဖြစ်စဉ် ==
လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်နှင့် နိုင်ငံ့ဂုဏ်ရည် ပထမဆင့်ရ ဝန်ကြီးဟောင်း ဗိုလ်မှူး ဗိုလ်မင်းခေါင်သည် ၁၉၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကြို့ပင်ကောက်မြို့၌ အဖ ဦးသောကြာ၊ အမိ ဒေါ်ကြော့တို့မှ မွေးဖွားသော အထွေးဆုံး သားဖြစ်သည်။ ကြို့ပင်ကောက်မြို့ အမျိုးသား အထက်တန်းကျောင်းတွင် စတင် ပညာသင်ခဲ့သည်။ ထို့နောက် [[ရန်ကုန်မြို့ ]][[မြို့မ အမျိုးသား အထက်တန်းကျောင်းသို့အထက်တန်းကျောင်း]]သို့ ပြောင်းရွှေ့ပြီး ၁ဝ တန်း အောင်မြင်သည် အထိ ပညာ ဆည်းပူးခဲ့သည်။ ငယ်နာမည်မှာ မောင်စောလွင် ဖြစ်သည်။
 
၁၉၃၆ ခုနှစ်၊ ကျောင်းသား သပိတ်တွင် လူငယ် ခေါင်းဆောင် တဦးအဖြစ် ကြို့ပင်ကောက်မြို့မှ ပါဝင်ခဲ့ပြီး နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၃၈ ခုနှစ်၊ ကျောင်းသားသပိတ်တွင် သာယာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ တို့ဗမာ အစည်းအရုံးဝင် အမှုဆောင် တဦးလည်း ဖြစ်သည်။ ထိုကာလမှ စ၍ သခင်စောလွင် အဖြစ် လွတ်လပ်ရေး ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။