မြင့်သန်း၊ ဒေါ် (ကထိက): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ဆရာမကြီး ကထိက ဒေါ်မြင့်သန်း ကို သူဌေး ဦးကြင်သိန်း၊ ဒေါ်မမကြီးတို့က ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။ အမည်ရင်း ဒေါ်မြင့်သန်း ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး စာပေ နှင့် မြန်မာ စာပေ တိုးတက် ဖွံ့ဖြိုး ရေးတို့တွင် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက် ခဲ့သော မြန်မာစာပေ ပညာရှင် ဆရာမကြီးဖြစ်သည်။ ၂၀ ရာစု မြန်မာစာပေ သမိုင်းတွင် လွန်စွာ ထင်ရှားသည်။
 
၁၉၄၁ ခုနှစ်တွင် မြို့မ အမျိုးသမီး အထက်တန်းကျောင်း [[ရန်ကုန်မြို့]][[မြို့မ အထက်တန်းကျောင်း]](မြို့မ တိုင်းရင်းသူ အထက်တန်းကျောင်းမှ) ဆယ်တန်းအောင်ပြီး ရန်ကုန် တက္ကသိုလ်သို့ တတ်ရောက်နေစဉ် ဒုတိယ ကမ္ဘာ စစ်ကြီး ဖြစ်လာသဖြင့် ပညာသင်ပျက်ခဲ့ရသည်။ စစ်ကြီးအပြီး ၁၉၄၅ ခုနှစ်တွင် အရေးပေါ် တက္ကသိုလ်သို့ (E.U.C.) နှင့် ရန်ကုန် တက္ကသိုလ်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် မြန်မာဝိဇ္ဇာ ဂုဏ်ထူးတန်း (ပထမတန်း) (First Class) ဖြင့် အောင်သည်။ ထိုနှစ်၌ပင် ရန်ကုန် တက္ကသိုလ်တွင် အချိန်ပြည့် နည်းပြအဖြစ် အမှုထမ်းသည်။ နောက်တနှစ် ၁၉၅၀ ပြည့်နှစ်တွင် လက်ထောက် ကထိက ဖြစ်သည်။ မဟာဝိဇ္ဇာ ဂုဏ်ထူးတန်းကို ဂုဏ်ထူးအမှတ် (Distination) ဖြင့် အောင်မြင်ခဲ့သည်။
 
ရန်ကုန် တက္ကသိုလ်မှ မော်လမြိုင် ကောလိပ်သို့ လက်ထောက် ကထိက အဖြစ်ဖြင့်ပင် တာဝန် ပြောင်းရွှေ့ ထမ်းဆောင်ရပြီး၊ ရန်ကုန် ဆေးသိပ္ပံ (၂)၊ မင်္ဂလာဒုံသို့ လည်းကောင်း၊ ပညာရေး တက္ကသိုလ် (ရန်ကုန်)၊ ပုသိမ် ကောလိပ်သို့ လည်းကောင်း၊ ကထိက ဌာနမှူး အဖြစ် တာဝန် ပြောင်းရွှေ့ ထမ်းဆောင်ရသည်။ ၁၉၇၇ မှ ၁၉၈၅ ခုတွင် ရန်ကုန် တက္ကသိုလ်သို့ ကထိက အဖြစ် ပြန်လည် ရောက်ရှိပြီး ၁၉၈၅ တွင် သက်ပြည့် အငြိမ်းစား ယူခဲ့သည်။