ဂျာနယ်ကျော် မမလေး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၄ -
}}
== ဂျာနယ်ကျော် မမလေး [၁၉၁၇ - ၁၉၈၂] ==
မမလေးကို [[ဧရာဝတီတိုင်း]] [[ဖျာပုံ ခရိုင်]] [[ဘိုကလေး မြို့နယ်]] ကမာကလူ ကျေးရွာ၌ အဖ ဒေါ်ဆင်ဘဏ် မန်နေဂျာ ဦးပျားချို၊ အမိ ဒေါ်ကွီ တို့က ၁၉၁၇ ခု ဧပြီလ ၁၃ ရက် သောကြာနေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးဦး အနက် စတုတ္ထမြောက် ဖြစ်သည်။ အမည်ရင်း မတင်လှိုင် ဖြစ်သည်။ ၁၉၂၂ ခုတွင် ဖျာပုံ အေဘီအမ် ကျောင်း၌ အစိုးရကျောင်းမှ ၁၉၂၇ ခုတွင် သတ္တမတန်း အောင်သည်။ ထို့နောက်[[ရန်ကုန်မြို့]][[မြို့မ အထက်တန်းကျောင်း]] ရန်ကုန် မြို့မ အမျိုးသမီး ကျောင်း၌ နဝမတန်း (၁၉၃၂) အထိ ပညာ သင်ကြားခဲ့သည်။ ၁၉၃၈ ခုတွင် မြန်မာ့ အလင်း သတင်းစာ အယ်ဒီတာချုပ်[[ချစ်မောင်၊ ဦး (ဂျာနယ်ကျော်)|ဦးချစ်မောင်]] နှင့် လက်ထပ်သည်။ ၁၉၄၆ ခု ဧပြီလ ၃ ရက်တွင် ခင်ပွန်း ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန်၍ သား နှစ်ဦးနှင့် သမီး တစ်ဦး ကျန်ရစ် ခဲ့သည်။ ၁၉၅၉ ခု မေလ ၁၄ ရက်တွင် ဦးအောင်ဇေယျနှင့် အိမ်ထောင်ပြုသည်။