ဖြူဖြူကျော်သိန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၇ -
 
 
စင်မြင့် ဖျော်ဖြေပွဲ တွေမှာ ထူးခြားတဲ့ Performance တွေနဲ့ ခံစားချက် အပြည့်ဖျော်ဖြေတင်ဆက် တတ်တဲ့ရော့ခ်အဆိုရှင် ဒေါက်တာဖြူဖြူကျော်သိန်းကို ဧပြီလ ၂၂ရက်နေ့မှာ ဖခင်ဦးကျော်သိန်း (ညွှန်မှူး(ငြိမ်း) သမဝါယမဝန်ကြီးဌာန)နဲ့ မိခင် ဒေါ်တင်တင်ကြည် (လက်ထောက် ကထိက(ငြိမ်း)စီးပွားရေးတက္ကသိုလ်) တို့က ရန်ကုန်အမျိုးသမီး ဆေးရုံကြီး မှာ သမီးကြီးညိုညိုသိန်းနဲ့ ခုနစ်နှစ် ကွာခြားတဲ့ ဒုတိယသမီးထွေး ဖြူဖြူသိန်းအဖြစ် မွေးဖွားခဲ့ပါတယ်။ သူမရဲ့ဖခင်ဖြစ်သူက အစိုးရ ဝန်ထမ်း ဖြစ်တာကြောင့် နယ်ဒေသ တွေမှာ တာဝန်နဲ့ သွားရောက်ခဲ့ရပေမယ့် သူမရဲ့မိခင်ဖြစ်သူက တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်တာ ကြောင့် မိခင်နဲ့အတူ ဖြူဖြူတို့ ညီအစ်မနှစ်ယောက် ရန်ကုန်မြို့မှာပဲ နေထိုင်ကြီးပြင်းခဲ့ပါတယ်။ သူမက သူငယ်တန်းနဲ့ ဒုတိယတန်း ပညာသင်ယူမှု တွေကို အ. မ. က (၁၆) စမ်းချောင်း မှာတက်ရောက်ခဲဲ့ပြီး တတိယတန်း ကနေ ဒသမတန်းပညာ အောင်မြင်သည်အထိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း([[TTC)]] ကမာရွတ်မှာ တက်ရောက်သင်ယူခဲ့သူပါ။
 
''ဖြူဖြူတို့က ပညာရေးကို အားပေးတဲ့ မိသားစုဖြစ်တဲ့အတွက် ဖြူဖြူငယ်ငယ်က ပညာရေးကိုပဲ အဓိက လုပ်ဖြစ်ခဲ့တယ်။ ကျောင်းသားဘဝမှာ အမှတ်အရဆုံး အချိန်တွေက စာကျက်ချိန်၊စာမေးပွဲဖြေချိန်၊ ဆုယူချိန်၊ အမှတ်ထွက်တဲ့ အချိန်တွေနဲ့ ပထမ၊ ဒုတိယ၊တတိယထွက်တဲ့ အချိန်တွေ အရမ်းရင်ခုန်ရတယ်။တဖြေး ဖြေးနဲ့ အသက်ကြီးလာတဲ့ အချိန်ကြမှ ဘဝမှာ အရေးပါတဲ့ အခြားအရာတွေ အများကြီးရှိမှန်း ဘဝအတွေ့အကြုံတွေအရ သိလာရတာ''လို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။