မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
'''မြို့မကျောင်း''' သည် ရန်ကုန်မြို့တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ဗဟန်း မြို့နယ်တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော [[အမျိုးသားကျောင်း]] ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မြို့မ အမျိုးသားကျောင်း နှင့် အမျိုးသားကျောင်း အမြုတေများကို အမြို့ မြို့ရှိ ဝံသာနုကြီးများ၏ စေတနာ သဒ္ဓါတရား အကြောင်းပြု၍ တမုဟုတ်ချင်း ပျံ့နှံ့ပေါ်ထွက်လျက်၊ နွေရာသီ စာမေးပွဲများအမှီ ကျောင်းသားလူငယ်အပေါင်း ဆက်လက် ပညာသင်ကြားနိုင်ရန် အခွင့်အရေးရခဲ့ကြ၏။ နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များမှသည် မြို့မ အမျိုးသား အထက်တန်းကျောင်းပေါ်ထွက်လာခဲ့သည်။ မြို့မ ကျောင်းအုပ်ဆရာကြီးဦးဘလွင် သည် လွန်စွာထင်ရှားသည်။ ငယ်စဉ်ကပင် လူချစ်လူခင်များ၍ စည်းရုံးရေး ထူးချွန်လှရာ 'ငွေဖလားဘလွင်' ဟု အမည်တွင်သည်။ ဦးဘလွင်၏ ဆောင်ရွက်ချက်များအနက် ကိုလိုနီခေတ်တွင် အစိုးရ အထက်တန်းကျောင်း၊ သာသနာပြု မစ်ရှင်ကျောင်းများနှင့် အပြိုင် မြို့မ အမျိုးသား အထက်တန်းကျောင်း (ယခု ဒဂုံ အထက ၂) ကို ဦးဆောင် တည်ထောင်ခဲ့ခြင်းသည် ထင်ရှားလှသည်။ မြို့မကျောင်းကို ဗဟန်းမြို့နယ် မှသည် လမ်းမတော် မြို့နယ်၊ လမ်းမတော် မြို့နယ် မှသည် ဒဂုံ မြို့နယ်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ မြိုမ အမျိုးသားကျောင်းကြီးသည် ကျောင်းအဆောက်အအုံ ထည်ဝါရုံမျှမက ပညာရေး၊ စည်းကမ်း၊ စိတ်ဓာတ် တို့တွင်ပါ အလွန်ထင်ရှား အောင်မြင်ခဲ့ရာ 'မြို့မဖခင် ဦးဘလွင်' ဟု ဂုဏ်ပြုခဲ့ကြသည်။ မြို့မကျောင်းသစ်ကြီးကို ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် တနင်္လာနေ့ ညနေ ၄း၃ဝ နာရီတွင် အလယ်တောရ ဆရာတော် ဦးကောသလ္လ ကိုယ်တိုင် ပန္နက်ချပေးခဲ့သည်။
 
၁၉၃၆ ခုနစ်တွင်ခုနစ် ဩဂုတ်လ (၇)ရက်တွင် မြို့မကျောင်း၌ အမျိုးသားတက္ကသိုလ် ဖွင့်လှစ်ခဲ့ရာ [[ဆာဦးသွင်]]၊ [[ပန်းကန်စက်ဦးသော်]]၊ ပညာဝန်ဦးဖိုးကျား၊[[ မြို့မ ဦးဘလွင်]]၊ သခင်အောင်ဆန်း ([[ဗိုလ်ချုပ်အောင်ဆန်း]]) နှင့် [[ဦးနု]] (ဝန်ကြီးချုပ်) တို့ ဦးဆောင်ခဲ့ကြသည်။
 
== နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များမှသည် မြို့မ အမျိုးသား အထက်တန်းကျောင်းပေါ်ထွက်လာခဲ့သည်။ ==